ဟောရှေ ၆:၁-၁၁

  • ယေဟောဝါဆီ ပြန်လှည့်လာဖို့ ဖိတ်ခေါ် (၁-၃)

  • ခိုင်မြဲတဲ့မေတ္တာ ပျက်ပြယ် (၄-၆)

    • ခိုင်မြဲတဲ့မေတ္တာဟာ ပူဇော်သက္ကာထက် ပိုကောင်း ()

  • လူတွေရဲ့ ရှက်စရာအကျင့် (၇-၁၁)

 “လာကြ။ ယေဟောဝါဆီ ပြန်သွားကြစို့။ ဘုရားက ငါတို့ကို အပိုင်းပိုင်း ဆွဲဖဲ့ပေမဲ့+ ပြန်ကုသပေးမှာပါ။ ငါတို့ကို ရိုက်ပေမဲ့ ဒဏ်ရာကို ပြန်စည်းပေးမှာပါ။  ၂  နှစ်ရက်လွန်ရင် ဘုရားက ငါတို့ကို အားသစ်လောင်းပေးမယ်။ သုံးရက်မြောက်နေ့မှာ ငါတို့ကို ပြန်ထစေမယ်။ ရှေ့တော်မှာ ငါတို့ အသက်ရှင်ရလိမ့်မယ်။  ၃  ယေဟောဝါကို ငါတို့ သိကျွမ်းလာမယ်။ ဘုရားကို သိကျွမ်းဖို့ အင်တိုက်အားတိုက် ကြိုးစားကြမယ်။ ဘုရားက အရုဏ်ဦးလို ထွက်ပေါ်လာမှာ သေချာတယ်။ သဲသဲမဲမဲရွာတဲ့ မိုးလို၊ မြေကို စိုစွတ်စေတဲ့ နွေဦးမိုးလို ရောက်လာမယ်။”  ၄  “အို ဧဖရိမ်၊ မင်းကို ငါဘာလုပ်ရမလဲ။ အို ယုဒ၊ မင်းကို ငါဘာလုပ်ရမလဲ။ မင်းတို့ရဲ့ ခိုင်မြဲတဲ့မေတ္တာဟာ မနက်ခင်းမိုးတိမ်လို၊ နှင်းတွေလို ပျက်ပြယ်သွားတာ မြန်လိုက်တာ။  ၅  ဒါကြောင့် ပရောဖက်တွေကတစ်ဆင့် ငါခုတ်ဖြတ်မယ်။+ ငါ့နှုတ်ထွက်စကားတွေနဲ့ ကွပ်မျက်မယ်။+ မင်းတို့ခံရတဲ့ တရားစီရင်ချက်တွေဟာ အလင်းရောင်လို မြင်သာထင်ရှားလာမယ်။+  ၆  ငါနှစ်သက်တာ ခိုင်မြဲတဲ့မေတ္တာပဲ။ ပူဇော်သက္ကာ မဟုတ်ဘူး။ အကုန်အစင် မီးရှို့ရာအလှူထက် ငါ့အကြောင်း သိကျွမ်းတာကို ငါပိုနှစ်သက်တယ်။+  ၇  ဒါပေမဲ့ အပြစ်ရှိတဲ့လူတွေလိုပဲ ပဋိညာဉ်ကို သူတို့ ချိုးဖောက်ကြတယ်။+ သူတို့ရဲ့တိုင်းပြည်မှာ ငါ့ကို သစ္စာဖောက်ကြတယ်။  ၈  ဂိလဒ်ဟာ လူယုတ်မာတွေရဲ့ မြို့ပဲ။+ တစ်မြို့လုံးမှာ သွေးစွန်းတဲ့ ခြေရာတွေချည်းပဲ။+  ၉  ပုရောဟိတ်အဖွဲ့ဟာ လူကိုတိုက်ဖို့ ချောင်းမြောင်းနေတဲ့ ဓားပြအုပ်စုလိုပဲ။ ရှေခင်မြို့ရဲ့+ လမ်းပေါ်မှာ သတ်ဖြတ်ကြတယ်။ သူတို့ရဲ့အကျင့်ဟာ ရှက်စရာကောင်းတယ်။ ၁၀  သိပ်ဆိုးဝါးတဲ့အရာကို အစ္စရေးအမျိုးမှာ ငါမြင်လိုက်ရပြီ။ ဧဖရိမ်က အဲဒီမှာ ပြည့်တန်ဆာလုပ်တယ်။+ အစ္စရေးက ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေတယ်။+ ၁၁  အို ယုဒ၊ အချိန်သတ်မှတ်ထားတယ်။ ရိတ်သိမ်းချိန်မှာ စုသိမ်းသလိုမျိုး မင်းကို ပြန်စုသိမ်းမယ်။ ငါ့လူမျိုး သုံ့ပန်းတွေကို နေရင်းပြည်ဆီ ပြန်စုသိမ်းမယ်။”+

အောက်ခြေမှတ်ချက်များ