ဧသတာ ၁၀:၁-၃

  • မော်​ဒ​ကဲ​ရဲ့ ကြီးမြတ်​မှု (၁-၃)

၁၀  အာ​ရွှေ​ရု​မင်း​က ကုန်း​တွင်း​ပိုင်း​မှာ​ရော ကျွန်း​တွေ​မှာ​ပါ​မကျန် အင်​ပါ​ယာ​တစ်​ခု​လုံး​မှာ လူ​တွေ​ကို ကျွန်​အဖြစ် ခိုင်း​စေ​တယ်။ ၂  အာ​ရွှေ​ရု​မင်း​ရဲ့ အင်အား​ကြီး စွမ်း​ဆောင်​ချက်​တွေ​အကြောင်း၊ မင်း​ကြီး​ရဲ့ ချီး​မြှောက်​မှု​ကြောင့်+ မော်​ဒ​ကဲ ကြီးမြတ်​လာ​ပုံ​အကြောင်း အသေး​စိတ်​ကို+ မီး​ဒီး​ယား​နဲ့ ပါး​ရှား​ဘုရင်​တွေ​ရဲ့+ ရာ​ဇ​ဝင်​မှတ်​တမ်း​မှာ ရေး​ထား​တယ်။+ ၃  ဂျူး​လူမျိုး မော်​ဒ​ကဲ​ဟာ အာ​ရွှေ​ရု​မင်း​ပြီး​ရင် ရာ​ထူး​အကြီး​ဆုံး​ပဲ။ သူ​ဟာ ဂျူး​တွေ​ထဲ​မှာ အရေး​ပါ​အရာ​ရောက်​သူ၊ ညီ​အစ်​ကို​တွေ​ရဲ့ လေး​စား​မှု​ခံ​ရ​သူ​ဖြစ်​တယ်။ သူ့​လူမျိုး​ရဲ့ ကောင်း​ကျိုး၊ သူတို့​သား​မြေး​တွေ​ရဲ့ အကျိုး​ကို သယ်​ပိုး​ခဲ့​တယ်။

အောက်ခြေမှတ်ချက်များ