ဟောရှေ ၁၃:၁-၁၆

  • ရုပ်တုကိုးကွယ်တဲ့ဧဖရိမ် ယေဟောဝါကို မေ့လျော့ (၁-၁၆)

    • “သေမင်း၊ မင်းရဲ့အဆိပ်ဆူး ဘယ်မှာလဲ” (၁၄)

၁၃  “ဧဖရိမ် စကားပြောတဲ့အခါ လူတွေ တုန်လှုပ်သွားတယ်။ သူဟာ အစ္စရေးမျိုးနွယ်တွေထဲမှာ အရေးပါဆုံးပဲ။+ ဒါပေမဲ့ ဗာလကိုဝတ်ပြုတဲ့ အပြစ်ကြောင့်+ သေဆုံးခဲ့ရတယ်။  ၂  အခု သူတို့ အပြစ်တစ်ခုပြီးတစ်ခု လုပ်နေတယ်။ ငွေရုပ်တုတွေ သွန်းလုပ်တယ်။+ လက်မှုပညာသည်တွေက လက်ရာမြောက်တဲ့ ရုပ်တုတွေ လုပ်တယ်။ ‘ယဇ်ပူဇော်တဲ့လူတွေ နွားသငယ်ရုပ်တုကို နမ်းစေ’+ လို့ ပြောကြတယ်။  ၃  ဒါကြောင့် သူတို့ဟာ နံနက်ခင်းမိုးတိမ်လို၊မနက်စောစော ပျောက်လွင့်သွားတတ်တဲ့ နှင်းလို၊လေပြင်းကြောင့် ကောက်နယ်တလင်းကနေ လွင့်သွားတဲ့ဖွဲလို၊မီးခိုးခေါင်းတိုင်ကနေ ထွက်သွားတဲ့ မီးခိုးငွေ့လို ဖြစ်သွားမယ်။  ၄  ဒါပေမဲ့ အီဂျစ်ပြည်ကနေ မင်းတို့ ထွက်လာကတည်းက ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ။+ ငါကလွဲလို့ ဘယ်ဘုရားကိုမှ မင်းတို့ မသိခဲ့ဘူး။ ငါကလွဲလို့ ဘယ်သူမှ မင်းတို့ကို မကယ်တင်ခဲ့ဘူး။+  ၅  တောကန္တာရမှာ၊ မိုးခေါင်တဲ့ပြည်မှာ မင်းတို့ကို ငါဂရုစိုက်ခဲ့တယ်။+  ၆  စားကျက်တွေမှာ မင်းတို့ အဝစားခဲ့ရတယ်။+ အဝစားရတဲ့အတွက် မာန်တက်လာပြီးငါ့ကို မေ့သွားကြတယ်။+  ၇  ငါဟာ သူတို့အတွက် ခြင်္သေ့ပျိုလို ဖြစ်မယ်။+ လမ်းနားက ကျားသစ်လို သူတို့ကို ချောင်းနေမယ်။  ၈  သားငယ်ပျောက်သွားတဲ့ ဝက်ဝံမလို သူတို့ကို တိုက်ခိုက်မယ်။ သူတို့ရဲ့ရင်ဘတ်ကို ငါဆွဲဖြဲမယ်။ ခြင်္သေ့လို သူတို့ကို ဝါးမျိုမယ်။ တောသားရဲက သူတို့ကို အပိုင်းပိုင်း ဆွဲဖဲ့မယ်။  ၉  အို အစ္စရေး၊ ကူညီမစခဲ့တဲ့ ငါ့ကို မင်း ငြင်းပယ်တဲ့အတွက်အဲဒီသားရဲက မင်းကို ဖျက်ဆီးလိမ့်မယ်။ ၁၀  မြို့တိုင်းမှာ ကယ်တင်ပေးရမယ့် မင်းတို့ရဲ့ဘုရင်က ဘယ်မှာလဲ။+ ‘ဘုရင်နဲ့ မင်းညီမင်းသားတွေ ပေးပါ’ ဆိုပြီးငါ့ဆီ မင်းတို့တောင်းခဲ့တဲ့ အုပ်စိုးရှင်က ဘယ်မှာလဲ။+ ၁၁  ငါက အမျက်ထွက်ပြီး ဘုရင်တစ်ပါး ပေးခဲ့တယ်။+ သူ့ကို ဒေါသနဲ့ ဖယ်ရှားမယ်။+ ၁၂  ဧဖရိမ်ရဲ့အမှားကို  ထုပ်ပိုးထား တယ်။ သူ့အပြစ်ကိုသိမ်းဆည်းထားတယ်။ ၁၃  သားဖွားနေတဲ့မိန်းမလို သူ ဝေဒနာခံစားရလိမ့်မယ်။ သူဟာ ဉာဏ်ပညာမဲ့တဲ့ ကလေးပဲ။ ဝမ်းထဲကနေ ထွက်လာချိန်တန်ပေမဲ့ မထွက်လာဘူး။ ၁၄  ငါဟာ သင်္ချိုင်းလက်ကနေ ရွေးယူနိုင်တဲ့အရှင်၊သေမင်းလက်ကနေ ပြန်နုတ်ယူနိုင်တဲ့ အရှင်ပဲ။+ အို သေမင်း၊ မင်းရဲ့အဆိပ်ဆူး ဘယ်မှာလဲ။+ အို သင်္ချိုင်း၊ မင်းရဲ့အဖျက်စွမ်းအား ဘယ်မှာလဲ။+ သူ့ကိုတော့ ငါသနားညှာတာမှာ မဟုတ်ဘူး။ ၁၅  ကျူပင်တွေကြားမှာ သူပွားများနေရင်တောင်အရှေ့လေဖြစ်တဲ့ ယေဟောဝါရဲ့လေက တိုက်ခတ်လာမယ်။ ကန္တာရကနေ တိုက်ခတ်လာပြီး သူ့ရဲ့ရေတွင်းနဲ့ စမ်းချောင်းကို ခန်းခြောက်စေမယ်။ အဖိုးတန်ပစ္စည်းတွေ သိမ်းထားတဲ့ သူ့ဘဏ္ဍာတိုက်ကို တိုက်ခိုက်လုယက်ကြမယ်။+ ၁၆  ရှမာရိက ဘုရားသခင်ကို ပုန်ကန်တဲ့အတွက်+ အပြစ်ရှိသူလို့ သတ်မှတ်ခံရလိမ့်မယ်။+ ဓားဘေးနဲ့ ကျဆုံးသွားမယ်။+ သူတို့ရဲ့ သားသမီးတွေကို ကိုင်ဆောင့်ပြီး သတ်လိမ့်မယ်။ ကိုယ်ဝန်ဆောင်တွေရဲ့ဝမ်းကို ခွဲလိမ့်မယ်။”

အောက်ခြေမှတ်ချက်များ