အာမုတ် ၃:၁-၁၅

  • ဘုရားသခင့်တရားစီရင်ချက်ကို ကြေညာ (၁-၈)

    • အတွင်းရေးကိစ္စကို ဘုရားသခင် ဖော်ပြ ()

  • ရှမာရိတိုက်ခိုက်ခံရမယ့် သတင်း (၉-၁၅)

 “အစ္စရေးတို့၊ အီဂျစ်ပြည်ကနေ ဘုရားခေါ်ထုတ်ခဲ့တဲ့ ခင်ဗျားတို့တစ်မျိုးလုံးနဲ့ ပတ်သက်ပြီး ယေဟောဝါဘုရားပြောတဲ့ စကားကို နားထောင်ပါ–  ၂  ‘ကမ္ဘာပေါ်က လူမျိုးအားလုံးထဲမှာ မင်းတို့ကိုပဲ ငါကောင်းကောင်းသိတယ်။+ ဒါကြောင့် မင်းတို့ရဲ့ အမှားတွေအတွက် ငါဖြေရှင်းချက်တောင်းမယ်။+  ၃  လူနှစ်ယောက်က မချိန်းထားဘဲနဲ့ အတူသွားလာလို့ ရပါ့မလား။  ၄  ခြင်္သေ့က သားကောင်မရှိဘဲနဲ့ တောထဲမှာ ဟိန်းဟောက်ပါ့မလား။ ခြင်္သေ့ပျိုက ဘာကိုမှ မဖမ်းမိဘဲနဲ့ ဂူထဲကနေ မာန်ဖီပါ့မလား။  ၅  မြေပေါ်မှာ ကျော့ကွင်းမရှိဘဲနဲ့* ငှက်က ကျော့မိပါ့မလား။ ထောင်ချောက်က ဘာကိုမှ မဖမ်းမိဘဲနဲ့ မြေပေါ်ကနေ မြှောက်တက်သွားပါ့မလား။  ၆  မြို့ထဲမှာ တံပိုးမှုတ်ရင် လူတွေ မထိတ်လန့်ဘဲ နေပါ့မလား။ မြို့ထဲမှာ ဘေးဆိုးကျရောက်ခဲ့ရင် ကျရောက်စေတဲ့သူဟာ ယေဟောဝါပဲ မဟုတ်လား။  ၇  အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါကငါ့ကျွန်ပရောဖက်တွေကို အတွင်းရေးကိစ္စ မဖော်ပြဘဲ ဘာတစ်ခုမှ မလုပ်ဘူး။+  ၈  ခြင်္သေ့ ဟိန်းဟောက်တဲ့အခါ+ မကြောက်တဲ့သူ ရှိသလား။ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့အခါ ပရောဖက် မပြုတဲ့သူ ရှိသလား။’+  ၉  ‘အာဇုတ်မြို့ရဲ့ ခံတပ်မျှော်စင်တွေပေါ်မှာ၊အီဂျစ်ပြည်ရဲ့ ခံတပ်မျှော်စင်တွေပေါ်မှာ ကြွေးကြော်ရမှာက– “ရှမာရိတောင်တန်းတွေကို တိုက်ဖို့ အတူစုဝေးကြ။+ အဲဒီမြို့ထဲမှာ ဝရုန်းသုန်းကား ဖြစ်နေတာ၊လိမ်လည်လှည့်စားနေတာတွေကို ကြည့်ကြ။+ ၁၀  သူတို့က အကြမ်းဖက် လုယက်ပြီးရတဲ့ ပစ္စည်းတွေကို ခံတပ်မျှော်စင်တွေမှာ စုဆောင်းကြတယ်။ မှန်ရာကို မလုပ်တတ်ကြဘူး။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။’ ၁၁  ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ရန်သူက တိုင်းပြည်ကို ဝိုင်းရံလိမ့်မယ်။+ မင်းရဲ့ခွန်အားကို ဆုတ်ယုတ်စေမယ်။ ခံတပ်မျှော်စင်တွေကို လုယက်လိမ့်မယ်။’+ ၁၂  ယေဟောဝါ ပြောတာက– ‘ရှမာရိမြို့မှာရှိတဲ့ အစ္စရေးတွေဟာခမ်းနားတဲ့ ခုတင်တွေ၊ ညက်ညောတဲ့ ခုံတန်းရှည်တွေပေါ်မှာ အခုထိုင်နေရပေမဲ့+ ရန်သူလက်ကနေ လူနည်းစုပဲ လွတ်မြောက်လိမ့်မယ်။ သိုးထိန်းက ခြင်္သေ့ပါးစပ်ထဲကနေ သိုးရဲ့ခြေထောက်နှစ်ချောင်း ဒါမှမဟုတ် နားရွက်တစ်ပိုင်းကိုပဲ ဆွဲထုတ်နိုင်သလိုမျိုးပေါ့။’ ၁၃  အချုပ်အခြာအာဏာပိုင်ရှင် ဘုရားသခင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ‘နားထောင်ပါ။ ယာကုပ်အမျိုးကို သတိပေးလိုက်ပါ။ ၁၄  ငါက အစ္စရေးကို ပုန်ကန်မှုအတွက် ဖြေရှင်းချက်တောင်းတဲ့နေ့မှာ+ဗေသလမြို့မှာရှိတဲ့ ယဇ်ပလ္လင်တွေကိုလည်း+ ဖျက်ဆီးမယ်။ ပလ္လင်ဦးချိုတွေကို ချိုးဖျက်ပြီး မြေပေါ်လှဲချမယ်။+ ၁၅  ဆောင်းရာသီစံအိမ်နဲ့ နွေရာသီစံအိမ်ကို ငါဖြိုချမယ်။’ ‘ဆင်စွယ်နဲ့ဆောက်ထားတဲ့ အိမ်တွေ ပျက်စီးရလိမ့်မယ်။+ ခမ်းနားတဲ့* စံအိမ်တွေပါ ပြိုလဲပျက်စီးရလိမ့်မယ်။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”

အောက်ခြေမှတ်ချက်များ

“ကျော့ကွင်းမှာ အစာမရှိဘဲနဲ့” လည်းဖြစ်နိုင်။
“များပြားလှတဲ့” လည်းဖြစ်နိုင်။