အာမုတ် ၅:၁-၂၇

  • အစ္စရေးအပျိုစင် လဲကျသွားပြီ (၁-၃)

  • ဘုရားကိုရှာပြီး အသက်ဆက်ရှင်ကြ (၄-၁၇)

    • မကောင်းမှုကိုမုန်းပါ၊ ကောင်းမှုကိုချစ်ပါ (၁၅)

  • ယေဟောဝါရဲ့နေ့ဟာ မှောင်မိုက်တဲ့နေ့ (၁၈-၂၇)

    • အစ္စရေးတွေရဲ့ ပူဇော်သက္ကာကို လက်မခံ (၂၂)

 “အစ္စရေးအမျိုး၊ ခင်ဗျားတို့နဲ့ပတ်သက်ပြီး ကျွန်တော်ငိုချင်းချတာကို နားထောင်ပါ–  ၂  ‘အစ္စရေးအပျိုစင် လဲကျသွားပြီ။ ပြန်မထနိုင်တော့ဘူး။ နေရင်းပြည်မှာပဲ စွန့်ပစ်ခံရပြီ။ ထူမယ့်သူ တစ်ယောက်မှ မရှိဘူး။’ ၃  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အစ္စရေးအမျိုး ကြုံရမယ့်အရာကတော့ မြို့တစ်မြို့မှာ လူတစ်ထောင် စစ်တိုက်ထွက်ရင် တစ်ရာပဲ ကျန်လိမ့်မယ်။ လူတစ်ရာ စစ်တိုက်ထွက်ရင် ဆယ်ယောက်ပဲ ကျန်လိမ့်မယ်။’+ ၄  “အစ္စရေးအမျိုးကို ယေဟောဝါ ပြောတာက– ‘ငါ့ကို ရှာပြီး အသက်ဆက်ရှင်ကြပါ။+  ၅  ဗေသလမြို့ကို မရှာနဲ့။+ ဂိလဂါလမြို့ကို မသွားနဲ့။+ ဗေရရှေဘမြို့ကို မဖြတ်သွားနဲ့။+ ဂိလဂါလမြို့ဟာ ကျိန်းသေ ပြည်နှင်ခံရလိမ့်မယ်။+ ဗေသလမြို့ဟာ အချည်းနှီး* ဖြစ်သွားမယ်။  ၆  ယေဟောဝါကို ရှာပြီး အသက်ဆက်ရှင်ပါ။+ ဒီလိုမှမဟုတ်ရင် ငါက ယောသပ်အမျိုးအပေါ် ဒေါသမီးတောက်လောင်ပြီး ဗေသလမြို့ကို ဝါးမျိုပစ်မယ်။ ငြိမ်းသတ်မယ့်သူ တစ်ယောက်မှရှိမှာ မဟုတ်ဘူး။  ၇  မင်းတို့က တရားမျှတမှုကို ဒေါန* ဖြစ်စေတယ်။ ဖြောင့်မတ်ခြင်းကို မြေပေါ် ပစ်ချတယ်။+  ၈  ခိမကြယ်စု၊* ခသိလကြယ်စု* ကို ဖန်ဆင်းတဲ့အရှင်၊+ မှောင်မိုက်ကို နံနက်ခင်းဖြစ်စေတဲ့အရှင်၊နေ့ကို ညလို မှောင်မိုက်စေတဲ့အရှင်၊+ ပင်လယ်ရေတွေကို ဆင့်ခေါ်ပြီး မြေပြင်ပေါ် သွန်းလောင်းပေးတဲ့အရှင်ရဲ့+ နာမည်ဟာ ယေဟောဝါပဲ။  ၉  ဘုရားက ခွန်အားကြီးတဲ့သူကို ရုတ်တရက် ဖျက်ဆီးခြင်းဘေး ကြုံစေမယ်။ ခံတပ်မြို့တွေအပေါ် ဖျက်ဆီးခြင်းဘေး ကျရောက်စေမယ်။ ၁၀  သူတို့က မြို့တံခါးမှာထိုင်ပြီး ဆုံးမပဲ့ပြင်သူကို မုန်းတယ်။ မှန်သောစကား ပြောဆိုသူကို ရွံတယ်။+ ၁၁  မင်းတို့က ဆင်းရဲသားဆီကနေ လယ်ငှားခ တောင်းတယ်။ ဆက်ကြေးအဖြစ် ကောက်နှံတွေကို သိမ်းတယ်။+ ဒါကြောင့် ဆစ်ထားတဲ့ကျောက်နဲ့ မင်းတို့ဆောက်တဲ့အိမ်မှာ နေထိုင်ရတော့မှာ မဟုတ်ဘူး။+ စိုက်ထားတဲ့ အကောင်းဆုံးစပျစ်ခြံကရတဲ့ စပျစ်ဝိုင်ကို သောက်ရတော့မှာ မဟုတ်ဘူး။+ ၁၂  မင်းတို့ရဲ့ ပုန်ကန်မှုတွေ ဘယ်လောက်များမှန်း၊အပြစ်တွေ ဘယ်လောက်ကြီးလေးမှန်း ငါသိတယ်။ မင်းတို့က ဖြောင့်မတ်သူကို နှောင့်ယှက်တယ်။ လာဘ်စားတယ်။ မြို့တံခါးမှာ ဆင်းရဲသားတွေရဲ့ ရပိုင်ခွင့်ကို မပေးဘူး။+ ၁၃  အဲဒီအချိန်ဟာ ဘေးဆိုးကြုံရမယ့်အချိန် ဖြစ်လို့+ထိုးထွင်းဉာဏ်ရှိသူဟာ နှုတ်ဆိတ်သွားလိမ့်မယ်။ ၁၄  မကောင်းမှုကို မရှာဘဲ ကောင်းမှုကို ရှာပါ။+ ဒါဆိုရင် မင်းတို့ အသက်ဆက်ရှင်လိမ့်မယ်။+ ဗိုလ်ခြေတို့ရဲ့ဘုရား ယေဟောဝါကလည်းမင်းတို့ပြောတဲ့အတိုင်း မင်းတို့နဲ့အတူ ရှိကောင်းရှိနေလိမ့်မယ်။+ ၁၅  မကောင်းမှုကို မုန်းပါ။ ကောင်းမှုကို ချစ်ပါ။+ မြို့တံခါးမှာ တရားမျှတမှုကို လွှမ်းမိုးစေပါ။+ ဒါဆိုရင် ဗိုလ်ခြေတို့ရဲ့ဘုရား ယေဟောဝါက ယောသပ်အမျိုးထဲက ကျန်ကြွင်းသူတွေကိုမျက်နှာသာပေးကောင်းပေးလိမ့်မယ်။’+ ၁၆  “ဒါကြောင့် ဗိုလ်ခြေတို့ရဲ့ဘုရား ယေဟောဝါ၊ အရှင်ယေဟောဝါ ပြောတာက‘လူထုရင်ပြင်တွေမှာ ငိုကြွေးမြည်တမ်းကြလိမ့်မယ်။ လမ်းတိုင်းမှာ လူတွေက “အမယ်လေး၊ အမယ်လေး” လို့ ပြောကြလိမ့်မယ်။ လယ်သမားတွေကို ညည်းတွားငိုကြွေးဖို့၊ငိုချင်းသည်တွေကို ငိုကြွေးမြည်တမ်းဖို့ ခေါ်ကြလိမ့်မယ်။’ ၁၇  ‘ငါက ဒဏ်ပေးဖို့ မင်းတို့အလယ်မှာ ဖြတ်သွားမှာဖြစ်လို့စပျစ်ခြံတိုင်းမှာ ငိုကြွေးမြည်တမ်းကြလိမ့်မယ်။’+ ဒါဟာယေဟောဝါပြောတဲ့ စကားပဲ။ ၁၈  ‘ယေဟောဝါရဲ့နေ့ကို တောင့်တသူတွေ အဖြစ်ဆိုးကြုံရလိမ့်မယ်။+ ယေဟောဝါရဲ့နေ့မှာ ဘာတွေဖြစ်လာမယ်လို့ မင်းတို့ ထင်သလဲ။+ အဲဒီနေ့ဟာ မှောင်မိုက်ပြီး အလင်းရောင် ကင်းမဲ့နေလိမ့်မယ်။+ ၁၉  လူတစ်ယောက်က ခြင်္သေ့ကိုကြောက်လို့ ထွက်ပြေးခါမှ ဝက်ဝံနဲ့ ပက်ပင်းတိုးသလို၊အိမ်ထဲဝင်ပြီး နံရံကို လက်နဲ့မှီလိုက်ခါမှ မြွေကိုက်ခံရသလို ဖြစ်လိမ့်မယ်။ ၂၀  ယေဟောဝါရဲ့နေ့ဟာ မှောင်မိုက်ပြီး အလင်းရောင်မရှိတဲ့နေ့၊အုံ့ဆိုင်းပြီး အလင်းမတောက်ပတဲ့နေ့ ဖြစ်လိမ့်မယ်။ ၂၁  မင်းတို့ရဲ့ ပွဲတော်တွေကို ငါမုန်းတယ်။ ရွံတယ်။+ မင်းတို့ရဲ့ အထူးအစည်းအဝေးပွဲတွေမှာ ရတဲ့အနံ့ကို ငါမကြိုက်ဘူး။ ၂၂  အကုန်အစင် မီးရှို့ရာအလှူတွေ၊ လက်ဆောင်အလှူတွေကိုမင်းတို့ ဆက်သရင်တောင် ငါမနှစ်သက်ဘူး။+ မင်းတို့ရဲ့ ဆူဖြိုးတဲ့ မိတ်သဟာယ ပူဇော်သက္ကာတွေကိုလည်း ငါအရေးမစိုက်ဘူး။+ ၂၃  ဆူညံတဲ့သီချင်းတွေကို မဆိုပြနဲ့တော့။ ကြိုးတပ်တူရိယာတွေရဲ့ တေးသံကိုလည်း မကြားပါရစေနဲ့တော့။+ ၂၄  တရားမျှတခြင်းကို ရေလို၊ဖြောင့်မတ်ခြင်းကို တသွင်သွင် စီးတဲ့ချောင်းလို စီးဆင်းစေပါ။+ ၂၅  အစ္စရေးအမျိုး၊ မင်းတို့က တောကန္တာရမှာ နှစ်ပေါင်း ၄၀ လှည့်လည်ခဲ့တုန်းက ပူဇော်သက္ကာတွေ၊လက်ဆောင်အလှူတွေကို ငါ့ဆီ ယူလာခဲ့ဖူးလို့လား။+ ၂၆  အခုတော့ မင်းတို့ဟာ ကိုယ်တိုင်ထုလုပ်ထားတဲ့ ကြယ်နတ်ဘုရားတွေ၊မင်းတို့ရဲ့ဘုရင် စက္ကုတ်နဲ့ ခိဝန်ရုပ်တုတွေကို* သယ်သွားရလိမ့်မယ်။ ၂၇  မင်းတို့ကို ဒမတ်စကတ်မြို့နဲ့ ဝေးရာဆီ ငါပြည်နှင်ဒဏ်ပေးမယ်။’+ ဒါဟာ ဗိုလ်ခြေတို့ရဲ့ဘုရား ယေဟောဝါဆိုတဲ့ နာမည်ကိုပိုင်ဆိုင်တဲ့အရှင် ပြောတဲ့စကားပဲ။”+

အောက်ခြေမှတ်ချက်များ

“နတ်ဆိုးပညာလိုက်စားတဲ့ နေရာ” လည်းဖြစ်နိုင်။
ခက်ဆစ်ကိုကြည့်။
လိပ်တာရာကြယ်စု ဖြစ်နိုင်။
ဖျောက်ဆိပ်ကြယ်ပြွတ် ဖြစ်နိုင်။
ဘုရားအဖြစ်ကိုးကွယ်ကြတဲ့ စနေဂြိုဟ်ဖြစ်နိုင်။