ဟောရှေ ၄:၁-၁၉

  • အစ္စရေးတွေကို ယေဟောဝါ တရားစွဲ (၁-၈)

    • တိုင်းပြည်မှာ ဘုရားနဲ့ပတ်သက်တဲ့ အသိပညာမရှိ ()

  • အစ္စရေးတွေ ရုပ်တုကိုးကွယ်၊ လူတကာနဲ့ဖောက်ပြန် (၉-၁၉)

    • အကျင့်ယိုယွင်းလို့ လမ်းလွဲ (၁၂)

 အစ္စရေးတို့၊ ယေဟောဝါပြောတာကို နားထောင်ပါ။ တိုင်းပြည်မှာ အမှန်တရား၊ ခိုင်မြဲတဲ့မေတ္တာ၊ ဘုရားသခင်ကို သိကျွမ်းတာတွေ မရှိဘူး။+ ဒါကြောင့် ပြည်သူပြည်သားတွေကို ယေဟောဝါ တရားစွဲပြီ။+  ၂  မဟုတ်မမှန်ကျိန်ဆိုတာ၊ လိမ်ညာတာ၊+ သတ်ဖြတ်တာ၊+ ခိုးတာ၊ အိမ်ထောင်ရေးဖောက်ပြန်တာတွေ+ တိုင်းပြည်မှာ ပျံ့နှံ့နေတယ်။ လူသတ်မှုတွေ တစ်ခုပြီးတစ်ခု ဖြစ်နေတယ်။+  ၃  ဒါကြောင့် တိုင်းပြည်ဟာ ညည်းတွားငိုကြွေးရလိမ့်မယ်။+ ပြည်သားအားလုံး ချုံးချုံးကျသွားမယ်။ တောရိုင်းတိရစ္ဆာန်တွေ၊ မိုးကောင်းကင်ငှက်တွေ၊ပင်လယ်ငါးတွေပါမကျန် ပျက်စီးလိမ့်မယ်။  ၄  “ဒါပေမဲ့ မင်းရဲ့လူတွေဟာ ပုရောဟိတ်ကိုတောင် ပြန်ငြင်းခုံတဲ့ လူစားမျိုးတွေဆိုတော့+ သူတို့ကို ဘယ်သူမှ ငြင်းခုံမနေနဲ့။ ပဲ့ပြင်မနေနဲ့။+  ၅  ဒါကြောင့် မင်းတို့ဟာ ညဘက်မှာ တိုက်လဲသလို နေ့ဘက်မှာ တိုက်လဲလိမ့်မယ်။ ပရောဖက်လည်း မင်းတို့နဲ့အတူ လဲကျလိမ့်မယ်။ မင်းတို့ရဲ့မိခင်ကို ငါဖျက်ဆီးမယ်။  ၆  ငါ့လူတွေဟာ အသိပညာမရှိတဲ့အတွက် ပျက်စီးရလိမ့်မယ်။ အသိပညာကို ပစ်ပယ်တဲ့အတွက်+ ငါလည်း မင်းတို့ကို ငါ့ပုရောဟိတ်အဖြစ်ကနေ ပစ်ပယ်မယ်။ ဘုရားသခင်ရဲ့ ပညတ်ချက်ကို မင်းတို့ မေ့လျော့တဲ့အတွက်+ ငါလည်း မင်းတို့ရဲ့သားတွေကို မေ့လျော့မယ်။  ၇  ပုရောဟိတ်တွေ တိုးများလာလေ အပြစ်များလေပဲ။+ ဒါကြောင့် ငါလည်း သူတို့ရဲ့ ဂုဏ်ကျက်သရေကို အရှက်ကွဲခြင်း ဖြစ်စေမယ်။*  ၈  သူတို့က ငါ့လူတွေ အပြစ်လုပ်တဲ့အခါ အသားစားရတယ်။ ဒါကြောင့် ငါ့လူတွေရဲ့ အမှားကို ငမ်းငမ်းတက် ဖြစ်နေကြတယ်။  ၉  လူတွေရော ပုရောဟိတ်တွေပါ ကြုံရမယ့်အရာဟာ အတူတူပဲ။ သူတို့ရဲ့ လမ်းစဉ်တွေအတွက် ငါဖြေရှင်းချက်တောင်းမယ်။ သူတို့လုပ်ရပ်တွေရဲ့ အကျိုးဆက်ကို ပြန်ခံစေမယ်။+ ၁၀  သူတို့ စားရပေမဲ့ တင်းတိမ်မှာ မဟုတ်ဘူး။+ ယေဟောဝါကို အရေးမစိုက်တဲ့အတွက်လူတကာနဲ့ ဖောက်ပြန်တာတောင် သားသမီးတစ်ယောက်မှ ထွန်းကားမှာ မဟုတ်ဘူး။+ ၁၁  ပြည့်တန်ဆာလုပ်တာ၊ ဝိုင်တွေ၊ စပျစ်ဝိုင်သစ်တွေ သောက်သုံးတာဟာ မှန်ရာလုပ်ချင်တဲ့စိတ်ကို ပျက်စီးစေတယ်။+ ၁၂  ငါ့လူတွေက သစ်သားရုပ်တုတွေနဲ့ တိုင်ပင်တယ်။ နတ်ဆရာရဲ့တောင်ဝှေး အကြံပေးတာကို လုပ်ကြတယ်။ ပြည့်တန်ဆာလုပ်ချင်စိတ်ကြောင့် လမ်းလွဲနေကြတယ်။ သူတို့ရဲ့ ဘုရားသခင်ကို လက်အောက်မခံဘဲ ပြည့်တန်ဆာလုပ်ကြတယ်။ ၁၃  သူတို့က တောင်ထိပ်တွေပေါ်မှာ ယဇ်ပူဇော်တယ်။+ တောင်ကုန်းတွေပေါ်မှာ၊ဝက်သစ်ချပင်တွေ၊ လိဗနာပင်တွေ၊* အပင်ကြီးတွေရဲ့ အရိပ်အောက်မှာ+ ယဇ်ပူဇော်တယ်။ ဒါကြောင့် သမီးတွေလည်း ပြည့်တန်ဆာလုပ်တယ်။ ချွေးမတွေလည်း အိမ်ထောင်ရေးဖောက်ပြန်တယ်။ ၁၄  ဒါပေမဲ့ ပြည့်တန်ဆာလုပ်တဲ့ သမီးတွေ၊ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ချွေးမတွေကို ငါဖြေရှင်းချက် မတောင်းဘူး။ ဘာလို့လဲဆိုတော့ ယောက်ျားတွေကိုယ်တိုင်က ပြည့်တန်ဆာတွေနဲ့အတူ ထွက်သွားပြီးဗိမာန်ပြည့်တန်ဆာတွေနဲ့အတူ ယဇ်ပူဇော်နေကြလို့ပဲ။ သိနားလည်နိုင်စွမ်းမရှိတဲ့ အဲဒီလိုလူတွေဟာ+ ပျက်စီးသွားမယ်။ ၁၅  အို အစ္စရေး၊ မင်းကတော့ ပြည့်တန်ဆာလုပ်နေတယ်။+ အို ယုဒ၊ အဲဒီအပြစ်မျိုး မင်းမကျူးလွန်ပါနဲ့။+ ဂိလဂါလမြို့ကို မလာကြနဲ့။+ ဗေသဝင်မြို့ကိုလည်း မလာကြနဲ့။+ ‘အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး ပြောမယ်’ လို့လည်း မကျိန်ဆိုကြနဲ့။+ ၁၆  အစ္စရေးက ရိုင်းတဲ့နွားမလို ခေါင်းမာတယ်။+ ကျယ်ဝန်းတဲ့စားကျက်မှာ သိုးသငယ်ကို ထိန်းကျောင်းသလို ငါယေဟောဝါက အခု သူတို့ကို ထိန်းကျောင်းပါတော့မလား။ ၁၇  ဧဖရိမ်က ရုပ်တုတွေကို စွဲလမ်းနေတယ်။+ သူ့ကို ရှိစေတော့။ ၁၈  ဘီယာကုန်သွားတော့ လူတကာနဲ့ ဖောက်ပြန်ကြတယ်။ သူ့အုပ်စိုးရှင်တွေကလည်း အရှက်တကွဲဖြစ်ရတာကိုပဲ နှစ်ခြိုက်ကြတယ်။+ ၁၉  သူဟာ လေတိုက်ရာ လွင့်ပါသွားမယ်။ ပူဇော်တဲ့ယဇ်တွေကြောင့် လူတွေ အရှက်ကွဲရလိမ့်မယ်။”

အောက်ခြေမှတ်ချက်များ

“သူတို့က ငါ့ဂုဏ်ကျက်သရေကို အရှက်ကွဲခြင်းနဲ့ လဲလှယ်ကြတယ်” လည်းဖြစ်နိုင်။
မွှေးကြိုင်တဲ့ အဖြူရောင်ပန်း ပွင့်တဲ့အပင်။