ဟေရှာယ ၉:၁-၂၁

  • ဂါလိလဲနယ်မှာ တောက်ပတဲ့အလင်း (၁-၇)

    • “ငြိမ်းချမ်းရေးမင်းသား” မွေးဖွား (၆-၇)

  • အစ္စရေးတွေကို ဒဏ်ခတ်ဖို့ လက်ဆန့် (၈-၂၁)

၉  ဒါပေမဲ့ ဒုက္ခရောက်ခဲ့တဲ့ တိုင်းပြည်ဟာ နောက်ပိုင်းမှာ အုံ့မှိုင်းမနေတော့ဘူး။ ဇာဗုလုန်နဲ့ နဿလိနယ်မြေဟာ အရင်တုန်းက အထင်သေးခံခဲ့ရပေမဲ့+ နောက်ပိုင်းမှာ ဘုရားသခင်က ပင်လယ်ကမ်းနားလမ်း၊ ဂျော်ဒန်မြစ်ဝှမ်းဒေသ၊ လူမျိုးခြားတွေနေထိုင်တဲ့ ဂါလိလဲနယ်ကို ဂုဏ်တက်စေမယ်။  ၂  မှောင်မိုက်မှာ သွားလာနေသူတွေတောက်ပတဲ့ အလင်းကို မြင်ရပြီ။ အမှောင်ထု ကြီးစိုးတဲ့ပြည်မှာ နေထိုင်သူတွေအပေါ်အလင်းထွန်းလင်းပြီ။+  ၃  လူမျိုးတော်ကို ကိုယ်တော် တိုးပွားစေပြီ။ အကြီးအကျယ် ဝမ်းမြောက်စေပြီ။ ဒါကြောင့် သူတို့ဟာ ရိတ်သိမ်းချိန်မှာ ရွှင်လန်းတဲ့သူတွေလို၊တိုက်ရာပါဥစ္စာတွေကို တပျော်တပါး ခွဲဝေယူတဲ့သူတွေလိုရှေ့တော်မှာ ဝမ်းမြောက်နေကြပြီ။  ၄  သူတို့ထမ်းထားတဲ့ ထမ်းပိုး၊သူတို့ပခုံးပေါ်က ကြိမ်လုံး၊ အလုပ်ကြီးကြပ်သူရဲ့ တုတ်ကိုမိဒျန်လူမျိုး အရေးနိမ့်ချိန်တုန်းကလို ကိုယ်တော် အပိုင်းပိုင်း ချိုးပစ်တယ်။+  ၅  ကမ္ဘာမြေ တုန်ခါလုမတတ် ချီတက်လာသူတွေရဲ့ ဖိနပ်တွေ၊သွေးစွန်းနေတဲ့ အဝတ်တွေမီးရှို့ဖျက်ဆီးခံရလိမ့်မယ်။  ၆  ငါတို့အတွက် ကလေးတစ်ယောက် မွေးဖွားလာတယ်။+ ငါတို့အတွက် သားတစ်ယောက်ကို ပေးသနားတယ်။ အုပ်ချုပ်ခွင့်အာဏာက သူ့ပခုံးပေါ် ကျရောက်လာမယ်။+ သူ့နာမည်ဟာ အကောင်းဆုံး အတိုင်ပင်ခံ၊+ တန်ခိုးကြီးတဲ့ဘုရား၊+ထာဝရဖခင်၊ ငြိမ်းချမ်းရေးမင်းသား ဖြစ်လိမ့်မယ်။  ၇  သူ့ရဲ့ အုပ်ချုပ်ခွင့်အာဏာနဲ့ ငြိမ်သက်ခြင်းဟာအဆုံးမရှိ တိုးများမယ်။+ ဒါဝိဒ်ရဲ့ ရာဇပလ္လင်ပေါ်မှာ ထိုင်ပြီး+ ဒါဝိဒ်ရဲ့နိုင်ငံကို အုပ်ချုပ်မယ်။ သူ့နိုင်ငံဟာ တရားမျှတခြင်းနဲ့+ ဖြောင့်မတ်ခြင်းအားဖြင့်+အခုကစပြီး ထာဝစဉ် တည်တံ့ခိုင်မြဲမယ်။+ ဗိုလ်ခြေတို့ရဲ့အရှင်၊ စိတ်ထက်သန်တဲ့ဘုရား ယေဟောဝါကဒါကို လုပ်ဆောင်မယ်။  ၈  ယေဟောဝါက ယာကုပ်ဆီ သတိပေးချက်တစ်ခု ပို့လိုက်တယ်။ အစ္စရေးဆီ အဲဒီသတိပေးချက် ရောက်လာတယ်။+  ၉  ဒါကို ဧဖရိမ်နဲ့ ရှမာရိ မြို့သူမြို့သားတွေ အပါအဝင်လူအားလုံး သိရလိမ့်မယ်။ မောက်မာရိုင်းစိုင်းတဲ့ စိတ်နဲ့ သူတို့ပြောတာက– ၁၀  “အုတ်တွေ ပြိုကျသွားရင်ဆစ်ထားတဲ့ ကျောက်တုံးတွေနဲ့ ငါတို့ပြန်ဆောက်မယ်။+ သဖန်းပိုးစာပင်တွေ ခုတ်လှဲခံရရင်အဲဒီနေရာမှာ သစ်ကတိုးပင်တွေ စိုက်မယ်။” ၁၁  ယေဟောဝါက ရေဇိန်ကိုတိုက်ဖို့ ရန်သူတွေကို ထကြွစေမယ်။ သူ့ကိုတိုက်ဖို့ ရန်သူတွေကို လှုံ့ဆော်မယ်။ ၁၂  အရှေ့ဘက်ကနေ ဆီးရီးယားတွေ၊ အနောက်ဘက်ကနေ ဖိလိတိတွေ+ပါးစပ်ဟပြီး အစ္စရေးကို ဝါးမျိုမယ်။+ ဒါတောင် ဘုရားက အမျက်မပြေဘူး။ ဒဏ်ခတ်ဖို့ လက်ကို ဆန့်မြဲဆန့်ထားတယ်။+ ၁၃  ဒါပေမဲ့ လူတွေက ဒဏ်ခတ်တဲ့အရှင်ဆီ ပြန်မလာကြဘူး။ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါကို မရှာဖွေကြဘူး။+ ၁၄  ယေဟောဝါက အစ္စရေးပြည်မှာရှိတဲ့ ခေါင်းပိုင်းနဲ့ အမြီးပိုင်းကို၊အညွန့်နဲ့ ကိုင်းပင်တွေကို* တစ်နေ့တည်းမှာ ဖြတ်ပစ်မယ်။+ ၁၅  အကြီးအကဲတွေ၊ ဂုဏ်အသရေရှိ လူကြီးမင်းတွေဟာ ခေါင်းပိုင်းပဲ။ သွန်သင်ချက်အမှားကို ပေးတဲ့ ပရောဖက်တွေဟာ အမြီးပိုင်းပဲ။+ ၁၆  ဦးဆောင်လမ်းပြသူတွေက လမ်းလွဲစေတယ်။ လမ်းပြခံရသူတွေ စိတ်ရှုပ်ထွေးနေတယ်။ ၁၇  ဒါကြောင့် ယေဟောဝါက လူငယ်လူရွယ်တွေကို မနှစ်သက်ဘူး။ မိဘမဲ့ကလေးတွေနဲ့ မုဆိုးမတွေကို ကရုဏာပြမှာ မဟုတ်ဘူး။ သူတို့အားလုံး အယူဖောက်ပြန်သူတွေ၊ လူယုတ်မာတွေပဲ။+ အဓိပ္ပာယ်မရှိတဲ့ စကားကိုပဲ ပြောနေကြတယ်။ ဒါတောင် ဘုရားက အမျက်မပြေဘူး။ ဒဏ်ခတ်ဖို့ လက်ကို ဆန့်မြဲဆန့်ထားတယ်။+ ၁၈  ဆိုးညစ်မှုက မီးလို တောက်လောင်ပြီးဆူးချုံတွေ၊ ပေါင်းပင်တွေကို ဝါးမျိုပစ်တယ်။ တောချုံတွေ မီးစွဲလောင်ပြီးမီးခိုးလုံးတွေနဲ့အတူ ပါသွားမယ်။ ၁၉  ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့ အမျက်ကြောင့်တိုင်းပြည်ဟာ မီးလောင်ကျွမ်းမယ်။ လူတွေဟာ လောင်စာဖြစ်သွားမယ်။ ညီရင်းအစ်ကို အချင်းချင်းကိုတောင် ချမ်းသာပေးကြမှာ မဟုတ်ဘူး။ ၂၀  လူတွေက ညာဘက်မှာရှိတဲ့ အသားကို လှီးစားပေမဲ့ဆာလောင်နေတုန်းပဲ။ ဘယ်ဘက်မှာရှိတဲ့ အသားကို စားပေမဲ့ဗိုက်ဝမှာ မဟုတ်ဘူး။ ကိုယ့်လက်မောင်းသားကို ပြန်စားရလိမ့်မယ်။ ၂၁  မနာရှေက ဧဖရိမ်ကို ဝါးမျိုမယ်။ ဧဖရိမ်က မနာရှေကို ဝါးမျိုမယ်။ သူတို့ပူးပေါင်းပြီး ယုဒကို တိုက်ခိုက်မယ်။+ ဒါတောင် ဘုရားက အမျက်မပြေဘူး။ ဒဏ်ခတ်ဖို့ လက်ကို ဆန့်မြဲဆန့်ထားတယ်။+

အောက်ခြေမှတ်ချက်များ

“စွန်ပလွံပင်နဲ့ ကျူပင်တွေကို” လည်းဖြစ်နိုင်။