ဟောရှေ ၉:၁-၁၇

  • ဧဖရိမ်ရဲ့အပြစ်ကြောင့် ဘုရားပစ်ပယ် (၁-၁၇)

    • ရှက်ဖွယ်ကောင်းတဲ့ဘုရားဆီ ဆက်ကပ် (၁၀)

 “အို အစ္စရေး၊ ဝမ်းမြောက်မနေနဲ့။+ လူမျိုးခြားတွေလို ရွှင်လန်းမနေနဲ့။ မင်းဟာ ပြည့်တန်ဆာလုပ်ပြီး ဘုရားသခင်ဆီကနေ လမ်းလွဲသွားပြီ။+ ကောက်နယ်တလင်းတွေမှာ ပြည့်တန်ဆာလုပ်လို့ရတဲ့ အခကို နှစ်သက်နေပြီ။+  ၂  ဒါပေမဲ့ ကောက်နယ်တလင်းနဲ့ စပျစ်သီးနယ်ရာကျင်းက မင်းကို ကျွေးမွေးမှာ မဟုတ်ဘူး။ စပျစ်ဝိုင်အသစ်လည်း ထွက်တော့မှာ မဟုတ်ဘူး။+  ၃  ယေဟောဝါရဲ့ပြည်မှာ မင်း ဆက်နေထိုင်ရမှာ မဟုတ်ဘူး။+ အဲဒီအစား ဧဖရိမ်က အီဂျစ်ကို ပြန်သွားရမယ်။ အဆီးရီးယားပြည်မှာ မသန့်ရှင်းတဲ့အရာကို စားသုံးရမယ်။+  ၄  ယေဟောဝါအတွက် စပျစ်ဝိုင်အလှူကို သွန်းလောင်းရတော့မှာ မဟုတ်ဘူး။+ သူတို့ရဲ့ ပူဇော်သက္ကာတွေကို ဘုရားနှစ်သက်မှာ မဟုတ်ဘူး။+ အဲဒါတွေဟာ ညည်းတွားငိုကြွေးချိန်မှာ စားရတဲ့အစာလို ဖြစ်လိမ့်မယ်။ စားတဲ့သူတိုင်း ညစ်ညူးလိမ့်မယ်။ သူတို့ရဲ့အစာကို သူတို့ပဲ စားရလိမ့်မယ်။ ယေဟောဝါရဲ့ အိမ်တော်ဆီ ယူသွားလို့ရမှာ မဟုတ်ဘူး။  ၅  စည်းဝေးတဲ့နေ့၊ ယေဟောဝါအတွက် ပွဲခံတဲ့နေ့ရောက်ရင်မင်းတို့ ဘာလုပ်ကြမလဲ။  ၆  ဖျက်ဆီးခြင်းဘေးကြောင့် သူတို့ ထွက်ပြေးရလိမ့်မယ်။+ အီဂျစ်က သူတို့ကို ပြန်စုသိမ်းမယ်။+ မင်ဖိမြို့က သူတို့ကို သင်္ဂြိုဟ်မယ်။+ အဖိုးတန်ငွေထည်တွေနေရာမှာ ဖက်ယားပင်တွေ ပေါက် လာမယ်။ တဲတွေမှာလည်း ဆူးချုံတွေ ပေါက်လာမယ်။  ၇  စစ်ဆေးမယ့်နေ့၊ ဒဏ်ခတ်မယ့်နေ့ ရောက်လာတော့မယ်။+ ဒါကို အစ္စရေး သိရလိမ့်မယ်။ ပရောဖက်တွေ ရူးကုန်လိမ့်မယ်။ ဘုရားဆီကလာတဲ့ သတင်းစကားကို ပြောတဲ့သူလည်း ရူးသွပ်လိမ့်မယ်။ မင်းရဲ့အမှားတွေ၊ အမုန်းရန်ငြိုးတွေ များလွန်းတာကိုး။”  ၈  ဧဖရိမ်ရဲ့ကင်းစောင့်က+ ဘုရားသခင်နဲ့အတူ ရှိခဲ့ဖူးတယ်။+ အခုတော့ ပရောဖက်တွေရဲ့ လုပ်ရပ်ဟာ+ ငှက်ဖမ်းသမားရဲ့ ထောင်ချောက်နဲ့ တူတယ်။ ဘုရားရဲ့အိမ်တော်မှာ အမုန်းရန်ငြိုးတွေ ရှိနေတယ်။  ၉  သူတို့ဟာ ဂိဗာမြို့မှာဖြစ်ခဲ့သလို ပျက်စီးစေတဲ့ အကျင့်တွေထဲ နစ်မွန်းနေတယ်။+ ဘုရားက သူတို့အမှားကို သတိရပြီး အပြစ်တွေအတွက် ဒဏ်ပေးမယ်။+ ၁၀  “အစ္စရေးကို ငါတွေ့တုန်းက သူဟာ တောကန္တာရထဲက စပျစ်သီးတွေနဲ့ တူတယ်။+ မင်းရဲ့ဘိုးဘေးတွေကို တွေ့တုန်းက သူတို့ဟာ သဖန်းပင်ရဲ့ သီးဦးသီးဖျားတွေနဲ့ တူတယ်။ ဒါပေမဲ့ ဗာလပေဂုရဆီ သူတို့သွားကြတယ်။+ ရှက်ဖွယ်ကောင်းတဲ့ ဘုရားဆီ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်ကြတယ်။+ သူတို့ကြည်ညိုတဲ့အရာလိုပဲ ရွံရှာဖွယ်ဖြစ်လာတယ်။ ၁၁  ဧဖရိမ်ရဲ့ ဂုဏ်ကျက်သရေဟာ ငှက်လို ပျံသွားပြီ။ ကလေးမွေးတာ၊ ကိုယ်ဝန်ဆောင်တာ၊ သန္ဓေတည်တာတွေ မရှိတော့ဘူး။+ ၁၂  သားသမီးတွေ မွေးခဲ့ရင်တောင် တစ်ယောက်မကျန် ဆုံးပါးစေမယ်။+ ငါလှည့်ထွက်သွားတဲ့အခါ သူတို့ အဖြစ်ဆိုးကြုံရလိမ့်မယ်။+ ၁၃  စားကျက်မြေမှာ ပေါက်နေတဲ့ ဧဖရိမ်ဟာ ငါ့အတွက်တော့ တိုင်ရာမြို့နဲ့ တူတယ်။+ အခုတော့ ဧဖရိမ်က သူ့သားတွေကို အသတ်ခံရဖို့ ခေါ်လာရမယ်။” ၁၄  အို ယေဟောဝါ၊ သူတို့ရထိုက်တာကို ပေးလိုက်ပါ။ ကိုယ်ဝန်ပျက်တတ်တဲ့ဝမ်း၊ နို့မထွက်တဲ့ သားမြတ်ကို ပေးလိုက်ပါ။ ၁၅  “ဂိလဂါလမြို့မှာ ဆိုးညစ်မှုမှန်သမျှ ပြုလုပ်ကြတဲ့အတွက်+ သူတို့ကို ငါမုန်းတယ်။ မကောင်းမှုတွေ လုပ်တဲ့အတွက် ငါ့အိမ်တော်ကနေ မောင်းထုတ်မယ်။+ သူတို့ကို မချစ်တော့ဘူး။+ မင်းညီမင်းသားအားလုံး ခေါင်းမာကြတယ်။ ၁၆  ဧဖရိမ်ဟာ ဒဏ်ခတ်ခံရမယ်။+ အမြစ်တွေ ခြောက်သွေ့ ပြီး အသီးသီးတော့မှာ မဟုတ်ဘူး။ ကလေးမွေးခဲ့ရင်တောင် ချစ်ရတဲ့ရင်သွေးတွေကို ငါကွပ်မျက်မယ်။” ၁၇  ဘုရားသခင့်စကားကို နားမထောင်တဲ့အတွက် သူတို့ကို ဘုရား စွန့်ပစ်မယ်။+ လူမျိုးခြားတွေအလယ်မှာ ဝရမ်းပြေး ဖြစ်သွားမယ်။+

အောက်ခြေမှတ်ချက်များ