ဧဖက် ၁:၁-၂၃

  • နှုတ်​ခွန်း​ဆက်​စ​ကား (၁၊ ၂)

  • ဘု​ရား​သခင်​ဆီ​က ကောင်း​ချီး (၃-၇)

  • ရှိ​သမျှ​ကို ခ​ရစ်​တော်​ဆီ​မှာ တစ်​ပေါင်း​တစ်​စည်း ဖြစ်​စေ (၈-၁၄)

    • သတ်​မှတ်​ထား​ချိန်​အတွက် “စီ​မံ​ခန့်​ခွဲ​ထား” (၁၀)

    • “အာ​မခံ​ချက်” အဖြစ် စွမ်း​အား​တော်​နဲ့ တံ​ဆိပ်​ခတ်​ခံ​ရ (၁၃၊ ၁၄)

  • ဧဖက်​မြို့​သား​တွေရဲ့ ယုံ​ကြည်​ခြင်း​ကြောင့် ကျေးဇူး​တော်​ချီး​မွမ်း။ သူ​တို့​အတွက် ဆု​တောင်း​ပေး (၁၅-၂၃)

 ဘုရား​သခင့်  အလို​တော်​ကြောင့် ခရစ်​တော်​ယေရှု​ရဲ့  တမန်​တော်​ဖြစ်​နေ​တဲ့ ကျွန်​တော်​ပေါ​လု​က ဧဖက်​မြို့မှာ​ရှိ​တဲ့+  သန့်​ရှင်း​သူ​တွေ၊  ခ​ရစ်​တော်​ယေရှု​နဲ့  တစ်​စိတ်​တစ်​ဝမ်းတည်း​ဖြစ်တဲ့  သစ္စာ​ရှိ​သူ​တွေ​ဆီ  စာ​ရေး​လိုက်ပါတယ်။ ၂  အဖဘု​ရား​သခင်​နဲ့ သခင်​ယေရှု​ခရစ်​ဆီ​က မဟာ​က​ရု​ဏာ​တော်​နဲ့ ငြိမ်​သက်​ခြင်း​ကို ခင်​ဗျား​တို့ ခံ​စား​ရ​ပါ​စေ။ ၃  သခင်​ယေရှု​ခ​ရစ်ရဲ့​အဖ ဘု​ရား​သခင်​ကို ချီး​မွမ်း​ကြ​ပါ။ ဘု​ရား​သခင်​က  ခ​ရစ်​တော်​နဲ့   တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​တဲ့ ကျွန်​တော်​တို့​ကို ကောင်း​ကင်​မှာ ကောင်း​ချီး* အမျိုး​မျိုး ပေး​သနား​ထား​တယ်။+ ၄  ကျွန်​တော်​တို့​ကို ခ​ရစ်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​စေ​ဖို့ လူ့​လော​က​အစ​ပြု​ချိန်* မတိုင်​ခင်​က​တည်း​က ဘု​ရား​သခင် ရွေး​ချယ်​ခဲ့​တယ်။ ဘု​ရား​သခင်​ကို ချစ်​တဲ့​စိတ်​နဲ့ ရှေ့​တော်​မှာ သန့်​ရှင်း​ပြီး အပြစ်​အနာ​အဆာ ကင်း​သူ​တွေ ဖြစ်​စေ​ဖို့​ပဲ။+ ၅  အလို​ဆန္ဒ​တော်​အတိုင်း+ ယေရှု​ခ​ရစ်​က​တစ်​ဆင့် ကျွန်​တော်​တို့​ကို သား​တွေ​အဖြစ် မွေး​စား​ဖို့+ ကြို​တင်​ပြဋ္ဌာန်းခဲ့​တယ်။+ ၆  ချစ်​သား​တော်​ကို​သုံး​ပြီး+ ကျွန်​တော်​တို့​ကို မဟာ​က​ရု​ဏာ​တော်​ပြတဲ့​အတွက်+ ဘု​ရား​ကို လူ​တွေ ချီး​မွမ်း​ကြ​တယ်။ ၇  သား​တော်​ကြောင့် ရွေး​နုတ်​ခံ​ရ​တဲ့​အတွက် ကျွန်​တော်​တို့ လွတ်​မြောက်​သွား​ပြီ။  သူ့​ရဲ့​သွေး​ကြောင့်+ အပြစ်​တွေ ခွင့်​လွှတ်​ခံ​ရ​ပြီ။+ ဘု​ရားရဲ့ မဟာ​က​ရု​ဏာ​တော်​ဟာ တ​ကယ်​ကြီး​မား​လှ​တယ်။ ၈  ဘု​ရား​သခင်​က အဲ​ဒီ​မဟာ​က​ရု​ဏာ​တော်​ကို ဉာဏ်​ပညာ၊ သိ​နား​လည်​နိုင်​စွမ်း​နဲ့​အတူ ရက်ရက်ရောရော ပေး​သနား​တယ်။ ၉  ဒီ​နည်း​နဲ့ ကျွန်​တော်​တို့​ကို အလို​တော်​နဲ့​ဆိုင်​တဲ့ မြင့်မြတ်​တဲ့​လျှို့ဝှက်​ချက်​ကို+ သိ​စေ​တယ်။ အဲ​ဒီ​လျှို့​ဝှက်​ချက်​ဟာ အလို​တော်​အတိုင်း၊ ရည်​ရွယ်​ထား​တဲ့​အတိုင်း​ပါ​ပဲ။ ၁၀  ဘု​ရား​သခင်​က သတ်​မှတ်​ထား​ချိန်​စေ့​တဲ့​အခါ ကောင်း​ကင်​ပေါ်၊ ကမ္ဘာ​မြေပေါ် ရှိ​သမျှ​ကို ခ​ရစ်​တော်​ဆီ​မှာ တစ်​ပေါင်း​တစ်​စည်း​တည်း ဖြစ်​စေ​ဖို့ စီ​မံ​ခန့်​ခွဲ​ထား​တယ်။+ ၁၁  ကျွန်​တော်​တို့​ကို ခ​ရစ်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​သူ​တွေ၊  အမွေ​ခံ​တွေ  ဖြစ်​စေ​တယ်။+ အလို​တော်​အတိုင်း အရာရာ​ကို ပြီး​မြောက်​စေ​တဲ့​အရှင်​ရဲ့ ရည်​ရွယ်​ချက်​နဲ့​အညီ ကြို​တင်​ပြဋ္ဌာန်းခဲ့​တယ်။ ၁၂  ဒါ​ကြောင့် ခ​ရစ်​တော်​ကို ဦး​ဆုံး​မျှော်​လင့်ခဲ့ကြ​တဲ့ ကျွန်​တော်​တို့​အား​ဖြင့် ဘုရား​သခင်​ကို လူ​တွေ ဂုဏ်​တင်​ချီး​မွမ်း​ကြ​လိမ့်​မယ်။ ၁၃  ခင်​ဗျား​တို့​လည်း ကယ်​တင်​ခြင်း သတင်း​ကောင်း​ဖြစ်​တဲ့ အမှန်​တ​ရား​ကို ကြား​သိ​ရ​ပြီး​နောက် ခရစ်​တော်​ကို မျှော်​လင့်ခဲ့​ကြ​တယ်။ အဲ​ဒီ​လို ယုံ​ကြည်​လာ​ပြီး​တဲ့​နောက် က​တိ​တော်​အတိုင်း ခ​ရစ်​တော်​က​တစ်​ဆင့် သန့်​ရှင်း​သော စွမ်း​အား​တော်​နဲ့ တံ​ဆိပ်​ခတ်​ခံ​ရ​တယ်။+ ၁၄  အဲ​ဒီ​စွမ်း​အား​တော်​ဟာ ကျွန်​တော်​တို့ အမွေ​ရ​မယ်​ဆို​တဲ့  အာ​မခံ​ချက်​ပဲ။*+ အဲ​ဒီ​လို တံဆိပ်​ခတ်​တာ​ဟာ  ဘု​ရား​သခင့်  ပိုင်​ဆိုင်​ရာတွေ​ကို+  ရွေး​ဖိုး​အား​ဖြင့်+  လွတ်​မြောက်​စေ​ဖို့၊ ဘု​ရား​ကို ဂုဏ်​တင်​ချီး​မွမ်း​စေ​ဖို့ ဖြစ်​တယ်။ ၁၅  သခင်​ယေရှု​ကို   ခင်​ဗျား​တို့ ယုံကြည်​တဲ့​အကြောင်း၊ သန့်​ရှင်း​သူ​တွေ​ကို မေတ္တာ​ပြတဲ့​အကြောင်း  ကြား​သိ​ရ​တဲ့​အတွက်၊ ၁၆  ကျေး​ဇူး​တော်​ကို ကျွန်​တော် အမြဲချီး​မွမ်း​ပါ​တယ်။ ခင်​ဗျား​တို့​အတွက်  အမြဲ  ဆု​တောင်း​ပါ​တယ်။ ၁၇  သခင်​ယေရှု​ခ​ရစ်ရဲ့ ဘု​ရား​သခင်၊ ဘုန်း​တန်​ခိုး​ကြီး​တဲ့ အဖက ခင်​ဗျား​တို့​ကို မိမိ​အကြောင်း တိ​ကျ​မှန်​ကန်​စွာ သိ​အောင်  ဉာဏ်​ပညာ​နဲ့  ဗျာဒိတ်​တော် ပေး​သနား​ပါ​စေ။+ ၁၈  ခင်​ဗျား​တို့​ရဲ့ ဉာဏ်​မျက်​စိ​ကို ဘု​ရား​ဖွင့်​ပေး​တဲ့​အတွက် ခေါ်​တော်​မူ​ခြင်း​နဲ့​ဆိုင်​တဲ့ မျှော်​လင့်​ချက်​အကြောင်း၊ သန့်​ရှင်း​သူ​တွေရ​မယ့် ဘုန်း​စည်း​စိမ်​ပြည့်​ဝ​တဲ့ အမွေ​အကြောင်း၊+ ၁၉  ယုံ​ကြည်​သူ ကျွန်​တော်​တို့​ကို​ပြတဲ့ တန်​ခိုး​တော် ဘယ်​လောက်​ကြီး​မား​တဲ့​အကြောင်း ခင်​ဗျား​တို့ သိ​လာ​ကြ​ပြီ။+ ဘု​ရား​သခင်​ရဲ့ အစွမ်း​တန်​ခိုး အသုံး​ပြု​ပုံ​ကို ကြည့်​ပြီး အဲ​ဒီ​တန်​ခိုး​တော် ဘယ်​လောက်​ကြီး​မား​တယ်​ဆို​တာ သိ​နိုင်​တယ်။ ၂၀  ဘု​ရား​သခင်​က အဲ​ဒီ​အစွမ်း​တန်​ခိုး​အား​ဖြင့် ခ​ရစ်​တော်​ကို သေရာ​က​နေ ရှင်​ပြန်​ထ​မြောက်​စေ​ပြီး  ကောင်း​ကင်​မှာ၊  ညာ​ဘက်​မှာ+ နေ​ရာ​ပေး​ထား​ပြီ။ ၂၁  အဲ​ဒီ​နေ​ရာ​ဟာ အစိုး​ရ​အာ​ဏာ​စက်၊ တန်​ခိုး၊ အုပ်​ချုပ်​မှု​ရှိ​သမျှ​ထက်၊ ဒီ​လော​က​စ​နစ်* မှာ​ရော အနာ​ဂတ်​မှာ​ပါ သမုတ်​ခံ​ရ​မယ့် ဘွဲ့​နာ​မတ​ကာ​တို့​ထက် သာ​လွန်​မြင့်မြတ်​တယ်။+ ၂၂  ဘု​ရား​သခင်​က အရာ​ခပ်​သိမ်း​ကို ခ​ရစ်​တော်ရဲ့ ခြေ​အောက်​မှာ ချ​ထား​လိုက်​ပြီ။+  ခ​ရစ်​တော်​ကို အသင်း​တော်​နဲ့​ပတ်​သက်​ပြီး အရာ​ခပ်​သိမ်း​ရဲ့ ဦး​ခေါင်း​လည်း ဖြစ်​စေ​ပြီ။+ ၂၃  ခရစ်တော်ရဲ့ ခ​န္ဓာ​ကိုယ်​ဖြစ်​တဲ့+ အသင်း​တော်​ဟာ ခ​ရစ်​တော်​နဲ့ ပြည့်​ဝ​နေ​တယ်။  ခ​ရစ်​တော်​ဟာ   အရာ​ခပ်​သိမ်း​ကို  နည်း​မျိုး​စုံ​နဲ့   ဖြည့်​ဆည်း​တဲ့​သူ  ဖြစ်​တယ်။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “စွမ်း​အား​တော်​က​တစ်​ဆင့်ရ​ရှိ​တဲ့ ကောင်း​ချီး။”
အာ​ဒံ​နဲ့​ဧ​ဝ သား​သမီး​ရ​တဲ့​အချိန်။
ဒါ​မှ​မဟုတ်၊ “စ​ရန်​ငွေ​ပဲ။”
ခက်​ဆစ်​ကို​ကြည့်။