ဧသတာ ၆:၁-၁၄

  • မော်​ဒ​ကဲ​ကို မင်း​ကြီး​ဂုဏ်​ပြု (၁-၁၄)

 အဲဒီ​ည​မှာ  အာ​ရွှေ​ရု​မင်း  အိပ်​မပျော်​တဲ့​အတွက်  သမိုင်း​မှတ်​တမ်း​ကို+ ယူ​လာ​ပြီး ဖတ်​ပြခိုင်း​တယ်။ ၂  နန်း​တွင်း​အရာ​ရှိ​တွေ​ဖြစ်​တဲ့ တံခါး​စောင့် ဗိ​ဂသန်​နဲ့ တေ​ရက်​က မင်း​ကြီး​ကို​လုပ်​ကြံ​ဖို့+ လျှို့ဝှက်​ကြံ​စည်​နေ​တဲ့​အ​ကြောင်း မော်​ဒ​ကဲ တိုင်​ကြား​ခဲ့​တဲ့ မှတ်​တမ်း​ကို တွေ့​သွား​တယ်။ ၃  ဒါ​နဲ့ မင်း​ကြီး​က “အဲဒီ​အတွက် မော်​ဒ​ကဲ​ကို ဂုဏ်​ပြု​ပြီး ဆု​လာဘ်​တွေ ချီး​မြှင့်​ပြီး​ပြီလား” လို့​မေး​တော့ အပါး​တော်​မြဲ မှူး​မတ်​တွေ​က “ဘာ​မှ မချီး​မြှင့်​ရ​သေး​ပါ​ဘူး” ဆို​ပြီး​ဖြေတယ်။ ၄  အဲဒီ​နောက် မင်း​ကြီး​က “ရင်​ပြင်​မှာ ဘယ်​သူ​ရှိ​သလဲ” လို့​မေး​တယ်။ အဲဒီ​အချိန်​မှာ ဟာ​မန်​က သူ​လုပ်​ထား​တဲ့​သစ်​တိုင်​မှာ မော်​ဒ​ကဲ​ကို ဆွဲ​ထား​ပါ​ဆို​ပြီး လျှောက်​တင်​ဖို့+ နန်း​တော်​အပြင်​ရင်​ပြင်​မှာ ရောက်​နေ​တယ်။+ ၅  “ရင်​ပြင်​မှာ ဟာ​မန်​ရှိ​နေ​ပါ​တယ်”+ လို့ မှူး​မတ်​တွေ လျှောက်​တော့ မင်း​ကြီး​က “ဝင်​လာ​ခိုင်း​လိုက်” လို့​ပြော​တယ်။ ၆  ဟာ​မန် ဝင်​လာ​တဲ့​အခါ မင်း​ကြီး​က “ငါ​ကိုယ်​တော်မြတ် ဂုဏ်​ပြု​ချင်​တဲ့ လူ​တစ်​ယောက် ရှိ​တယ်။ သူ့​ကို ဘယ်​လို ဂုဏ်​ပြု​ရင်​ကောင်း​မလဲ” လို့​မေး​တော့ ဟာ​မန်​က “မင်း​ကြီး ဂုဏ်​ပြု​ချင်​တဲ့​သူ​ဟာ ငါ​က​လွဲ​လို့ ဘယ်​သူ ရှိ​ဦး​မှာ​လဲ”+ လို့​တွေး​ပြီး၊ ၇  “မင်း​ကြီး ဂုဏ်​ပြု​ချင်​တဲ့​သူ​အတွက်၊ ၈  မင်း​ကြီး​ဝတ်​တဲ့ မင်း​ဝတ်​တန်​ဆာ​အပြင်+ ခေါင်း​မှာ အလှ​တန်​ဆာ ဆင်​ထား​တဲ့ စီး​တော်​မြင်း​ကို ယူ​လာ​ခိုင်း​လိုက်​ပါ။ ၉  အဲဒီ​မင်း​ဝတ်​တန်​ဆာ​နဲ့ စီး​တော်​မြင်း​ကို မှူး​ကြီး​မတ်​ကြီး တစ်​ယောက်​ဆီ​မှာ အပ်​ပြီး မင်း​ကြီး ဂုဏ်​ပြု​ချင်​တဲ့​သူ​ကို မင်း​ဝတ်​တန်​ဆာ ဝတ်​ဆင်​စေ​ပါ။ မြင်း​တော်​ကို စီး​စေ​ပြီး လူ​ထု​ရင်​ပြင်​မှာ လှည့်​လည်​စေ​ပါ။ ပြီး​တော့ ‘မင်း​ကြီး ဂုဏ်​ပြု​ချင်​တဲ့​သူ​ကို ဒီ​လို​ဂုဏ်​ပြု​ချီး​မြှင့်​ရ​တယ်’ ဆို​ပြီး ရှေ့​က​နေ ကြေ​ညာ​စေ​ရ​မယ်”+ လို့​လျှောက်​တင်​တယ်။ ၁၀  မင်း​ကြီး​က “မင်း​ဝတ်​တန်​ဆာ​နဲ့ စီး​တော်​မြင်း​ကို မြန်​မြန်​ယူ​လာခဲ့။ နန်း​တော်​တံခါး​မှာ ထိုင်​နေ​တဲ့ ဂျူး​လူမျိုး မော်​ဒ​ကဲ​ကို အဲဒီ​အတိုင်း လုပ်​ပေး​လိုက်။ အခု​န​ပြော​တာ​တွေ တစ်​ခု​မှ​မကျန်​စေ​နဲ့” ဆို​ပြီး ဟာ​မန်​ကို ချက်​ချင်း အမိန့်​ပေး​တယ်။ ၁၁  ဒါ​နဲ့ ဟာ​မန်​က မင်း​ဝတ်​တန်​ဆာ​နဲ့ စီး​တော်​မြင်း​ကို ယူ​လာ​တယ်။ မော်​ဒ​ကဲ​ကို မင်း​ဝတ်​တန်​ဆာ  ဝတ်​ဆင်​ပေး​ပြီး+ စီး​တော်​မြင်း​နဲ့ လူ​ထု​ရင်​ပြင်​မှာ လှည့်​လည်​စေ​တယ်။ ပြီး​တော့ “မင်း​ကြီး ဂုဏ်​ပြု​ချင်​တဲ့​သူ​ကို ဒီ​လို ဂုဏ်​ပြု​ချီး​မြှင့်​ရ​တယ်” လို့ ရှေ့​က​နေ ကြေ​ညာ​တယ်။ ၁၂  အဲဒီ​နောက် မော်​ဒ​ကဲ​က နန်း​တော်​တံခါး​ဆီ ပြန်​လာ​တယ်။ ဟာမန်​က​တော့ ခေါင်း​ကို​ခြုံ​ပြီး ညည်း​တွား​မြည်​တမ်း​ရင်း အိမ်​ကို သုတ်​ခြေ​တင်​တော့​တယ်။ ၁၃  ဟာ​မန်​က ကြုံ​တွေ့​ရ​သမျှ​ကို  ဇနီး​ဇေ​ရက်​နဲ့+ ပညာ​ရှိ​မိတ်ဆွေ​တွေ​ကို ပြော​ပြတဲ့​အခါ သူတို့​က “ခု​ချိန်​က​စ​ပြီး မော်​ဒ​ကဲ​ကို ခင်​ဗျား ရှုံး​ပြီ။ အဲဒီ​မော်​ဒ​ကဲ​သာ ဂျူး​မျိုး​နွယ်​မှန်​တယ်​ဆို​ရင် သူ့​ကို ခင်​ဗျား အနိုင်​ရ​မှာ မဟုတ်​ဘူး။ ကျိန်း​သေ ရှုံး​နိမ့်​မှာ​ပဲ” ဆို​ပြီး​ပြော​ကြ​တယ်။ ၁၄  အဲဒီ​လို​ပြော​နေ​တုန်း​မှာ​ပဲ နန်း​တွင်း​အရာ​ရှိ​တွေ ရောက်​လာ​ပြီး ဟာ​မန်​ကို ဧ​သတာ​ပြင်​ဆင်​တဲ့ စား​သောက်​ပွဲ​ဆီ အမြန် ခေါ်​သွား​ကြ​တော့​တယ်။+

အောက်ခြေမှတ်ချက်များ