ဟောရှေ ၈:၁-၁၄
၈ “တံပိုး မှုတ်လိုက်ပါ။+
ရန်သူဟာ ယေဟောဝါရဲ့ လူမျိုးတော်ဆီ* လင်းယုန်လို ရောက်လာတယ်။+
သူတို့က ငါ့ပဋိညာဉ်ကို ချိုးဖောက်ပြီး+ ပညတ်ချက်တွေကို ဖောက်ဖျက်ကြလို့ပဲ။+
၂ ‘ဘုရားသခင်၊ ကျွန်တော်တို့အစ္စရေးတွေက ကိုယ်တော့်ကို သိကျွမ်းပါတယ်’ ဆိုပြီးသူတို့ အော်ပြောကြတယ်။+
၃ အစ္စရေးတွေက ကောင်းတာကို ပစ်ပယ်တဲ့အတွက်+
ရန်သူတွေ လိုက်ဖမ်းပါစေ။
၄ သူတို့က ငါ့အခွင့်မရှိဘဲ ဘုရင်တွေ တင်မြှောက်ကြတယ်။
ငါအသိအမှတ်မပြုဘဲ မင်းညီမင်းသားတွေ ခန့်အပ်ကြတယ်။
ရွှေငွေတွေနဲ့ ရုပ်တုတွေ လုပ်ပြီး+ ကိုယ်ပျက်စီးရာပျက်စီးကြောင်း ဖန်တီးကြတယ်။+
၅ အို ရှမာရိ၊ မင်းရဲ့ နွားသငယ်ရုပ်တုကို ငါရှင်းထုတ်မယ်။+
မင်းကို ငါအကြီးအကျယ် အမျက်ထွက်တယ်။+
မင်း ဘယ်တော့မှ အပြစ်ကင်းစင်နိုင်မှာလဲ။
၆ နွားသငယ်ရုပ်တုဟာ အစ္စရေးကနေ စတင်တယ်။
လက်မှုပညာသည်ရဲ့ လက်ရာဖြစ်လို့ စစ်မှန်တဲ့ဘုရား မဟုတ်ဘူး။
ရှမာရိရဲ့ နွားသငယ်ရုပ်တုဟာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားမယ်။
၇ သူတို့က လေကို မျိုးစေ့ကြဲတဲ့ အတွက်လေပြင်းမုန်တိုင်းကိုပဲ ရိတ်သိမ်းရမယ်။+
အဆန်အောင်တဲ့ ကောက်ပင် ပေါက်လာမှာ မဟုတ်ဘူး။+
ပေါက်လာရင်လည်း ဂျုံမှုန့်ရမှာ မဟုတ်ဘူး။
ဂျုံမှုန့်ရရင်လည်း တိုင်းတစ်ပါးသားတွေ စားသွားလိမ့်မယ်။+
၈ အစ္စရေးတွေ ဝါးမျိုခံရမယ်။+
လူမျိုးခြားတွေအလယ်မှာ+ဘယ်သူမှ မလိုချင်တဲ့အိုးခွက်လို ဖြစ်သွားမယ်။
၉ သူတို့ဟာ ထီးတည်းနေတတ်တဲ့ မြည်းရိုင်းလို အဆီးရီးယားဆီ တက်သွားကြတယ်။+
ဧဖရိမ်က ရည်းစားတွေကို ငှားတယ်။+
၁၀ သူတို့က လူမျိုးခြားတွေဆီကနေ ရည်းစားတွေ ငှားပေမဲ့ သူတို့ကို ငါစုသိမ်းမယ်။
ဘုရင်နဲ့ မင်းညီမင်းသားတွေတင်တဲ့ ဝန်ထုပ်ကြောင့် သူတို့ မကြာခင် ဒုက္ခကြုံရတော့မယ်။+
၁၁ ဧဖရိမ်က ယဇ်ပလ္လင်အများကြီး တည်ပြီး အပြစ်ကျူးလွန်တယ်။+
အပြစ်ကျူးလွန်စေတဲ့ ယဇ်ပလ္လင်တွေပဲ။+
၁၂ သူ့အတွက် ပညတ်ချက်အများကြီး ငါရေးထားပေမဲ့အဲဒါတွေကို ကိုယ်နဲ့မဆိုင်တဲ့အရာလိုပဲ သူသဘောထားတယ်။+
၁၃ သူတို့က ငါ့ဆီ လက်ဆောင်ပူဇော်သက္ကာတွေ ဆက်သပြီး အသားတွေ စားကြတယ်။
ဒါပေမဲ့ ငါယေဟောဝါက အဲဒါတွေကို မနှစ်သက်ဘူး။+
အခု၊ သူတို့အမှားကို သတိရပြီး အပြစ်တွေအတွက် ဒဏ်ပေးမယ်။+
အီဂျစ်ပြည်ကို သူတို့ ပြန်သွားခဲ့ကြတယ်။*+
၁၄ အစ္စရေးက ဖန်ဆင်းရှင်ကို မေ့လျော့ပြီး+ ဗိမာန်တွေ တည်ဆောက်တယ်။+
ယုဒက ခံတပ်မြို့အများကြီး တည်ဆောက်တယ်။+
ဒါပေမဲ့ သူ့မြို့တွေကို ငါမီးရှို့မယ်။
မြို့တိုင်းမှာရှိတဲ့ မျှော်စင်တွေကို မီးဝါးမျိုသွားမယ်။”+