ဧဇရ ၁၀:၁-၄၄
၁၀ ဧဇရက စစ်မှန်တဲ့ ဘုရားသခင်ရဲ့ အိမ်တော်ရှေ့မှာ ပျပ်ဝပ်ပြီး ငိုကြွေးနေတယ်။ အပြစ်တွေကိုဝန်ချတောင်းပန်ပြီး ဆုတောင်းနေတယ်။+ အဲဒီအချိန်မှာ အစ္စရေး ယောက်ျားမိန်းမ၊ ကလေးတွေအပါအဝင် လူအုပ်ကြီးဟာ သူ့အနား စုရုံးလာတယ်။ လူတွေလည်း အကြီးအကျယ် ငိုကြွေးကြတယ်။
၂ အဲဒီအခါ ဧလံရဲ့ သားမြေးတွေထဲက+ ယေဟေလရဲ့သား+ ရှေခနိက ဧဇရကို “ကျွန်တော်တို့ဟာ ပတ်ဝန်းကျင် လူမျိုးတွေထဲက တိုင်းတစ်ပါးမိန်းမတွေကို လက်ထပ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ခဲ့ကြပါပြီ။+ ဒါပေမဲ့လည်း အစ္စရေးတွေအတွက် မျှော်လင့်ချက် ရှိပါသေးတယ်။
၃ အခု ယေဟောဝါရဲ့ ညွှန်ကြားချက်အတိုင်း၊ ဘုရားသခင့်ပညတ်ချက်ကို လေးစားသူတွေရဲ့+ ညွှန်ကြားချက်အတိုင်း အဲဒီမိန်းမအားလုံးကိုရော သူတို့နဲ့ရတဲ့ ကလေးတွေကိုရော စွန့်လွှတ်မယ်လို့ ဘုရားသခင်ကို ကတိပေးကြမယ်။+ ဒီကိစ္စကို ပညတ်တရားနဲ့အညီ လုပ်ဆောင်ကြမယ်။
၄ ကဲ၊ ထပါဗျာ။ ဒီကိစ္စကို ခင်ဗျားတာဝန်ယူပြီး လုပ်ဆောင်ပေးပါ။ ကျွန်တော်တို့လည်း ခင်ဗျားနဲ့အတူ ရှိနေပါတယ်။ ဒါကြောင့် သတ္တိရှိရှိ အရေးယူလုပ်ဆောင်ပါ” လို့ပြောတယ်။
၅ ဒါနဲ့ ဧဇရလည်း ထရပ်ပြီး ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေနဲ့ အစ္စရေးအားလုံးရဲ့ ခေါင်းဆောင်တွေကို အဲဒီစကားအတိုင်း လုပ်ဆောင်ပါ့မယ်လို့ သစ္စာဆိုခိုင်းတယ်။+ သူတို့လည်း သစ္စာဆိုကြတယ်။
၆ ပြီးနောက် ဧဇရက ဘုရားသခင့်အိမ်တော်ရှေ့ကနေ ထပြီး ဧလျာရှိပ်ရဲ့သား ယေဟောဟနန်ရဲ့ အခန်းကို သွားတယ်။ အဲဒီကို သွားပေမဲ့ ဘာမှ မစားမသောက်ဘူး။ ပြည်နှင်ခံတွေရဲ့ သစ္စာမဲ့မှုကြောင့် သူ ဝမ်းနည်းနေလို့ပဲ။+
၇ အဲဒီနောက် ပြည်နှင်ခံဖြစ်ခဲ့ဖူးသူအားလုံး ဂျေရုဆလင်မြို့မှာ စုဝေးရမယ်ဆိုပြီး ယုဒပြည်နဲ့ ဂျေရုဆလင်မြို့ တစ်လျှောက်လုံးမှာ ကြေညာခိုင်းတယ်။
၈ သုံးရက်အတွင်းမရောက်လာသူတိုင်း ခေါင်းဆောင်တွေနဲ့ အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်အရ ပစ္စည်းဥစ္စာအားလုံး သိမ်းယူခံရမယ့်အပြင် ကိုယ်တိုင်လည်း ပြည်နှင်ခံလူစုလူဝေးထဲကနေ နှင်ထုတ်ခံရမှာဖြစ်တယ်။+
၉ ဒါကြောင့် ယုဒနဲ့ ဗင်ယာမိန်အနွယ်ဝင် ယောက်ျားအားလုံး သုံးရက်အတွင်း ဂျေရုဆလင်မြို့မှာ စုဝေးကြတယ်။ ကိုးလပိုင်း ၂၀ ရက်နေ့မှာ ဖြစ်တယ်။ ဘုရားသခင့်အိမ်တော်ရင်ပြင်မှာ လူအားလုံး ထိုင်နေကြတယ်။ အရေးပေါ်အစည်းအဝေး ဖြစ်တာကြောင့်ရော၊ မိုးသည်းထန်နေတာကြောင့်ရော လူတွေတုန်လှုပ်နေကြတယ်။
၁၀ အဲဒီအခါ ပုရောဟိတ်ဧဇရက ထရပ်ပြီး “ခင်ဗျားတို့ဟာ တိုင်းတစ်ပါးမိန်းမတွေကို လက်ထပ်ပြီး သစ္စာဖောက်ခဲ့ကြပြီ။+ ဒီနည်းနဲ့ အစ္စရေးတွေကို အပြစ်များသည်ထက် များအောင် လုပ်ခဲ့ကြပြီ။
၁၁ အခု ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါဆီမှာ အပြစ်တွေ ဝန်ချတောင်းပန်ပြီး အလိုတော်အတိုင်း လုပ်ဆောင်ကြပါ။ ပတ်ဝန်းကျင်လူမျိုးတွေနဲ့ ကင်းကင်းရှင်းရှင်းနေပြီး တိုင်းတစ်ပါးမိန်းမတွေနဲ့လည်း လမ်းခွဲကြပါ”+ လို့ ပြောတယ်။
၁၂ လူအားလုံးကလည်း “ခင်ဗျားပြောတဲ့အတိုင်း ကျွန်တော်တို့ လုပ်ပါ့မယ်။
၁၃ ဒါပေမဲ့ ဒီမှာလူတွေအများကြီးပဲ။ မိုးသည်းတဲ့ရာသီလည်း ဖြစ်နေတော့ ကျွန်တော်တို့ အိမ်ပြင်မှာ ရပ်မနေနိုင်ပါဘူး။ ကျွန်တော်တို့ အကြီးအကျယ် ကလန်ကဆန် လုပ်ခဲ့ကြလို့ ဒီကိစ္စဟာ တစ်ရက်နှစ်ရက်တည်းနဲ့ ပြီးမယ့်ကိစ္စမဟုတ်ပါဘူး။
၁၄ ဒါကြောင့် ခေါင်းဆောင်တွေက လူတစ်စုလုံးအတွက် တာဝန်ယူဖြေရှင်းပေးပါ။+ မြို့ရွာတွေမှာ တိုင်းတစ်ပါးမိန်းမတွေနဲ့ လက်ထပ်ထားသူအားလုံးကတော့ ကိုယ့်မြို့ရွာမှာရှိတဲ့ အကြီးအကဲတွေ၊ တရားသူကြီးတွေနဲ့အတူ သတ်မှတ်ထားချိန်အတွင်း အရောက်လာခဲ့ပါမယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘုရားသခင်အမျက်ပြေသွားအောင် အဲဒီလို လုပ်ဆောင်ပါ့မယ်” လို့ အသံကျယ်ကြီးနဲ့ ပြောကြတယ်။
၁၅ ဒါကို အာသဟေလရဲ့သား ယောနသန်နဲ့ တိကဝရဲ့သား ယဟာဇိတို့က ကန့်ကွက်တယ်။ အဲဒီလိုကန့်ကွက်တာကို လေဝိအမျိုးသား မေရှုလံနဲ့ ရှဗေသဲတို့က+ ထောက်ခံတယ်။
၁၆ ပြည်နှင်ခံဖြစ်ခဲ့ဖူးသူတွေကတော့ သဘောတူထားတဲ့အတိုင်း လုပ်ဆောင်ကြတယ်။ ပုရောဟိတ်ဧဇရ၊ နာမည်နဲ့ရွေးချယ်ထားတဲ့ ဆွေမျိုးစုခေါင်းဆောင်တွေက ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ ဆယ်လပိုင်း တစ်ရက်နေ့မှာ သီးသန့်စည်းဝေးကြတယ်။
၁၇ တစ်လပိုင်း တစ်ရက်နေ့မှာတော့ တိုင်းတစ်ပါးမိန်းမတွေနဲ့ လက်ထပ်ထားတဲ့ အမျိုးသားအားလုံးကို စုံစမ်းစစ်ဆေးလို့ ပြီးသွားတယ်။
၁၈ ပုရောဟိတ်တွေရဲ့ သားတချို့လည်း တိုင်းတစ်ပါးမိန်းမတွေနဲ့ လက်ထပ်ထားမှန်း သိလိုက်ရတယ်။+ သူတို့ကတော့ ယောဇဒက်ရဲ့သား ယေရွှာရဲ့ သားတွေနဲ့+ ယေရွှာရဲ့ ညီအစ်ကိုတွေဖြစ်တဲ့ မာသေယ၊ ဧလျာဇာ၊ ယာရိပ်၊ ဂေဒလိတို့ဖြစ်တယ်။
၁၉ ဒါပေမဲ့ သူတို့လည်း ဇနီးတွေကို စွန့်မယ်လို့ ကတိပြုကြတယ်။ သူတို့ကျူးလွန်ခဲ့တဲ့ အပြစ်အတွက် သိုးထီးတစ်ကောင်ကို ပူဇော်ကြတယ်။+
၂၀ ဒါ့အပြင် အိမေရရဲ့ သားမြေးတွေထဲက+ ဟာနေနိ၊ ဇေဗဒိ၊
၂၁ ဟာရိမ်ရဲ့ သားမြေးတွေထဲက+ မာသေယ၊ ဧလိယ၊ ရှေမာယ၊ ယေဟေလ၊ ဩဇိ၊
၂၂ ပါရှုရရဲ့ သားမြေးတွေထဲက+ ဧလိသြနဲ၊ မာသေယ၊ အိရှမေလ၊ နာသနေလ၊ ယောဇဗတ်၊ ဧလာသ။
၂၃ လေဝိအမျိုးသားတွေထဲက ယောဇဗတ်၊ ရှိမိ၊ ကေလာယ (ကေလိတ)၊ ပေသဟိ၊ ယုဒ၊ ဧလျာဇာ၊
၂၄ သီချင်းသည်တွေထဲက ဧလျာရှိပ်၊ တံခါးစောင့်တွေထဲက ရှလုံ၊ တေလင်၊ ဥရိ။
၂၅ အစ္စရေးတွေထဲမှာ ပါရုတ်ရဲ့ သားမြေးတွေထဲက+ ရာမိ၊ ယေဇိ၊ မာလခိယ၊ မိယာမိန်၊ ဧလာဇာ၊ မာလခိယ၊ ဗေနာယ၊
၂၆ ဧလံရဲ့သားမြေးတွေထဲက+ မသနိ၊ ဇာခရိ၊ ယေဟေလ၊+ အာဗဒိ၊ ယေရမုတ်၊ ဧလိယ၊
၂၇ ဇတ်တုရဲ့ သားမြေးတွေထဲက+ ဧလိသြနဲ၊ ဧလျာရှိပ်၊ မသနိ၊ ယေရမုတ်၊ ဇာဗဒ်၊ အာဇိဇ၊
၂၈ ဗေဗဲရဲ့ သားမြေးတွေထဲက+ ယေဟောဟနန်၊ ဟာနနိ၊ ဇဗဲ၊ အာသလဲ၊
၂၉ ဗာနိရဲ့ သားမြေးတွေထဲက မေရှုလံ၊ မာလုတ်၊ အဒါယ၊ ယာရှုပ်၊ ရှာလ၊ ယေရမုတ်၊
၃၀ ပါဟတ်မောဘရဲ့ သားမြေးတွေထဲက+ အာဒန၊ ခေလာလ၊ ဗေနာယ၊ မာသေယ၊ မသနိ၊ ဗေဇလေလ၊ ဗိနွိ၊ မနာရှေ၊
၃၁ ဟာရိမ်ရဲ့ သားမြေးတွေထဲက+ ဧလျာဇာ၊ အိရှိယ၊ မာလခိယ၊+ ရှေမာယ၊ ရှိမိန်၊
၃၂ ဗင်ယာမိန်၊ မာလုတ်၊ ရှေမရိ၊
၃၃ ဟာရှုံရဲ့ သားမြေးတွေထဲက+ မာတနဲ၊ မာတသာ၊ ဇာဗဒ်၊ ဧလိဖလက်၊ ယေရမဲ၊ မနာရှေ၊ ရှိမိ၊
၃၄ ဗာနိရဲ့ သားမြေးတွေထဲက မေဒဲ၊ အာမရံ၊ ဝေလ၊
၃၅ ဗေနာယ၊ ဗေဒိ၊ ခေလု၊
၃၆ ဝါနိ၊ မေရမုတ်၊ ဧလျာရှိပ်၊
၃၇ မသနိ၊ မာတနဲ၊ ယာသော၊
၃၈ ဗိနွိရဲ့ သားမြေးတွေထဲက ရှိမိ၊
၃၉ ရှေလမိ၊ နာသန်၊ အဒါယ၊
၄၀ မာခနဒေဗဲ၊ ရှာရှဲ၊ ရှာရဲ၊
၄၁ အာဇာရေလ၊ ရှေလမိ၊ ရှေမရိ၊
၄၂ ရှလုံ၊ အာမရိ၊ ယောသပ်၊
၄၃ နေဗောမြို့ သားတွေထဲက ယေယေလ၊ မာတသိ၊ ဇာဗဒ်၊ ဇေဗိန၊ ယာဒါ၊ ယောလ၊ ဗေနာယ။
၄၄ သူတို့အားလုံးက တိုင်းတစ်ပါး မိန်းမတွေ နဲ့ လက်ထပ်ထားပေမဲ့+ အဲဒီမိန်းမတွေကိုရော၊ သူတို့နဲ့ရတဲ့ ကလေးတွေကိုရော စွန့်လွှတ်လိုက်ကြတယ်။+