ဧဇရ ၆:၁-၂၂

  • ဒါ​ရိ​မင်း​ရဲ့ ရှာ​ဖွေ​စစ်​ဆေး​မှု၊ အမိန့်​တော် (၁-၁၂)

  • ဗိမာန်​တော် ဆောက်​လုပ်​ပြီး​စီး၊ အပ်​နှံ​ပွဲ (၁၃-၁၈)

  • ပသခါ​ပွဲ ကျင်း​ပ (၁၉-၂၂)

 အဲဒီ​အခါ ဒါ​ရိ​မင်း အမိန့်​ထုတ်​လိုက်​တဲ့​အတွက် ဗာ​ဗု​လုန်​မြို့​ရဲ့ ဘဏ္ဍာတွေ​ထား​တဲ့ မော်​ကွန်း​တိုက်​တွေ​မှာ ရှာ​ဖွေ​စစ်​ဆေး​ကြ​တယ်။ ၂  ဒါ​နဲ့ မီး​ဒီး​ယား​ခ​ရိုင်၊  အက်​ဘာ​တ​နာ​မြို့​က  ရဲ​တိုက်​မှာ စာ​လိပ်​တစ်​လိပ် တွေ့​သွား​တယ်။ အဲဒီ​စာ​လိပ်​မှာ အခု​လို ရေး​ထား​တယ်– ၃  “ဆိုင်း​ရပ်​မင်း နန်း​စံ​ပထ​မနှစ်​မှာ ဂျေရု​ဆ​လင်​မြို့ ဘုရား​သခင့်​အိမ်​တော်​နဲ့ ပတ်​သက်​ပြီး ထုတ်​ပြန်​တဲ့​အ​မိန့်တော်–+  ‘ဂျူး​လူမျိုး​တွေ  ပူ​ဇော်​သက္ကာ ဆက်​သနိုင်​ဖို့ အိမ်​တော်​ကို ပြန်​တည်​ဆောက်​စေ။ အုတ်​မြစ်​ချ​စေ။ အိမ်တော်​ဟာ အမြင့်​အတောင် ၆၀၊* အနံ   အတောင်   ၆၀  ရှိ​ရ​မယ်။+ ၄  ကျောက်​တုံး​ကြီး​သုံး​ဆင့်​ပေါ် သစ်​သား​တစ်ဆင့်​ထပ်​ပြီး+ နံ​ရံ​တွေ​ကို တည်​ဆောက်​ရ​မယ်။ ကုန်​ကျ​စ​ရိတ်​ကို နန်း​တော်​ဘဏ္ဍာ​ထဲ​က​နေ ထုတ်​ပေး​စေ။+ ၅  ဂျေရု​ဆ​လင် ဗိမာန်​တော်​က​နေ ဗာဗု​လုန်​မြို့​ဆီ နေ​ဗု​ခ​ဒ်​နေ​ဇာ သိမ်း​ယူ​လာ​တဲ့ ရွှေ​ခွက်​ငွေ​ခွက်​တွေ​ကို​လည်း+ ဘုရား​သခင့် အိမ်​တော်​ထဲ​မှာ နေ​ရာ​တ​ကျ ပြန်​ထား​စေ။’+ ၆  “မြစ်​ကြီး* တစ်​ဖက်​ကမ်း​မှာ​ရှိ​တဲ့ ဘုရင်​ခံ တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ​နဲ့ အပေါင်း​ပါ​တို့၊ လက်​ထောက်​ဘုရင်​ခံ​တို့၊+ အဲဒီ​နေ​ရာ​နဲ့ ဝေး​ဝေး​မှာ​နေ​ကြ။ ၇  ဘုရား​သခင့်​အိမ်​တော်  တည်​ဆောက်​တဲ့​အလုပ်​ကို မနှောင့်​ယှက်​ကြ​နဲ့။ ဂျူး​ဘုရင်​ခံ​နဲ့ ဂျူး​အကြီး​အကဲ​တွေ​က အိမ်​တော်​ကို န​ဂို​နေ​ရာ​မှာ ပြန်​တည်​ဆောက် ကြ​လိမ့်​မယ်။ ၈  ဘုရား​သခင့်​အိမ်​တော်​ကို ပြန်​တည်​ဆောက်​တဲ့​အခါ ဂျူး​အကြီး​အကဲ​တွေ​အတွက် မင်း​တို့​လုပ်​ပေး​ဖို့ ငါ​ထုတ်​ပြန်​တဲ့ အမိန့်​က​တော့– သူတို့​ရဲ့​လုပ်ငန်း မရပ်​တန့်​သွား​အောင်+ ကုန်​ကျ​စ​ရိတ်​ကို မြစ်​ကြီး တစ်​ဖက်​ကမ်း​က​ရ​တဲ့ အခွန်​ငွေ​ဖြစ်​တဲ့ ဘု​ရင့်​ဘဏ္ဍာ​ထဲ​က​နေ ချက်​ချင်း ထုတ်​ပေး​ရ​မယ်။+ ၉  ဂျေရု​ဆ​လင်​မြို့​မှာ​ရှိ​တဲ့ ပု​ရော​ဟိတ်​တွေ တောင်း​ဆို​တဲ့​အတိုင်း၊ ကောင်း​ကင်​အုပ်​စိုး​ရှင် ဘုရား​သခင်​ဆီ မီး​ရှို့​ရာ​အလှူ​တွေ ပူ​ဇော်​ဖို့ နွား​ထီး​လေး​တွေ၊+ သိုး​ထီး​တွေ၊+ သိုး​သငယ်​တွေ၊+ ဂျုံ၊+ ဆား၊+ စ​ပျစ်​ဝိုင်၊+ ဆီ+ စ​သဖြင့် လို​အပ်​တာ​တွေ​ကို နေ့​စဉ် မပျက်​မကွက် ပေး​ရ​မယ်။ ၁၀  ဒါ​မှ သူတို့​က ကောင်း​ကင်​အုပ်​စိုး​ရှင် ဘုရား​သခင်​နှစ်​သက်​တဲ့ အလှူ​တွေ​ကို မပြတ်​ဆက်​သနိုင်​မယ်၊ ဘုရင်​နဲ့​သား​မြေး​တွေ အသက်​ရှည်​ဖို့ ဆုတောင်း​ပေး​နိုင်​မယ်။+ ၁၁  တစ်​ယောက်​ယောက်​က ဒီ​အမိန့်​ကို မလိုက်​နာ​ရင် သူ့​အိမ်​တိုင်​ကို ဆွဲ​နုတ်၊ သူ့​ကို အဲဒီ​တိုင်​ပေါ်​တင်​ပြီး ရိုက်​ထား​စေ၊ သူ့​အိမ်​ကို​လည်း လူ​တွေ မစင်​စွန့်​တဲ့​နေ​ရာ* ဖြစ်​စေ​လို့ ငါ အမိန့်​ထုတ်​ပြန်​လိုက်​တယ်။ ၁၂  ဘုရင်​ဖြစ်​စေ၊ လူ​ဖြစ်​စေ ဒီ​အမိန့်​ကို မလိုက်​နာ​ဘဲ ဂျေရု​ဆ​လင်​မြို့​မှာ​ရှိ​တဲ့ ဘုရား​သခင့် အိမ်​တော်​ကို ဖျက်​ဆီး​ဖို့ ကြိုး​စား​မယ်​ဆို​ရင် အဲဒီ​အိမ်​တော်​မှာ မိမိ​နာ​မည်​ကို​တည်​စေ​တဲ့ ဘုရား​သခင်​က+ သူ့​ကို ဖျက်​ဆီး​ပစ်​ပါ​စေ။ ဒါ​ဟာ ငါ​ဒါ​ရိ​မင်း​ကြီး​ရဲ့ အမိန့်​ပဲ။ အမိန့်​တော်​အတိုင်း ချက်​ချင်း​လိုက်​နာ​စေ။” ၁၃  အဲဒီ​အခါ မြစ်​ကြီး တစ်​ဖက်​ကမ်း​မှာ​ရှိ​တဲ့ ဘုရင်​ခံ​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ​နဲ့+ အပေါင်း​ပါ​တွေ​လည်း ဒါ​ရိ​မင်း​ရဲ့​အမိန့်​ကို ချက်​ချင်း လိုက်​နာ​ကြ​တယ်။ ၁၄  ပရော​ဖက်​ဟဂ္ဂဲ​နဲ့+ အိ​ဒေါ​ရဲ့​မြေး ဇာခရိ​ရဲ့+ ပရော​ဖက်​ပြု စကား​တွေ​ကြောင့် ဂျူး​အကြီး​အကဲ​တွေ အား​တက်​လာ​ပြီး ဆက်​တည်​ဆောက်​တဲ့​အတွက် အိမ်​တော်​ဟာ တ​ဖြည်း​ဖြည်း ပြီး​လာ​တယ်။+ အစ္စရေး​တို့​ရဲ့ ဘုရား​သခင့် အမိန့်​ကြောင့်၊+ ဆိုင်း​ရပ်​မင်း၊+ ဒါ​ရိ​မင်း​နဲ့+ ပါး​ရှား​ဘုရင် အာ​တ​ဇေ​ရ​ဇ်​ရဲ့ အမိန့်​ကြောင့်+ အိမ်​တော်​ကို တည်​ဆောက်​လို့ ပြီး​သွား​တယ်။ ၁၅  ဒါ​ရိ​မင်း နန်း​စံ​ခြောက်​နှစ်​မြောက်၊ အာ​ဒါ​လ* သုံး​ရက်​နေ့​မှာ အိမ်​တော်​ကို လက်​စ​သတ်​လိုက်​ကြ​တယ်။ ၁၆  အဲဒီ​နောက် အစ္စရေး​တွေ၊ ပုရော​ဟိတ်​တွေ၊  လေ​ဝိအမျိုး​သား​တွေ၊+ ပြည်​နှင်​ခံ​ဖြစ်​ခဲ့​ဖူး​သူ​တွေ​ဟာ ဘုရား​သခင့်​အိမ်​တော် အပ်​နှံ​ပွဲ​ကို ဝမ်း​သာ​အား​ရ ကျင်း​ပကြ​တယ်။ ၁၇  အိမ်​တော်​အပ်​နှံ​ပွဲ​အတွက် နွား​ထီး ၁၀၀၊ သိုး​ထီး ၂၀၀၊ သိုး​က​လေး ၄၀၀၊ အစ္စရေး​အားလုံး​အတွက် အပြစ်​ဖြေရာ​အလှူ​အဖြစ် အစ္စရေး​အနွယ်​တွေ​ရဲ့ အရေ​အတွက်​နဲ့​အညီ ဆိတ်​ထီး ၁၂ ကောင်​ကို ပူ​ဇော်​ကြ​တယ်။+ ၁၈  ပြီး​တော့ မော​ရှေ​ရဲ့​ကျမ်း​မှာ  ရေး​ထား​တဲ့​အ​တိုင်း+ ဂျေရု​ဆ​လင်​မြို့​မှာ ဘုရား​သခင်​အတွက် အမှု​ဆောင်​ဖို့ ပု​ရော​ဟိတ်​အုပ်​စု​နဲ့ လေ​ဝိအမျိုး​သား​အုပ်​စု​တွေ​ကို ခန့်​အပ်​လိုက်​တယ်။+ ၁၉  ပြည်​နှင်​ခံ​ဖြစ်​ခဲ့​ဖူး​သူ​တွေ​ဟာ တစ်​လ​ပိုင်း၊ ၁၄ ရက်​နေ့​မှာ ပသခါ​ပွဲ* ကျင်း​ပကြ​တယ်။+ ၂၀  ပု​ရော​ဟိတ်​တွေ​ရော၊ လေ​ဝိအမျိုး​သား​တွေ​ရော တစ်​ယောက်​မကျန် ကိုယ်​ကို သန့်​ရှင်း​ပြီး​သား​ဖြစ်​လို့+ အားလုံး​သန့်​ရှင်း​နေ​ကြ​တယ်။ ဒါ​ကြောင့် ပြည်​နှင်​ခံ​ဖြစ်​ခဲ့​ဖူး​သူ အားလုံး​အတွက်၊ ကိုယ်​တိုင်​နဲ့  အပေါင်း​ပါ​ပု​ရော​ဟိတ်​တွေ​အတွက် ပသခါ​သိုးသငယ်​ကို  သူတို့​သတ်​ကြ​တယ်။ ၂၁  အဲဒီ​နောက် ပြည်​နှင်​ခံ​ရာကနေ ပြန်​လာ​တဲ့ အစ္စရေး​တွေ​က ပသခါ​သိုး​သား​ကို စား​ကြ​တယ်။ သူတို့​နဲ့  လာ​ပူး​ပေါင်း​ပြီး အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို  ဝတ်​ပြု​ဖို့ ပတ်​ဝန်း​ကျင်​လူမျိုး​တွေ​ရဲ့ မသန့်​ရှင်း​မှု​တွေ​နဲ့ ကိုယ်​ကို ကင်း​ဝေး​စေ​သူ​တွေ​လည်း စား​ကြ​တယ်။+ ၂၂  ယေဟောဝါ​က ရွှင်​လန်း​စေ​တဲ့​အတွက် တ​ဆေး​မဲ့​မုန့်​ပွဲ​ကို+ ခု​နစ်​ရက်​လုံး ဝမ်း​သာ​အား​ရ သူတို့​ကျင်း​ပကြ​တယ်။ ဘုရား​သခင်​က အဆီး​ရီး​ယား​ဘုရင်​ကို သူတို့​အပေါ် နှစ်​သက်​လို​လား​တဲ့​စိတ်​ဖြစ်​အောင် လှုံ့​ဆော်​ပေး​တယ်။+ ဒါ​ကြောင့် သူ​က အစ္စရေး​တို့​ရဲ့ ဘုရား​သခင်၊ စစ်​မှန်​တဲ့ ဘုရား​သခင်​ရဲ့ အိမ်​တော် တည်​ဆောက်​ရေး​လုပ်ငန်း​မှာ သူတို့​ကို ကူညီ​ပေး​ခဲ့​တယ်။

အောက်ခြေမှတ်ချက်များ

၂၆.၇ မီ​တာ (၈၇.၆ ပေ) ခန့်။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
ယူ​ဖရေး​တီး​မြစ်။
“အမှိုက်​ပုံ၊ နောက်​ချေး​ပုံ” လည်း​ဖြစ်​နိုင်။
ခက်​ဆစ်​ကို​ကြည့်။