ဟောရှေ ၁၂:၁-၁၄
၁၂ “ဧဖရိမ်က လေကို စားသုံးနေတယ်။
အရှေ့လေနောက်ကို တစ်နေ့လုံး လိုက်နေတယ်။
လိမ်ညာမှုတွေ၊ အကြမ်းဖက်မှုတွေကို များပြားစေတယ်။
အဆီးရီးယားနဲ့ ကတိသစ္စာပြုတယ်။+ အီဂျစ်ပြည်ကို ဆီတွေ သယ်သွားတယ်။+
၂ ယေဟောဝါက ယုဒကို တရားစွဲဆိုတယ်။+
ယာကုပ်ကို သူ့လမ်းစဉ်တွေအတွက်ဖြေရှင်းချက်တောင်းတယ်။
သူလုပ်ခဲ့တဲ့အတိုင်း ပြန်ပေးဆပ်ရလိမ့်မယ်။+
၃ ယာကုပ်က မိခင်ဝမ်းထဲမှာ အစ်ကို့ဖနောင့်ကို ကိုင်ထားတယ်။+
အားကုန်သုံးပြီး ဘုရားသခင်နဲ့ ယှဉ်ပြိုင်ခဲ့တယ်။+
၄ ကောင်းကင်တမန်နဲ့ ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တယ်။
မျက်နှာသာရဖို့ ငိုပြီးအသနားခံခဲ့တယ်။”+
ဘုရားသခင်က ဗေသလမြို့မှာ သူနဲ့တွေ့တဲ့အခါ ငါတို့အကြောင်း ပြောခဲ့တယ်။+
၅ ယေဟောဝါဟာ ဗိုလ်ခြေတို့ရဲ့ ဘုရားသခင်ပဲ။+
နာမတော်ဟာ ယေဟောဝါပဲဆိုတာ လူတွေ သိမှတ်ကြပါစေ။+
၆ “ဒါကြောင့် ဘုရားသခင်ဆီ ပြန်လာကြ။+
ခိုင်မြဲတဲ့မေတ္တာနဲ့ တရားမျှတမှုကို စောင့်ထိန်းကြ။+
ဘုရားသခင်ကို အမြဲမျှော်လင့်ကြ။
၇ ကုန်သည်တွေကတော့ မမှန်တဲ့ချိန်ခွင်ကို သုံးကြတယ်။
ဖြတ်စားလျှပ်စား လုပ်ချင်ကြတယ်။+
၈ ဧဖရိမ်က ‘ငါသူဌေးဖြစ်ပြီ။+ စည်းစိမ်ဥစ္စာတွေ စုဆောင်းမိပြီ။+
ငါပင်ပင်ပန်းပန်း ရှာဖွေထားတာတွေကို ကြည့်လိုက်ရင်မတရားတာ၊ မှားနေတာ တစ်ခုမှတွေ့မှာ မဟုတ်ဘူး’ လို့ ပြောနေတယ်။
၉ ဒါပေမဲ့ အီဂျစ်ပြည်ကနေ မင်းတို့ ထွက်လာကတည်းက
ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ။+
သတ်မှတ်ထားချိန်မှာလိုပဲ* မင်းတို့ကို တဲတွေမှာ ပြန်နေထိုင်စေမယ်။
၁၀ ငါက ပရောဖက်တွေကို မိန့်မှာခဲ့တယ်။+
စိတ်အာရုံတွေ အများကြီးပေးခဲ့တယ်။
ပရောဖက်တွေကတစ်ဆင့် ပုံဥပမာတွေ ပြောခဲ့တယ်။
၁၁ ဂိလဒ်ပြည်မှာ လှည့်စားမှုတွေ၊+ မရိုးသားမှုတွေ ရှိတယ်။
ဂိလဂါလမြို့မှာ နွားထီးတွေကို ပူဇော်ကြတယ်။+
ယဇ်ပလ္လင်တွေဟာ ထယ်ကြောင်းတွေမှာရှိနေတဲ့ ကျောက်တုံးတွေလို များလိုက်တာ။+
၁၂ ယာကုပ်က အာရံပြည်ကို*+ ထွက်ပြေးတယ်။
အစ္စရေးဟာ+ ဇနီးရဖို့ အဲဒီမှာ ကျွန်ခံခဲ့ရတယ်။+
ဇနီးရဖို့ သိုးထိန်းခဲ့ရတယ်။+
၁၃ ယေဟောဝါက ပရောဖက်တစ်ယောက်ကိုသုံးပြီး အစ္စရေးကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်ခဲ့တယ်။+
အဲဒီပရောဖက်ကိုသုံးပြီး သူ့ကို စောင့်ရှောက်ခဲ့တယ်။+
၁၄ ဧဖရိမ်က ဘုရားသခင်ကို အကြီးအကျယ် အမျက်ထွက်အောင် လုပ်တယ်။+
သူ့မှာ လူသတ်တဲ့အပြစ် ရှိနေတုန်းပဲ။
သူ့အရှင်သခင်က ကဲ့ရဲ့ရှုတ်ချခံရတဲ့အတွက် သူ့ကို အဲဒီအတိုင်း ပြန်ခံစေမယ်။”+