အာမုတ် ၈:၁-၁၄

  • နွေ​သီး​နှံ​ထည့်​ထား​တဲ့​တောင်း စိတ်​အာ​ရုံ (၁-၃)

  • ဖိ​နှိပ်​သူ​တွေ​ကို ပြစ်​တင်​ရှုတ်​ချ (၄-၁၄)

    • ယေဟောဝါ​ရဲ့​စကား​တွေ​ကို ငတ်​မွတ်​တဲ့​ဘေး (၁၁)

 အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ​က ကျွန်​တော့်​ကို နွေ​သီးနှံ* ထည့်​ထား​တဲ့ တောင်း​တစ်​တောင်း ပြတယ်။ ၂  အဲဒီ​နောက် ဘုရား​သခင်​က “အာမုတ်၊ ဘာ​မြင်​ရ​လဲ” လို့​မေး​တဲ့​အခါ “နွေ​သီး​နှံ​ထည့်​ထား​တဲ့ တောင်း​ကို မြင်​ပါ​တယ်” လို့​ဖြေတယ်။ ဒါ​နဲ့ ယေဟောဝါ​က “ငါ့​လူမျိုး​အစ္စရေးတွေရဲ့ အဆုံး ရောက်​လာ​ပြီ။ သူတို့​ကို ငါ ခွင့်မ​လွှတ်​တော့​ဘူး။+ ၃  ‘အဲဒီ​နေ့​ကျ​ရင် ဗိမာန်​မှာ​ဆို​တဲ့ သီချင်း​သံ​တွေ​ဟာ ငို​ကြွေး​မြည်​တမ်း​သံ​တွေ ဖြစ်​သွား​လိမ့်​မယ်။+ လူ​သေအလောင်း​တွေ​ကို နေ​ရာ​တ​ကာ စွန့်​ပစ်​ထား​လိမ့်​မယ်။+ တိတ်​ဆိတ်​သွား​လိမ့်​မယ်။’ ဒါ​ဟာ အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။  ၄  ဆင်း​ရဲ​သား​တွေ​ကို နင်း​ခြေ​သူတို့၊တိုင်း​ပြည်​မှာ​ရှိ​တဲ့ နူး​ညံ့​သိမ်​မွေ့​သူ​တွေ​ကို ဇာတ်​သိမ်း​ပစ်​သူတို့၊+ နား​ထောင်​ကြ။  ၅  ‘လ​ဆန်း​ပွဲ ဘယ်​တော့​ပြီး​မှာ​လဲ။+ ကောက်​နှံ​တွေ ရောင်း​ချင်​လှ​ပြီ။ ဥ​ပုသ်​နေ့ ဘယ်​တော့​ပြီး​မှာ​လဲ။+ ကောက်​နှံ​တွေ ရောင်း​ချင်​လှ​ပြီ။ ဧ​ဖာ* တောင်း​ကို သေး​အောင်၊ရှယ်​ကယ်* အလေး​ကို ကြီး​အောင်​လုပ်​ပြီးမမှန်​တဲ့​ချိန်​ခွင်​တွေ​ကို သုံး​ချင်​လှ​ပြီ။+  ၆  ဒါ​မှ နွမ်း​ပါး​သူ​တွေ​ကို ငွေ​နဲ့​ဝယ်​ပြီးဆင်း​ရဲ​သား​ကို ဖိ​နပ်​တစ်​ရန်​စာ​နဲ့ ဝယ်​နိုင်​မှာ။+ အညံ့​စား​ကောက်​နှံ​တွေ​ကို ရောင်း​နိုင်​မှာ’ လို့ မင်း​တို့​ပြော​ကြ​တယ်။  ၇  ယာကုပ်​ရဲ့ ဘုန်း​ကျက်​သရေ​ဖြစ်​တဲ့ ယေဟောဝါ​က ကိုယ့်​ကိုယ်​ကိုယ် တိုင်​တည်​ကျိန်​ဆို​တယ်–+ ‘သူတို့​ရဲ့​လုပ်​ရပ်တွေ​ကို ငါ ဘယ်​တော့​မှ မမေ့​ဘူး။+  ၈  ဒါ​ကြောင့် တိုင်း​ပြည်​ဟာ ဖိမ့်​ဖိမ့်​တုန်​နေ​လိမ့်​မယ်။ ပြည်​သူ​ပြည်​သား​တွေ ညည်း​တွား​ငို​ကြွေး​လိမ့်​မယ်။+ တစ်​တိုင်း​ပြည်​လုံး နိုင်း​မြစ်​လို ထကြွ​လိမ့်​မယ်။ အီဂျစ်​ပြည်​မှာ​ရှိ​တဲ့ နိုင်း​မြစ်​လို လှိုင်း​လေ​ထန်​ပြီး ပြန်​ငြိမ်​ကျ​သွား​လိမ့်​မယ်။’+  ၉  အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ​ပြော​တာ​က– ‘အဲဒီ​နေ့​ကျ​ရင် ငါ​က မွန်း​တည့်​ချိန်​မှာ နေ​ဝင်​စေ​မယ်။ နေ​သာ​တဲ့​နေ့​မှာ တိုင်း​ပြည်​ကို မှောင်​မိုက်​စေ​မယ်။+ ၁၀  မင်း​တို့​ရဲ့ ပွဲ​တော်တွေ​ကို ညည်း​တွား​ငို​ကြွေး​စ​ရာ ဖြစ်​စေ​မယ်။+ သီချင်း​တွေ​ကို ငို​ချင်း​တွေ ဖြစ်​စေ​မယ်။ မင်း​တို့​ကို အထည်​ကြမ်း* ဝတ်​စေ​မယ်။ ခေါင်း​တုံး​ဖြစ်​စေ​မယ်။ တစ်​ဦး​တည်း​သော​သား​အတွက် ညည်း​တွား​ငို​ကြွေး​ရ​တဲ့​နေ့​လို ဖြစ်​စေ​မယ်။ အဲဒီ​နေ့​ကို ခါး​သီး​နာ​ကြည်း​စရာတွေ​နဲ့ အဆုံး​တိုင်​စေ​မယ်။’ ၁၁  အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ ပြော​တာ​က– ‘တိုင်း​ပြည်​မှာ အငတ်​ဘေး​ကို ငါ​စေ​လွှတ်​မယ့်​နေ့​တွေ ရောက်​တော့​မယ်။ အစာ​ခေါင်း​ပါး​တဲ့​ဘေး၊ ရေ​ငတ်​တဲ့​ဘေး မဟုတ်​ဘူး။ ယေဟောဝါ​ရဲ့ စကား​တွေ​ကို ငတ်​မွတ်​တဲ့​ဘေး ဖြစ်​လိမ့်​မယ်။+ ၁၂  သူတို့​က ပင်လယ်​တစ်​ခု​က​နေ တစ်​ခု​ဆီ၊မြောက်​အရပ်​က​နေ အရှေ့​အရပ်​ဆီ ဒ​ယိမ်း​ဒ​ယိုင် သွား​ကြ​လိမ့်​မယ်။ ယေဟောဝါ​ရဲ့​စကား​ကို လှည့်​လည်​ရှာ​ဖွေ​ကြ​လိမ့်​မယ်။ ဒါ​ပေမဲ့ ရှာ​တွေ့​မှာ မဟုတ်​ဘူး။ ၁၃  အဲဒီ​နေ့​မှာ လှ​ပတဲ့​အပျို​စင်​တွေ၊ လူပျို​တွေ​ဟာရေ​ငတ်​လို့ မေ့​မြော​သွား​လိမ့်​မယ်။ ၁၄  ရှ​မာ​ရိရဲ့ မှား​ယွင်း​တဲ့​ဘု​ရားတွေ​ကို တိုင်​တည်​ပြီး သစ္စာ​ဆို​သူ​တွေ၊+ “အို ဒန်​မြို့၊ အသက်​ရှင်​နေ​တဲ့ ငါ​တို့​ရဲ့​ဘု​ရား​ကို တိုင်​တည်​ပြီး သစ္စာ​ဆို​မယ်၊”+“ဗေ​ရရှေ​ဘ​မြို့​ရဲ့​လမ်း​ကို တိုင်​တည်​ပြီး သစ္စာ​ဆို​မယ်”+ လို့ ပြော​နေ​သူ​တွေ ကျ​ဆုံး​သွား​လိမ့်​မယ်။ ပြန်​ ထ​လာ​တော့​မှာ မဟုတ်​ဘူး။’”+

အောက်ခြေမှတ်ချက်များ

သဖန်း​သီး​နဲ့ စွန်​ပလွံ​သီး ဖြစ်​နိုင်။
ခက်​ဆစ်​ကို​ကြည့်။