အာမုတ် ၆:၁-၁၄

  • ကိုယ့်ကိုယ်ကိုယ် စိတ်ချသူတွေ အဖြစ်ဆိုးကြုံရ (၁-၁၄)

    • ဆင်စွယ်ခုတင်တွေ၊ ဝိုင်ဖလားတွေ ()

၆  “ဇိအုန်မှာရှိတဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ချလွန်းသူတွေ၊ရှမာရိတောင်တန်းမှာနေပြီး ဘေးကင်းလုံခြုံတယ်လို့ ထင်နေသူတွေ အဖြစ်ဆိုးကြုံရလိမ့်မယ်။+ သူတို့ဟာ လူမျိုးတွေထဲမှာ အထင်ကရပုဂ္ဂိုလ်တွေပဲ။ သူတို့ဆီ အစ္စရေးတွေ လာကြတယ်။  ၂  ကာလနေမြို့ဆီ ကူးသွားပြီး ကြည့်လိုက်ပါ။ အဲဒီကနေ ဟာမတ်မြို့ကြီးဆီ သွားပါ။+ ဖိလိတိပြည်၊ ဂါသမြို့ကို ဆင်းသွားပါ။ အဲဒီပြည်တွေဟာ ဒီပြည်တွေထက်* သာလို့လား။ သူတို့နယ်မြေဟာ မင်းတို့နယ်မြေထက် ကျယ်လို့လား။  ၃  မင်းတို့က ဘေးဆိုးကြုံရမယ့်နေ့ကို စိတ်ထဲကနေ ထုတ်ထားတာလား။+ အကြမ်းဖက်မှု ကြီးစိုးအောင် လုပ်နေတာလား။+  ၄  ဆင်စွယ်ခုတင်ပေါ်မှာ မင်းတို့ လဲလျောင်းနေတယ်။+ ခုံတန်းရှည်တွေပေါ် ခြေပစ်လက်ပစ် လှဲနေတယ်။+ သိုးအုပ်ထဲက သိုးထီးတွေ၊ ဆူဖြိုးတဲ့ နွားသငယ်တွေကို စားနေကြတယ်။+  ၅  စောင်းတီးပြီး သီချင်းတွေ စပ်ဆိုကြတယ်။+ ဒါဝိဒ်လို တူရိယာတွေ တီထွင်ကြတယ်။+  ၆  စပျစ်ဝိုင်ကို ဖလားလိုက် မော့သောက်ကြတယ်။+ အကောင်းဆုံးဆီကို လိမ်းကျံကြတယ်။ ဒါပေမဲ့ ယောသပ်ကြုံရတဲ့ ဘေးဆိုးနဲ့ပတ်သက်ပြီး စိတ်မပူကြဘူး။+  ၇  ဒါကြောင့် မင်တို့ဟာ ဦးဆုံး ပြည်နှင်ဒဏ်ခံရသူတွေ ဖြစ်လိမ့်မယ်။+ ခြေပစ်လက်ပစ် လဲလျောင်းသူတွေရဲ့ သောက်စားပျော်ပါးတဲ့ပွဲတွေ အဆုံးတိုင်သွားလိမ့်မယ်။  ၈  ဗိုလ်ခြေတို့ရဲ့ဘုရား ယေဟောဝါ ပြောတယ်– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက ကိုယ့်ကိုယ်ကိုယ် တိုင်တည်ပြီး ကျိန်ဆိုတယ်–+ “ယာကုပ်ရဲ့ ဂုဏ်ကျက်သရေကို ငါရွံတယ်။+ သူ့ရဲခံတပ်မျှော်စင်တွေကို ငါမုန်းတယ်။+ မြို့နဲ့ မြို့ထဲမှာရှိသမျှကို ရန်သူလက်ထဲ ငါအပ်မယ်။+ ၉  “‘“အိမ်တစ်အိမ်မှာ လူဆယ်ယောက်ကျန်ရင် ဆယ်ယောက်စလုံး သေရလိမ့်မယ်။  ၁၀  ဆွေမျိုးတစ်ယောက်က အလောင်းတွေ တစ်လောင်းပြီးတစ်လောင်း လာသယ်ထုတ်ပြီး မီးရှို့လိမ့်မယ်။ သူတို့ရဲ့ အရိုးတွေကို အိမ်ထဲကနေ ထုတ်လိမ့်မယ်။ အဲဒီနောက် အတွင်းခန်းထဲမှာရှိတဲ့သူကို ‘ဘယ်သူကျန်သေးလဲ’ လို့ မေးတဲ့အခါ ‘ဘယ်သူမှ မကျန်တော့ဘူး’ လို့ ဖြေလိမ့်မယ်။ အဲဒီအခါ သူက ‘တိတ်တိတ်နေ။ ဒီအချိန်ဟာ ယေဟောဝါဘုရားရဲ့ နာမည်ကို ခေါ်ရမယ့်အချိန် မဟုတ်ဘူး’ လို့ပြောလိမ့်မယ်။” ၁၁  ယေဟောဝါ အမိန့်ပေးလိုက်တဲ့အခါ+ အိမ်ကြီးအိမ်ကောင်းတွေ အုတ်ကျိုးပုံ ဖြစ်သွားမယ်။ အိမ်ငယ်တွေ အပျက်အစီးပုံ ဖြစ်သွားမယ်။+ ၁၂  မြင်းတွေက ကျောက်ဆောင်ပေါ်မှာ ပြေးပါ့မလား။ လူက ကျောက်ဆောင်ပေါ်မှာ လယ်ထွန်ပါ့မလား။ မင်းတို့က တရားမျှတမှုကို အဆိပ်ပင် ဖြစ်စေတယ်။ ဖြောင့်မတ်မှုရဲ့ အသီးအပွင့်တွေကို ဒေါန* ဖြစ်စေတယ်။+ ၁၃  တန်ဖိုးမရှိတဲ့အရာအတွက် ဝမ်းမြောက်တယ်။ “ငါတို့က ကိုယ့်အစွမ်းအစကြောင့် တန်ခိုးအာဏာ* ရလာတာ မဟုတ်လား” လို့ပြောကြတယ်။+ ၁၄  ဒါကြောင့် အစ္စရေးအမျိုး၊ မင်းတို့ကိုတိုက်ဖို့ လူမျိုးတစ်မျိုးကို ငါခေါ်လာမယ်။+ သူတို့က မင်းတို့ကို ဟာမတ်လမ်းဝကနေ+ အရာဗာသဲချောင်းအထိ ဖိနှိပ်လိမ့်မယ်။’ ဒါဟာ ဗိုလ်ခြေတို့ရဲ့ဘုရား ယေဟောဝါပြောတဲ့ စကားပဲ။”

အောက်ခြေမှတ်ချက်များ

အစ္စရေးနဲ့ ယုဒပြည်ထက်။
ခက်ဆစ်ကိုကြည့်။
မူရင်း၊ “ဦးချို။”