ဟောရှေ ၁၁:၁-၁၂
၁၁ “အစ္စရေးကို သူငယ်ငယ်ကတည်းက ငါချစ်ခဲ့တယ်။+
ငါ့သားကို အီဂျစ်ပြည်ကနေ ငါခေါ်ခဲ့တယ်။+
၂ သူတို့* ခေါ်လေလေ
အစ္စရေးက ပြေးလေလေပဲ။+
ဗာလရုပ်တုတွေဆီ ပူဇော်မြဲပူဇော်တယ်။+
ရုပ်တုတွေဆီ ပူဇော်သက္ကာတွေ ဆက်သတယ်။+
၃ ဒါပေမဲ့ ဧဖရိမ်ကို လမ်းလျှောက်တတ်အောင် ငါသင်ပေးခဲ့တယ်။+ ရင်ခွင်ထဲ ချီပိုက်ခဲ့တယ်။+
သူတို့ကတော့ ငါကုသပေးခဲ့မှန်း အသိအမှတ် မပြုကြဘူး။
၄ လူတွေသုံးတဲ့ကြိုး၊* မေတ္တာကြိုးနဲ့ သူတို့ကို ငါ အမြဲဆွဲငင်ခဲ့တယ်။+
သူတို့ပခုံး* ပေါ်က ထမ်းပိုးကို ဖယ်ပေးပြီးတစ်ယောက်စီကို ညင်ညင်သာသာ အစာကျွေးခဲ့တယ်။
၅ သူတို့က ငါ့ဆီ ပြန်မလာတဲ့အတွက်+ အီဂျစ်ပြည်ကို ပြန်သွားရမှာ မဟုတ်ဘူး။
အဆီးရီးယားက သူတို့ကို အုပ်စိုးရလိမ့်မယ်။+
၆ သူ့ရဲ့မြို့တွေပေါ် ဓားဘေး ကျရောက်လိမ့်မယ်။+
သူတို့ရဲ့ အကြံအစည်တွေကြောင့် မြို့ကန့်လန့်ကျင်တွေကို ဖျက်ဆီးပြီး သူတို့ကို ဝါးမျိုပစ်မယ်။+
၇ ငါ့လူတွေက ငါ့ကို တအားသစ္စာဖောက်ချင်ကြတယ်။+
အထက်အရပ်ဆီ* သွားဖို့ ပရောဖက်တွေခေါ်ပေမဲ့ တစ်ယောက်မှ မထကြဘူး။
၈ အို ဧဖရိမ်၊ မင်းကို ငါစွန့်လွှတ်ရက်ပါ့မလား။+
အို အစ္စရေး၊ မင်းကို ရန်သူ့လက်ထဲ အပ်ရက်ပါ့မလား။
မင်းကို အာဒမာမြို့လို ဖြစ်သွားအောင် လုပ်ရက်ပါ့မလား။
ဇေဘိုင်မြို့ကို လုပ်ခဲ့သလို လုပ်ရက်ပါ့မလား။+
ငါ့စိတ် ပြောင်းသွားပြီ။
သနားစာနာစိတ်တွေ တဖွားဖွားပေါ်နေပြီ။+
၉ ဒေါသကို ငါ မဖွင့်ချတော့ဘူး။
ဧဖရိမ်ကို နောက်ထပ် မဖျက်ဆီးတော့ဘူး။+
ငါဟာ လူမှမဟုတ်တာ၊ ဘုရားသခင်ပဲ။
မင်းနဲ့အတူရှိနေတဲ့ သန့်ရှင်းတဲ့အရှင်ပဲ။
မင်းဆီကို အမျက်ဒေါသနဲ့ ငါလာမှာမဟုတ်ဘူး။
၁၀ ယေဟောဝါနောက်ကို သူတို့ လိုက်ကြလိမ့်မယ်။ ဘုရားသခင်က ခြင်္သေ့လို ဟိန်းဟောက်လိမ့်မယ်။+
အဲဒီလိုဟိန်းဟောက်တဲ့အခါ ဘုရားရဲ့သားသမီးတွေက ကြောက်ရွံ့တုန်လှုပ်ပြီး အနောက်အရပ်ကနေ ရောက်လာမယ်။+
၁၁ သူတို့ဟာ ငှက်လို ကြောက်ရွံ့တုန်လှုပ်ပြီး အီဂျစ်ပြည်ကနေ ထွက်လာမယ်။
ချိုးငှက်လို အဆီးရီးယားပြည်ကနေ ထွက်လာမယ်။+
ငါက သူတို့ကို အိမ်တွေမှာ အခြေချနေထိုင်စေမယ်” လို့ ယေဟောဝါပြောတယ်။+
၁၂ “ဧဖရိမ်က ငါ့ကို မုသာတွေပဲ ပြောတယ်။
အစ္စရေးအမျိုးက ငါ့ကို လှည့်စားပြောဆိုတယ်။+
ယုဒကတော့ ဘုရားသခင်နဲ့အတူ လျှောက်လှမ်းနေတုန်းပဲ။
အသန့်ရှင်းဆုံးအရှင်ကို သူသစ္စာရှိတယ်။”+