အာမုတ် ၄:၁-၁၃
၄ “ရှမာရိတောင်တန်းပေါ်က+ ဗာရှန်နွားမတို့၊နိမ့်ကျသူတွေကို ဖြတ်စားလျှပ်စားလုပ်ပြီး+ ဆင်းရဲသားတွေကို နင်းခြေတဲ့မိန်းမတို့၊‘သောက်စရာလေး ယူခဲ့စမ်းပါ’ လို့ ခင်ပွန်းကိုခိုင်းတတ်တဲ့ မိန်းမတို့၊ဒီစကားကို နားထောင်ကြ။
၂ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက မိမိရဲ့သန့်ရှင်းမြင့်မြတ်မှုကို တိုင်တည်ပြီး ကျိန်ဆိုတယ်–
“‘မင်းတို့ကို အသားချိတ်တဲ့ ချိတ်တွေနဲ့ ချိတ်ဆွဲမယ့်နေ့၊မင်းတို့ထဲက ကြွင်းကျန်သူတွေကို ငါးမျှားချိတ်တွေနဲ့ ချိတ်ဆွဲမယ့်နေ့တွေ လာနေပြီ။
၃ မင်းတို့အားလုံးက ရှေ့တည့်တည့်မှာရှိတဲ့ မြို့ရိုးအပေါက်တွေထဲကနေ ထွက်သွားရလိမ့်မယ်။
ဟာမုန်အရပ်အထိ မောင်းထုတ်ခံရလိမ့်မယ်။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။’
၄ ‘ဗေသလမြို့ကို လာပြီး အပြစ်ကျူးလွန်ကြ။+
ဂိလဂါလမြို့ကိုလာပြီး အပြစ်တွေ အထပ်ထပ်ကျူးလွန်ကြ။+
မနက်ခင်းမှာ ယဇ်ကောင်တွေ ယူလာကြ။+
သုံးရက်မြောက်နေ့မှာ ဆယ်ဖို့တစ်ဖို့ ယူလာကြ။+
၅ တဆေးပါတဲ့မုန့်ကို ကျေးဇူးတင်ချီးမွမ်းရာ ပူဇော်သက္ကာအဖြစ် မီးရှို့ကြ။+
စေတနာအလျောက်ပေးတဲ့ အလှူတွေကို လူတကာသိအောင် ကြေညာကြ။
အစ္စရေးတို့၊ မင်းတို့က အဲဒီလိုလုပ်ရတာကို ကြိုက်နေတာ။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။
၆ ‘ဒါကြောင့် ငါကလည်း မြို့တိုင်းမှာ အစာရေစာ ငတ်ပြတ်စေခဲ့တယ်။
အိမ်တိုင်းမှာ အစာရေစာ ပြတ်လပ်စေခဲ့တယ်။+
ဒါတောင် ငါ့ဆီ ပြန်မလာကြဘူး။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၇ ‘ငါက ရိတ်သိမ်းချိန်မတိုင်ခင် သုံးလမှာ မင်းတို့အပေါ် မိုးမရွာအောင် တားဆီးခဲ့တယ်။+
မြို့တစ်မြို့မှာ မိုးရွာစေတယ်။ နောက်တစ်မြို့မှာတော့ မိုးခေါင်စေတယ်။
မြေတစ်ကွက်မှာ မိုးရွာစေပေမဲ့နောက်တစ်ကွက်မှာတော့ မိုးမရွာဘဲ ခြောက်သွေ့စေခဲ့တယ်။
၈ နှစ်မြို့သုံးမြို့မှာရှိတဲ့ လူတွေ ရေသောက်ဖို့ မြို့တစ်မြို့ဆီ ဒယိမ်းဒယိုင် သွားကြပေမဲ့+ရေကို အဝမသောက်ရဘူး။
ဒါတောင် ငါ့ဆီ ပြန်မလာကြဘူး။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၉ ‘ငါက မင်းတို့ကို ချစ်ချစ်တောက်ပူတဲ့လေ၊ မှိုရောဂါနဲ့ ဒဏ်ခတ်ခဲ့တယ်။+
သစ်သီးခြံတွေ၊ စပျစ်ခြံတွေ မင်းတို့ အများကြီးစိုက်ပေမဲ့သဖန်းပင်တွေ၊ သံလွင်ပင်တွေကို ကျိုင်းကောင်တွေ စားပစ်တယ်။+
ဒါတောင် ငါ့ဆီပြန်မလာကြဘူး။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၁၀ ‘အီဂျစ်ပြည်မှာ ကျရောက်ခဲ့တဲ့ ကပ်ရောဂါဘေးမျိုးကို မင်းတို့အပေါ် ငါကျရောက်စေခဲ့တယ်။+
လူငယ်တွေကို ဓားနဲ့ကွပ်မျက်ပြီး+ မြင်းတွေကိုလည်း သိမ်းသွားတယ်။+
မင်းတို့တပ်စခန်းထဲမှာ အပုပ်နံ့တွေ တထောင်းထောင်း ထစေခဲ့တယ်။+
ဒါတောင် ငါ့ဆီ ပြန်မလာကြဘူး။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၁၁ ‘ငါက သောဒုံနဲ့ ဂေါမောရမြို့ကို ဖျက်ဆီးခဲ့သလို မင်းတို့ကို ဖျက်ဆီးခဲ့တယ်။+
မင်းတို့ဟာ မီးထဲကနေ ဆွဲထုတ်ခံရတဲ့ ထင်းတုံးလို ဖြစ်ခဲ့တယ်။
ဒါတောင် ငါ့ဆီ ပြန်မလာကြဘူး။’+
ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၁၂ ဒါကြောင့် အစ္စရေး၊ မင်းကို ငါ အဲဒီလို ဒဏ်ခတ်ဦးမယ်။
အစ္စရေး၊ မင်းကို ငါဒဏ်ခတ်မှာဖြစ်လို့မင်းရဲ့ ဘုရားသခင်ဖြစ်တဲ့ ငါ့ကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ။
၁၃ ငါဟာ တောင်တန်းတွေကို ပုံသွင်းတဲ့အရှင်၊+လေကို ဖန်ဆင်းတဲ့အရှင်၊+
မိမိရဲ့ အကြံအစည်တွေကို လူတွေကို ပြောပြတဲ့အရှင်၊အရုဏ်ဦးကို မှောင်မိုက်စေတဲ့အရှင်၊+
ကမ္ဘာမြေရဲ့ မြင့်တဲ့နေရာတွေကို နင်းတဲ့အရှင်ဖြစ်တယ်။+
ငါ့နာမည်ဟာ ဗိုလ်ခြေတို့ရဲ့ဘုရား ယေဟောဝါပဲ။”