ဧဖက် ၃:၁-၂၁

  • လူမျိုးခြားတွေ ပါဝင်မယ်ဆိုတဲ့ မြင့်မြတ်တဲ့ လျှို့ဝှက်ချက် (၁-၁၃)

    • ခရစ်တော်နဲ့အတူ အမွေခံမယ့် လူမျိုးခြားတွေ ()

    • ဘုရားသခင့် ထာဝရရည်ရွယ်ချက် (၁၁)

  • ထိုးထွင်းဉာဏ်ရဖို့ ဧဖက်မြို့သားတွေအတွက် ဆုတောင်းပေး (၁၄-၂၁)

၃  ကျွန်တော်ပေါလုဟာ ခရစ်တော်ယေရှုကြောင့်၊ လူမျိုးခြားဖြစ်တဲ့ ခင်ဗျားတို့အကျိုးအတွက်ကြောင့် အကျဉ်းသားဖြစ်နေတယ်။+ ၂  ဘုရားသခင့် မဟာကရုဏာတော်ကနေ အကျိုးခံစားနိုင်ဖို့ ခင်ဗျားတို့ကို ကူညီပေးရမယ့်တာဝန်  ကျွန်တော်ရထားမှန်း  ခင်ဗျားတို့  ကြားမှာပါ။+ ၃  ရှေ့မှာ အနည်းအကျဉ်း ရေးထားသလိုပဲ ဘုရားသခင်က ကျွန်တော့်ကို မြင့်မြတ်တဲ့ လျှို့ဝှက်ချက်အကြောင်း ဖော်ပြခဲ့တယ်။ ၄  ဒီစာကိုဖတ်တဲ့အခါ ခရစ်တော်ရဲ့ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်ကို+ ကျွန်တော် နားလည်တယ်ဆိုတာ ခင်ဗျားတို့ သိမှာပါ။ ၅  ဘုရားသခင်က ဒီလျှို့ဝှက်ချက်အကြောင်း ဟိုးအရင်က လူမျိုးဆက်တွေကို မဖော်ပြခဲ့ဘူး။ အခုတော့ သန့်ရှင်းတဲ့ တမန်တော်တွေ၊ ပရောဖက်တွေကို စွမ်းအားတော်နဲ့ ဖော်ပြလိုက်ပြီ။+ ၆  အဲဒီလျှို့ဝှက်ချက်ကတော့ ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်တဲ့  လူမျိုးခြားတွေဟာ ခရစ်တော်နဲ့အတူ အမွေခံမယ့်သူတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖြစ်လာပြီး+ သတင်းကောင်းကြောင့် ကတိတော်ကို တန်းတူခံစားရလိမ့်မယ်ဆိုတဲ့ အချက်ပဲ။ ၇  ကျွန်တော်ဟာ ဘုရားသခင်ရဲ့  မဟာကရုဏာတော်ကြောင့် အဲဒီလျှို့ဝှက်ချက်နဲ့ဆိုင်တဲ့ အမှုဆောင်သူ  ဖြစ်လာတယ်။  ဘုရားသခင်က တန်ခိုးတော် ဖော်ပြတဲ့အနေနဲ့ ကျွန်တော့်ကို ဒီဆုလက်ဆောင် ပေးခဲ့တယ်။+ ၈  သန့်ရှင်းသူအားလုံးထဲမှာ အရေးမပါဆုံးသူထက်  ပိုပြီးအရေးမပါတဲ့+ ကျွန်တော်ဟာ  အဲဒီမဟာကရုဏာတော်ကို ခံစားခဲ့ရတယ်။+  ဒါကြောင့် ခရစ်တော်ဆီကလာတဲ့  အတိုင်းမသိ ကြွယ်ဝမှုအကြောင်း သတင်းကောင်းကို လူမျိုးခြားတွေဆီ ကျွန်တော်ဟောပြောတယ်။ ၉  အရာခပ်သိမ်းကို ဖန်ဆင်းတဲ့ ဘုရားသခင်က ခေတ်အဆက်ဆက် လျှို့ဝှက်ထားတဲ့ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်ကို+ ဘယ်လိုစီမံခန့်ခွဲတဲ့အကြောင်း လူတွေသိလာအောင် ကျွန်တော်ပြောပြတယ်။ ၁၀  ကောင်းကင်မှာရှိတဲ့ အုပ်စိုးသူတွေ၊  အခွင့်အာဏာရှိသူတွေက ဘုရားသခင်ရဲ့ အမျိုးမျိုးသော ဉာဏ်ပညာအကြောင်းကို+ အသင်းတော်ကတစ်ဆင့်+  သိရှိလာကြလိမ့်မယ်။ ၁၁  ဒါဟာ သခင်ခရစ်တော်ယေရှုနဲ့ ပတ်သက်တဲ့ ထာဝရ ရည်ရွယ်ချက်အတိုင်းပါပဲ။+ ၁၂  ကျွန်တော်တို့က ခရစ်တော်ကို ယုံကြည်တဲ့အတွက် ရဲရဲဝံ့ဝံ့ပြောဆိုခွင့်၊* အတားအဆီးမရှိ+ စိတ်ချလက်ချ  ဆုတောင်းခွင့်   ရကြတယ်။ ၁၃  ကျွန်တော်ကြုံနေရတဲ့ ဆင်းရဲဒုက္ခကိုကြည့်ပြီး စိတ်ဓာတ်မကျဖို့ ပြောချင်တယ်။ ဒါဟာ ခင်ဗျားတို့အကျိုးအတွက်ဖြစ်လို့ ဂုဏ်ယူကြပါ။+ ၁၄  ဒါကြောင့် ကျွန်တော် အဖဘုရားကို ဒူးထောက်ပြီး ဆုတောင်းတယ်။ ၁၅  အဖဘုရားကြောင့် ကောင်းကင်နဲ့ ကမ္ဘာမြေပေါ်က မိသားစုတိုင်း တည်ရှိနေတာ။ ၁၆  ဘုန်းအသရေကြွယ်ဝတဲ့ အဖဘုရားက တန်ခိုးတော်သုံးပြီး ခင်ဗျားတို့ရဲ့ စိတ်နှလုံးကို ကြံ့ခိုင်အောင်+ စွမ်းအားတော်ကတစ်ဆင့် အားဖြည့်ပေးပါစေလို့  ကျွန်တော်ဆုတောင်းတယ်။ ၁၇  ယုံကြည်ခြင်းအားဖြင့် ခင်ဗျားတို့ရင်ထဲမှာ ခရစ်တော်ရှိပါစေ၊ ချစ်ခြင်းမေတ္တာရှိပါစေလို့လည်း  ဆုတောင်းတယ်။+ အုတ်မြစ်ပေါ်မှာ အမြစ်စွဲပြီး+ အခြေခိုင်ကြပါစေ။+ ၁၈  သန့်ရှင်းသူတွေလိုပဲ အမှန်တရားရဲ့ အလျား၊ အနံ၊ အမြင့်၊ အနက်တွေကို ပြည့်ပြည့်ဝဝ၊ နှံ့နှံ့စပ်စပ် နားလည်ပြီး၊ ၁၉  အသိပညာထက် သာလွန်တဲ့ ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာကို သိလာကြပါစေ။+ ဒီနည်းနဲ့ ဘုရားသခင် ပေးသနားတဲ့ အရည်အသွေးတွေ ပြည့်ဝလာကြပါစေ။ ၂၀  ကျွန်တော်တို့ဆီမှာ  သက်ရောက်နေတဲ့ တန်ခိုးတော်နဲ့အညီ+ ကျွန်တော်တို့ တောင်းလျှောက်သမျှ၊ ကြံစည်သမျှထက်  အတိုင်းထက်အလွန် လုပ်ဆောင်နိုင်တဲ့  ဘုရားသခင်ဟာ၊+ ၂၁  အသင်းတော်အားဖြင့်၊ ခရစ်တော်ယေရှုအားဖြင့်  လူမျိုးအဆက်ဆက်* အစဉ်ထာဝရ  ဘုန်းထင်ရှားပါစေ။ အာမင်။*

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ခက်ဆစ် “လူမျိုးဆက်” ကိုကြည့်။
ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”