ဟောရှေ ၅:၁-၁၅

  • ဧဖရိမ်နဲ့ ယုဒကို တရားစီရင် (၁-၁၅)

 “ပုရောဟိတ်တို့၊ နားထောင်ကြ။+ အစ္စရေးအမျိုး၊ အာရုံစိုက်ကြ။ နန်းတွင်းသူ နန်းတွင်းသားတို့၊ နားထောင်ကြ။ မင်းတို့လည်း တရားစီရင်ခံရမယ်။ မင်းတို့ဟာ မိဇပါမြို့က ထောင်ချောက်ပဲ။ တာဗော်တောင်ပေါ်မှာ+ ဖြန့်ထားတဲ့ ပိုက်ကွန်ပဲ။  ၂  ငါ့ဆီကနေ လမ်းလွဲသွားသူတွေဟာ အကြီးအကျယ် သတ်ဖြတ်နေကြတယ်။ သူတို့အားလုံးကို ငါသတိပေးနေတယ်။*  ၃  ဧဖရိမ်ကို ငါသိတယ်။ အစ္စရေးဟာ ငါ့ကိုပုန်းရှောင်လို့ မရဘူး။ ဧဖရိမ်၊ မင်းဟာ အခု လူတကာနဲ့ ဖောက်ပြန်နေပြီ။ အစ္စရေးက ကိုယ့်ကိုယ်ကိုယ် ညစ်ညူးအောင်လုပ်နေပြီ။+  ၄  သူတို့ဆီမှာ ပြည့်တန်ဆာလုပ်ချင်စိတ် ရှိနေတဲ့အတွက်+ သူတို့လုပ်ရပ်တွေက ဘုရားသခင်ဆီ ပြန်မလာနိုင်အောင် တားဆီးနေတယ်။ ယေဟောဝါဟာ သူတို့ရဲ့ ဘုရားသခင်ဖြစ်မှန်း အသိအမှတ်မပြုကြဘူး။  ၅  အစ္စရေးရဲ့မာနက မိမိအကြောင်း သက်သေထွက်ဆိုနေတယ်။+ အစ္စရေးရော ဧဖရိမ်ပါ အပြစ်နွံထဲ လဲနေတယ်။ ယုဒလည်း အတူလဲကျတယ်။+  ၆  သူတို့က သိုးအုပ်တွေ၊ တိရစ္ဆာန်အုပ်တွေနဲ့အတူ ယေဟောဝါကို လာရှာတယ်။ ဒါပေမဲ့ မတွေ့ဘူး။ သူတို့ဆီကနေ ထွက်ခွာသွားပြီ။+  ၇  ယေဟောဝါကို သူတို့ သစ္စာဖောက်တယ်။+ တိုင်းတစ်ပါးကလေးတွေကို မွေးကြတယ်။ အခု၊ သူတို့ရော သူတို့ရဲ့လယ်မြေပါ တစ်လအတွင်း ဝါးမျိုခံရလိမ့်မယ်။  ၈  ဂိဗာမြို့မှာ တံပိုးမှုတ်ကြ။+ ရာမမြို့မှာ ခရာမှုတ်ကြ။+ ဗေသဝင်မြို့မှာ စစ်ငြာသံပေးကြ။+ အို ဗင်ယာမိန်၊ မင်းနောက်ကို ငါတို့လိုက်မယ်။  ၉  အို ဧဖရိမ်၊ ပြစ်ဒဏ်ခံရတဲ့နေ့မှာ မင်းဟာ လူတွေထိတ်လန့်စရာ ဖြစ်သွားမယ်။+ အစ္စရေးအနွယ်တွေ ကျိန်းသေကြုံရမယ့်အရာကို ငါအသိပေးပြီးသားပဲ။ ၁၀  ယုဒမင်းညီမင်းသားတွေဟာ နယ်နိမိတ်မှတ်တိုင် ရွှေ့တဲ့သူတွေနဲ့ တူတယ်။+ သူတို့အပေါ် ငါ့အမျက်ဒေါသကို ရေလိုသွန်ချမယ်။ ၁၁  ဧဖရိမ်ဟာ ဖိနှိပ်ခံလိုက်ရပြီ။ နင်းခြေခံရလိုက်ပြီ။ ဒါဟာ သူခံထိုက်တဲ့အရာပဲ။ ရန်သူနောက်ကိုလိုက်ဖို့ သူစိတ်ပိုင်းဖြတ်ထားတာကိုး။+ ၁၂  ပိုးစားသလို ဧဖရိမ်ကို ငါစားပစ်မယ်။ ယုဒအမျိုးကို ပုပ်ဆွေးစေမယ်။ ၁၃  ဧဖရိမ်က ကိုယ့်ရောဂါကို မြင်တဲ့အခါ၊ ယုဒက ကိုယ့်အနာကို မြင်တဲ့အခါ ဧဖရိမ်က အဆီးရီးယားဆီ သွားတယ်။+ ဘုရင်တစ်ပါးဆီ စေတမန်တွေ လွှတ်တယ်။ ဒါပေမဲ့ အဲဒီဘုရင်က မင်းကို မကုသပေးနိုင်ဘူး။ မင်းရဲ့အနာ ပျောက်အောင် မလုပ်ပေးနိုင်ဘူး။ ၁၄  ငါဟာ ဧဖရိမ်အတွက် ခြင်္သေ့ပျိုလို၊ယုဒအမျိုးအတွက် သန်မာတဲ့ခြင်္သေ့လို ဖြစ်မယ်။ သူတို့ကို အပိုင်းပိုင်းဆွဲဖဲ့ပြီး ထွက်သွားမယ်။+ သူတို့ကို ကိုက်ချီသွားမယ်။ ကယ်တင်မယ့်သူ တစ်ယောက်မှရှိမှာ မဟုတ်ဘူး။+ ၁၅  ငါထွက်သွားပြီး ငါ့နေရာဆီ ပြန်သွားမယ်။ အပြစ်ရဲ့ အကျိုးဆက်ကို သူတို့ပြန်ခံရပြီးချိန်အထိ အဲဒီမှာပဲ နေမယ်။ သူတို့က ငါ့မျက်နှာသာရဖို့ ကြိုးစားကြလိမ့်မယ်။+ ဒုက္ခရောက်တဲ့အခါ ငါ့ကိုရှာကြလိမ့်မယ်။”+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ငါ ဆုံးမမယ်။”