ဟေရှာယ ၈:၁-၂၂

  • အဆီးရီးယားတွေ ဝင်ရောက်ကျူးကျော် (၁-၈)

    • မဟေရရှာလ လဟာရှဗတ် (၁-၄)

  • မကြောက်နဲ့—“ငါတို့နဲ့အတူ ဘုရားသခင်ရှိတယ်” (၉-၁၇)

  • ဟေရှာယနဲ့ သားသမီးတွေ နိမိတ်ဖြစ် (၁၈)

  • နတ်ဆိုးတွေကိုမဟုတ်၊ ပညတ်တော်ကို အားကိုးသင့် (၁၉-၂၂)

၈  ယေဟောဝါက ငါ့ကို “သင်ပုန်းကြီးတစ်ခု  ယူပြီး+  ‘မဟေရရှာလ လဟာရှဗတ်’* ဆိုတဲ့ စာသားကို ရိုးရိုးကလောင်တံနဲ့ ရေးပါ။ ၂  ပုရောဟိတ်ဥရိယနဲ့+ ယေဗာရခိရဲ့သား ဇာခရိတို့ကို စိတ်ချရတဲ့သက်သေအဖြစ် ထားပြီး အဲဒီစာသားကို ရေးပါ” လို့ပြောတယ်။ ၃  အဲဒီနောက် ငါက ဇနီးသည် ပရောဖက်မနဲ့ အတူနေတဲ့အခါ သူ့မှာ ကိုယ်ဝန်ရှိပြီး  သားလေးမွေးလာတယ်။+ အဲဒီအခါ ယေဟောဝါက “မဟေရရှာလ လဟာရှဗတ်လို့ နာမည်ပေးလိုက်ပါ။ ၄  မင်းရဲ့သားက ‘အဖေ၊’ ‘အမေ’ လို့ မခေါ်တတ်ခင်မှာ လူတွေက ဒမတ်စကတ်မြို့ရဲ့ ပစ္စည်းဥစ္စာတွေနဲ့ ရှမာရိမြို့ရဲ့ တိုက်ရာပါဥစ္စာတွေကို အဆီးရီးယားဘုရင်ဆီ သိမ်းသွားကြလိမ့်မယ်”+ လို့ပြောတယ်။ ၅  ငါ့ကို ယေဟောဝါ ထပ်ပြောတယ်–  ၆  “ဒီလူမျိုးက ညင်ညင်သာသာ စီးဆင်းနေတဲ့ ရှိလောအာ*+ ချောင်းရေကို ပစ်ပယ်ပြီးရေဇိန်နဲ့ ရေမလိရဲ့သားကြောင့် ဝမ်းမြောက်နေတယ်။+  ၇  ဒါကြောင့် ငါယေဟောဝါက သူတို့ကိုတိုက်ဖို့မြစ်ကြီးရဲ့* မာန်ဟုန်ပြင်းတဲ့ ရေနဲ့တူတဲ့အဆီး ရီးယားဘုရင်နဲ့+ သူ့ရဲ့ အစွမ်းခွန်အားရှိသမျှကို ခေါ်လာမယ်။ သူကမြစ်ကမ်းပါး ကျော်တဲ့အထိ လျှံတက်လာပြီးဒလဟောစီးတဲ့ ရေလုံးကြီးလို တစ်ဟုန်ထိုး ချီတက်လာမယ်။  ၈  အဲဒီနောက် ယုဒပြည်ကို တိုက်ချလိမ့်မယ်။ သူဟာ တစ်ပြည်လုံးကို လွှမ်းမိုးပြီး လည်ပင်းအထိ တက်လာတဲ့ရေလို ဖြစ်သွားမယ်။+ သူ့ရဲ့တောင်ပံတွေက တစ်ပြည်လုံးကို အုပ်မိုးလိမ့်မယ်။ အို ဧမာနွေလ။”*+  ၉  လူမျိုးတို့၊ လာတိုက်ခိုက်ကြလေ။ ဒါပေမဲ့ မင်းတို့ တစ်စစီ ဖျက်ဆီး ခံရမယ်။ ရပ်ဝေးဒေသက လူအပေါင်းတို့၊ နားထောင်ကြ။ စစ်တိုက်ဖို့ အသင့်ပြင်ကြ။ ဒါပေမဲ့ မင်းတို့ တစ်စစီ ဖျက်ဆီးခံရမယ်။+ စစ်တိုက်ဖို့ အသင့်ပြင်ကြ။ ဒါပေမဲ့ မင်းတို့ တစ်စစီ ဖျက်ဆီးခံရမယ်။ ၁၀  စစ်ဗျူဟာ ခင်းကြ။ ဒါပေမဲ့ အဲဒီစစ်ဗျူဟာ ပျက်လိမ့်မယ်။ ကြိုက်သလို စီစဉ်ကြ။ ဒါပေမဲ့ အဲဒီအစီအစဉ် အောင်မြင်မှာ မဟုတ်ဘူး။ ငါတို့နဲ့အတူ ဘုရားသခင်ရှိတယ်။+ ၁၁  ငါ့ကို ယေဟောဝါ စကားပြောတဲ့အခါ အားကြီးတဲ့ လက်ရုံးတော်က ငါ့အပေါ် သက်ရောက်လာတယ်။ ဒီလူတွေရဲ့ လမ်းစဉ်အတိုင်း မလိုက်ဖို့ သတိပေးတဲ့အနေနဲ့ ငါ့ကို ဘုရားပြောတာက– ၁၂  “ပူးပေါင်းကြစို့ဆိုပြီး လူတွေပြောတဲ့အခါ ဟုတ်တယ်၊ ပူးပေါင်းကြစို့ဆိုပြီး မင်း လိုက်မပြောပါနဲ့။ သူတို့ ကြောက်တဲ့အရာကို လိုက်မကြောက်နဲ့။ မတုန်လှုပ်နဲ့။ ၁၃  ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါတစ်ပါးပဲ သန့်ရှင်းမြင့်မြတ်တယ်ဆိုတာ သတိရပါ။+ မင်း ကြောက်ရွံ့ရိုသေရမယ့်သူ၊မင်း ကြောက်ရွံ့တုန်လှုပ်ရမယ့်သူဟာ ဘုရားသခင်ပဲ။”+ ၁၄  ဘုရားသခင်ဟာ သန့်ရှင်းရာဌာနတော်လို ဖြစ်လာမယ်။ ဒါပေမဲ့ အစ္စရေးနှစ်မျိုးစလုံးအတွက်ခလုတ်တိုက်လဲစေတဲ့ ကျောက်၊+တိုက်မိစေတဲ့ ကျောက်ဆောင်လို ဖြစ်လိမ့်မယ်။ ဂျေရုဆလင် မြို့သူမြို့သားတွေအတွက်ထောင်ချောက်လို၊ ကျော့ကွင်းလို ဖြစ်လိမ့်မယ်။ ၁၅  လူများစွာ တိုက်မိလို့ လဲကျပြီး ကျိုးပဲ့ပျက်စီးမယ်။ ထောင်ချောက်မိပြီး အဖမ်းခံရလိမ့်မယ်။ ၁၆  သက်သေခံချက် ကျမ်းလိပ်ကို ပိတ်လိုက်ပါ။ ပညတ်ကို ငါ့တပည့်တွေဆီမှာ တံဆိပ်ခတ်လိုက်ပါ။ ၁၇  ယာကုပ်အမျိုးကို မျက်နှာလွှဲလိုက်တဲ့+ ယေဟောဝါကို ငါမျှော်လင့်စောင့်စားနေမယ်။+ ဘုရားကိုပဲ မျှော်လင့်နေမယ်။ ၁၈  ယေဟောဝါ ပေးသနားထားတဲ့ ငါ့ကလေးတွေနဲ့ ငါဟာ+ အစ္စရေးပြည်အတွက် နိမိတ်တွေ၊+ အံ့ဖွယ်အမှုတွေပဲ။ ဇိအုန်တောင်မှာ စံမြန်းတဲ့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဆီက နိမိတ်တွေ၊ အံ့ဖွယ်အမှုတွေပဲ။ ၁၉  “မန်းမှုတ်ရွတ်ဆိုတတ်တဲ့ နတ်ကတော်တွေ၊ ဗေဒင်ဆရာတွေကို မေးကြည့်ပါလား” လို့ ပြောကြရင်တောင် လူတွေက ကိုယ်ကိုးကွယ်တဲ့ ဘုရားသခင်ကိုပဲ  မေးသင့်တယ်  မဟုတ်လား။ အသက်ရှင်သူတွေအတွက် လူသေတွေကို  မေးသင့်သလား။+ ၂၀  လုံးဝမမေးသင့်ဘူး။ ပညတ်တော်နဲ့ သက်သေခံချက် ကျမ်းလိပ်ကိုပဲ မေးသင့်တာ။ အဲဒီကျမ်းလိပ်မှာ  ပါတဲ့အတိုင်းမပြောရင်  အလင်းရှိမှာ မဟုတ်ဘူး။+ ၂၁  တိုင်းပြည်မှာရှိတဲ့လူတွေ  ဒုက္ခရောက်ပြီး  ဆာဆာလောင်လောင်နဲ့ လျှောက်သွားရလိမ့်မယ်။+ ဆာလောင်လွန်းလို့  ဒေါသထွက်လာတဲ့အတွက် အပေါ်ကိုမော့ကြည့်ပြီး  ရှင်ဘုရင်ကိုရော  ဘုရားသခင်ကိုပါ ကျိန်ဆဲမယ်။ ၂၂  မြေကြီးကို ငုံ့ကြည့်ပြန်တော့လည်း ဒုက္ခနဲ့အမှောင်ထု၊ မရေရာမှုနဲ့ခက်ခဲမှု၊ အုံ့မှိုင်းခြင်းနဲ့ အလင်းရောင် ကင်းမဲ့ခြင်းကိုပဲ တွေ့ရလိမ့်မယ်။

အောက်ခြေမှတ်ချက်များ

“မြန်မြန်လုယက်၊ မြန်မြန်ဖျက်” လို့ဆိုလိုနိုင်။
ရေသွယ်မြောင်း။
ယူဖရေးတီးမြစ်။
အဓိပ္ပာယ်၊ “ငါတို့နဲ့အတူ ဘုရားသခင်ရှိတယ်။”