ဧဇရ ၃:၁-၁၃

  • ပူဇော်ရာပလ္လင် ပြန်တည်၊ ပူဇော်သက္ကာတွေ ဆက်သ (၁-၇)

  • ဗိမာန်တော်ပြန်တည်ဆောက်တဲ့လုပ်ငန်း စတင် (၈၊ ၉)

  • ဗိမာန်တော် အုတ်မြစ်ချ (၁၀-၁၃)

 ကိုယ့်မြို့ကိုယ့်ရွာတွေမှာ အခြေချနေထိုင်တဲ့  အစ္စရေးတွေဟာ ခုနစ်လပိုင်း+ ရောက်တဲ့အခါ ဂျေရုဆလင်မြို့မှာ တစ်စုတစ်ဝေးတည်း စုရုံးလာကြတယ်။ ၂  ယောဇဒက်ရဲ့သား ယေရွှာနဲ့+ အပေါင်းပါပုရောဟိတ်တွေ၊ ရှာလသေလရဲ့သား+ ဇေရုဗဗေလနဲ့+ သူ့ညီအစ်ကိုတွေက အစ္စရေးတွေကိုးကွယ်တဲ့ ဘုရားသခင်ရဲ့ ပူဇော်ရာပလ္လင်ကို တည်ကြတယ်။ စစ်မှန်တဲ့ ဘုရားသခင်ရဲ့လူ  မောရှေရေးခဲ့တဲ့ ပညတ်ကျမ်းမှာ ပါတဲ့အတိုင်း မီးရှို့ရာပူဇော်သက္ကာတွေ ပူဇော်နိုင်ဖို့ဖြစ်တယ်။+ ၃  သူတို့က ပတ်ဝန်းကျင်လူမျိုးတွေကို ကြောက်ပေမဲ့လည်း ပူဇော်ရာပလ္လင်ကို နဂိုနေရာမှာ တည်လိုက်တယ်။+ ပြီးတော့ ယေဟောဝါအတွက် မနက်ပိုင်းနဲ့ ညနေပိုင်း  မီးရှို့ရာပူဇော်သက္ကာတွေကို  စပြီးပူဇော်ကြတယ်။+ ၄  အဲဒီနောက် ပညတ်ကျမ်းမှာ ရေးထားတဲ့အတိုင်း  တဲနေပွဲကို  ကျင်းပတယ်။+ မီးရှို့ရာပူဇော်သက္ကာတွေကို  တစ်ရက်စီအတွက် သတ်မှတ်ထားတဲ့  အရေအတွက်အတိုင်း နေ့စဉ် ဆက်သကြတယ်။+ ၅  ပြီးတဲ့နောက် ပုံမှန်မီးရှို့ရာအလှူကို ဆက်သတယ်။+ လဆန်းနေ့တွေနဲ့+ ယေဟောဝါရဲ့ မြင့်မြတ်တဲ့ ပွဲတော်ရာသီတွေမှာ+ ဆက်သရမယ့် အလှူတွေအပြင် ယေဟောဝါအတွက် စေတနာစိတ်နဲ့ လှူဒါန်းသူတွေရဲ့ အလှူတွေကိုလည်း ဆက်သကြတယ်။+ ၆  ယေဟောဝါရဲ့ ဗိမာန်တော်ကို အုတ်မြစ်မချရသေးပေမဲ့ ခုနစ်လပိုင်း၊ တစ်ရက်နေ့ကစပြီး+ ယေဟောဝါအတွက် မီးရှို့ရာပူဇော်သက္ကာတွေကို  ပူဇော်ကြတယ်။ ၇  ပြီးနောက် ကျောက်ဆစ်သမားတွေ၊+ လက်မှုပညာသည်တွေကို+ ငွေပေးတယ်။ ပါးရှားဘုရင် ဆိုင်းရပ်ရဲ့ အမိန့်နဲ့+ သစ်ကတိုးသားတွေကို လက်ဘနွန်ကနေ  ပင်လယ်လမ်းအတိုင်း ယုပ္ပေမြို့အထိ မျှောချပေးတဲ့ ဆိုင်ဒုန်နဲ့ တိုင်ရာလူမျိုးတွေကို+  စားနပ်ရိက္ခာတွေ၊ ဆီတွေ ပေးတယ်။ ၈  ဂျေရုဆလင်မြို့မှာရှိတဲ့ ဘုရားသခင့်အိမ်တော်ကို ရောက်လာပြီးတဲ့နောက် ဒုတိယနှစ်၊ ဒုတိယလမှာ ရှာလသေလရဲ့သား ဇေရုဗဗေလ၊ ယောဇဒက်ရဲ့သား ယေရွှာ၊ ကျန်တဲ့ညီအစ်ကိုတွေ၊ ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေ၊ သုံ့ပန်းဘဝကနေ ဂျေရုဆလင်မြို့ကို ပြန်လာသူတွေ+ အားလုံးက အိမ်တော်ပြန်တည်ဆောက်တဲ့ လုပ်ငန်းကို စတင်ကြတယ်။ ပြီးတော့ သူတို့က အသက် ၂၀ ပြည့်ပြီးသား လေဝိအမျိုးသားတွေကို ယေဟောဝါရဲ့ အိမ်တော်လုပ်ငန်းမှာ  ကြီးကြပ်စေတယ်။ ၉  ယေရွှာနဲ့ သားတွေ၊ ညီအစ်ကိုတွေ၊ ကာဒမေလနဲ့ သားတွေ၊ ယုဒရဲ့သားမြေးတွေက လေဝိအမျိုးသားတွေဖြစ်တဲ့ ဟေနဒဒ်ရဲ့သားမြေးတွေ၊+ သူတို့ရဲ့သားတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ ပူးပေါင်းပြီး ဘုရားသခင့်အိမ်တော် တည်ဆောက်တဲ့  လုပ်သားတွေကို  ကြီးကြပ်တယ်။ ၁၀  ယေဟောဝါရဲ့ ဗိမာန်တော်ကို အုတ်မြစ်ချပြီးတဲ့အခါ+  ဝတ်စုံဝတ်ထားတဲ့ ပုရောဟိတ်တွေက ခရာတွေကိုင်ပြီး၊+ အာသပ်ရဲ့သားမြေး  လေဝိအမျိုးသားတွေက လင်းကွင်းတွေကိုင်ပြီး အစ္စရေးဘုရင်ဒါဝိဒ် ညွှန်ကြားခဲ့တဲ့အတိုင်း ယေဟောဝါကို ချီးမွမ်းဖို့ ရပ်နေကြတယ်။+ ၁၁  အဲဒီနောက် “ဘုရားသခင်ဟာ ကောင်းမြတ်တယ်။ အစ္စရေးတွေအပေါ်ထားတဲ့ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ်တည်မြဲတယ်”+ ဆိုပြီး ထပ်ကျော့သီဆိုရင်း+ ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းကြတယ်။ ယေဟောဝါရဲ့အိမ်တော်ကို အုတ်မြစ်ချပြီးသွားတဲ့အတွက် ယေဟောဝါကို အသံကျယ်ကြီးနဲ့ လူတွေ ချီးမွမ်းကြတယ်။ ၁၂  အဲဒီလို အုတ်မြစ်ချပြီးသွားတာကို မြင်တဲ့အခါ အရင်အိမ်တော်ကို မြင်ဖူးတဲ့+ အသက်ကြီးပိုင်း ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေ၊ ဆွေမျိုးစုခေါင်းဆောင်တွေ ငိုကြွေးကြတယ်။ လူအများစုကတော့ ဝမ်းသာအားရ ကြွေးကြော်နေကြတယ်။+ ၁၃  ဒါကြောင့် ဝမ်းသာအားရ ကြွေးကြော်သံလား၊ ငိုကြွေးသံလားဆိုတာ မသိနိုင်တော့ဘူး။ လူတွေ အသံကျယ်ကြီးနဲ့ ကြွေးကြော်နေတာကို အဝေးကြီးကတောင် ကြားရတယ်။

အောက်ခြေမှတ်ချက်များ