ဧဇရ ၁:၁-၁၁

  • ဗိမာန်တော် ပြန်တည်ဆောက်ဖို့ ဆိုင်းရပ် အမိန့်ထုတ် (၁-၄)

  • ပြည်နှင်ခံတွေ ဗာဗုလုန်ကပြန်လာဖို့ ပြင်ဆင် (၅-၁၁)

 ပါးရှားဘုရင် ဆိုင်းရပ်+ နန်းစံပထမနှစ်မှာ သူ့စိတ်ကို ယေဟောဝါ လှုံ့ဆော်တယ်။ ယေရမိကတစ်ဆင့် ယေဟောဝါ ပြောခဲ့တဲ့စကားတွေ+ ပြည့်စုံစေဖို့ပဲ။ ဘုရင်က နိုင်ငံတစ်ဝန်းလုံးမှာ အမိန့်တော်စာ ထုတ်ပြန်ပြီး အခုလို ကြေညာစေတယ်–+ ၂  “ပါးရှားဘုရင် ဆိုင်းရပ်ရဲ့ အမိန့်တော်– ‘ကောင်းကင်အုပ်စိုးရှင် ယေဟောဝါဘုရားက  ငါ့ကို  ကမ္ဘာ့တိုင်းနိုင်ငံအားလုံး ပေးအပ်ပြီ။+ ယုဒပြည်၊ ဂျေရုဆလင်မြို့မှာ  အိမ်တော်တည်ဆောက်ပါလို့လည်း  တာဝန်ပေးလိုက်ပြီ။+ ၃  လူမျိုးတော်ထဲမှာပါတဲ့ မင်းတို့အားလုံးနဲ့အတူ ဘုရားသခင်ရှိပါစေ။ ယုဒပြည်၊ ဂျေရုဆလင်မြို့ကို သွားစေ။ ဂျေရုဆလင်မြို့မှာရှိတဲ့ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့အိမ်တော်ကို ပြန်တည်ဆောက်စေ။ အဲဒီဘုရားဟာ စစ်မှန်တဲ့ ဘုရားသခင်ပဲ။ ၄  တိုင်းတစ်ပါးသားအဖြစ် ဘယ်မှာပဲ နေထိုင်နေပါစေ+ သူ့အိမ်နီးချင်းတွေက ရွှေငွေတွေ၊ ဥစ္စာပစ္စည်းတွေ၊ တိရစ္ဆာန်တွေကို ထည့်ပေးလိုက်ရမယ်။ ဂျေရုဆလင်မြို့မှာရှိတဲ့ ဘုရားသခင်ရဲ့ အိမ်တော်အတွက် စေတနာအလျောက်ပေးတဲ့ အလှူတွေကိုလည်း ထည့်ပေးလိုက်ရမယ်။+ ဒီနည်းနဲ့ သူတို့ကို ကူညီထောက်မရမယ်။’” ၅  အဲဒီအခါ ယုဒအနွယ်နဲ့ ဗင်ယာမိန်အနွယ်ရဲ့ ဆွေမျိုးစု ခေါင်းဆောင်တွေ၊ ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေရဲ့ စိတ်ကို ဘုရားသခင် လှုံ့ဆော်ပေးတယ်။ ဒါကြောင့် သူတို့က ဂျေရုဆလင်မြို့ကို တက်သွားပြီး ယေဟောဝါရဲ့အိမ်တော်ကို ပြန်တည်ဆောက်ဖို့ အသင့်ပြင်ကြတယ်။ ၆  သူတို့ရဲ့ အိမ်နီးချင်းတွေကလည်း စေတနာအလျောက်ပေးတဲ့ အလှူတွေအပြင် ရွှေထည်ငွေထည်တွေ၊ ဥစ္စာပစ္စည်းတွေ၊ တိရစ္ဆာန်တွေ၊ တန်ဖိုးကြီးပစ္စည်းတွေပေးပြီး  ကူညီကြတယ်။ ၇  နေဗုခဒ်နေဇာက ယေဟောဝါရဲ့အိမ်တော် အသုံးအဆောင်ပစ္စည်းတွေကို ဂျေရုဆလင်မြို့ကနေ သိမ်းယူလာပြီး သူ့ဘုရားဗိမာန်မှာ ထည့်ထားခဲ့တယ်။  အဲဒီပစ္စည်းတွေကို  ပါးရှားဘုရင်ဆိုင်းရပ်က ထုတ်ပေးတယ်။+ ၈  ဘဏ္ဍာထိန်း မိသရေဒတ်ရဲ့ ကြီးကြပ်မှုအောက်မှာ အဲဒီပစ္စည်းတွေကို ထုတ်လာခိုင်းတယ်။ သူက ပစ္စည်းစာရင်းလုပ်ပြီးနောက် ယုဒခေါင်းဆောင် ရှေရှဗာဇာကို*+ အပ်လိုက်တယ်။ ၉  ပစ္စည်းစာရင်းထဲမှာ ရွှေတောင်း ၃၀၊ ငွေတောင်း ၁,၀၀၀၊ တခြားခွက် ၂၉ လုံး၊ ၁၀  ရွှေဖလားငယ် ၃၀၊ ငွေဖလားငယ်  ၄၁၀၊  တခြားအသုံးအဆောင်ပစ္စည်း ၁,၀၀၀ ပါတယ်။ ၁၁  ရွှေထည်ငွေထည်ပစ္စည်း စုစုပေါင်း ၅,၄၀၀ ရှိတယ်။ ရှေရှဗာဇာက ပြည်နှင်ခံရသူတွေ+ ဗာဗုလုန်မြို့ကနေ ဂျေရုဆလင်မြို့ကို ပြန်လာချိန်မှာ အဲဒီပစ္စည်းအားလုံးကို သယ်လာတယ်။

အောက်ခြေမှတ်ချက်များ

ဧဇ ၂:၂၃:၈ မှာပါတဲ့ “ဇေရုဗဗေလ” ဖြစ်နိုင်။