ဩဗဒိ ၁:၁-၂၁
၁ သြဗဒိ* မြင်ရတဲ့ စိတ်အာရုံ–
ဧဒုံပြည်အကြောင်း အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါရဲ့ သတင်းစကားနဲ့ပတ်သက်ပြီး သြဗဒိ ပြောတာက–+
“လူမျိုးတွေဆီ သံတမန် စေလွှတ်ပြီး‘ထကြ။ သူ့ကိုတိုက်ခိုက်မယ့် စစ်ပွဲအတွက် အသင့်ပြင်ကြစို့’+ လို့
ယေဟောဝါ ပြောတာကို ငါတို့ကြားရပြီ။”
၂ “ငါက မင်းကို လူမျိုးတွေအလယ်မှာ အရေးမပါသူ ဖြစ်စေပြီ။
မင်း အကြီးအကျယ် အထင်သေးခံရပြီ။+
၃ ကျောက်ဆောင်တွေမှာ ခိုအောင်းပြီးမြင့်မားတဲ့နေရာမှာ နေထိုင်တဲ့သူ၊‘ဘယ်သူက ငါ့ကို မြေပေါ်ဆွဲချနိုင်မှာလဲ’ လို့ တွေးနေတဲ့သူ၊မင်းရဲ့မာနဟာ မင်းကို လှည့်စားနေပြီ။+
၄ လင်းယုန်လို အမြင့်မှာ နေရင်တောင်၊*ကြယ်တွေကြားမှာ အသိုက်ဆောက်ရင်တောင်အဲဒီကနေ မင်းကို ငါဆွဲချမယ်။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၅ “ညအချိန်မှာ သူခိုးဓားပြတွေ မင်းဆီ ဝင်ခိုးတဲ့အခါသူတို့ လိုချင်တာကိုပဲ ခိုးမယ် မဟုတ်လား။
စပျစ်သီးဆွတ်ခူးသူတွေက မင်းဆီလာပြီး ဆွတ်ခူးတဲ့အခါကောက်သင်းကောက်စရာ ချန်ခဲ့မယ် မဟုတ်လား။+
(မင်းကို ရစရာမရှိအောင် ဖျက်ဆီးလိုက်ကြမှာပဲ။)*
၆ ဧသောကို စေ့စေ့စပ်စပ် ရှာဖွေကြပြီပဲ။
သူဝှက်ထားတဲ့ ဘဏ္ဍာတွေကို ရှာတွေ့သွားပြီပဲ။
၇ မဟာမိတ်တွေ မင်းကို လှည့်စားသွားပြီ။
နယ်စပ်အထိ မောင်းထုတ်လိုက်ပြီ။
မင်းနဲ့သင့်မြတ်နေသူတွေက မင်းကို အနိုင်ယူလိုက်ပြီ။
အတူစားသောက်သူတွေက အောက်မှာ ပိုက်ထောင်ထားမယ်။
ဒါပေမဲ့ မင်း ရိပ်စားမိမှာ မဟုတ်ဘူး။
၈ အဲဒီနေ့မှာ ဧဒုံပြည်မှာရှိတဲ့ ပညာရှိတွေ၊+ဧသောရဲ့ တောင်တန်းဒေသမှာ နေထိုင်တဲ့ ပိုင်းခြားသိမြင်မှုရှိသူတွေကို ငါဖျက်ဆီးမယ်။”
ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၉ အို တေမန်မြို့၊+ ဧသောရဲ့ တောင်တန်းဒေသမှာ နေထိုင်သူတွေ ကွပ်မျက်ခံရမှာဖြစ်လို့+မင်းရဲ့စစ်သူရဲတွေ ထိတ်လန့်သွားမယ်။+
၁၀ မင်းက ညီယာကုပ်ကို အကြမ်းဖက်တဲ့အတွက်+အကြီးအကျယ် အရှက်ကွဲရလိမ့်မယ်။+
ထာဝစဉ် ပျက်စီးသွားမယ်။+
၁၁ ယာကုပ်ရဲ့ စစ်တပ်ကို သူစိမ်းတွေ ဖမ်းခေါ်သွားတဲ့နေ့၊+ဂျေရုဆလင်မြို့တံခါးထဲ တိုင်းတစ်ပါးသားတွေ ဝင်လာပြီး မြို့ကို မဲချတဲ့နေ့မှာ+မင်းက ဘေးကနေ ဒီအတိုင်း ရပ်ကြည့်နေခဲ့တယ်။
ရန်သူတွေနဲ့ အလိုတူအလိုပါ ဖြစ်ခဲ့တယ်။
၁၂ မင်းဟာ ညီဖြစ်သူ အဖြစ်ဆိုးကြုံရချိန်မှာ ဝမ်းသာအားရ မဖြစ်သင့်ဘူး။+
ယုဒလူတွေ ပျက်စီးသွားတဲ့နေ့မှာ ဝမ်းမသာသင့်ဘူး။+
သူတို့ ဒုက္ခရောက်တဲ့နေ့မှာ မောက်မောက်မာမာ မပြောသင့်ဘူး။
၁၃ ငါ့လူတွေ ဒုက္ခရောက်တဲ့နေ့မှာ သူတို့ရဲ့မြို့တံခါးထဲ မင်း မဝင်သင့်ဘူး။+
ဒုက္ခရောက်တဲ့နေ့မှာ သူကြုံရတဲ့ဘေးဆိုးကြောင့် ဝမ်းသာအားရ မဖြစ်သင့်ဘူး။
သူဒုက္ခရောက်တဲ့နေ့မှာ သူ့စည်းစိမ်ဥစ္စာတွေကို မသိမ်းယူသင့်ဘူး။+
၁၄ လွတ်မြောက်လာသူတွေကို ကွပ်မျက်ဖို့ လမ်းဆုံတွေမှာ မင်း ရပ်စောင့်မနေသင့်ဘူး။+
ဒုက္ခရောက်တဲ့နေ့မှာ+ အသက်ရှင်ကျန်ရစ်သူတွေကို ရန်သူ့လက်ထဲ မအပ်သင့်ဘူး။
၁၅ လူမျိုးတွေကို ယေဟောဝါ တိုက်ခိုက်မယ့်နေ့ နီးနေပြီ။+
မင်းဟာ ကိုယ်လုပ်ခဲ့တဲ့အတိုင်း ပြန်ခံရလိမ့်မယ်။+
တခြားသူတွေကို ဆက်ဆံခဲ့တဲ့အတိုင်း ပြန်ခံရလိမ့်မယ်။
၁၆ သန့်ရှင်းတဲ့တောင်ပေါ်မှာ ငါ့ဒေါသခွက်ကို မင်းသောက်ခဲ့ရသလိုလူမျိုးအားလုံးလည်း အမြဲသောက်ရလိမ့်မယ်။+
သောက်ပြီး မျိုချရလိမ့်မယ်။
အဲဒီအခါ သူတို့ဟာ တစ်ခါမှ မရှိခဲ့ဖူးတဲ့သူတွေလို ဖြစ်သွားမယ်။
၁၇ ဒါပေမဲ့ ဇိအုန်တောင်ပေါ်မှာ လွတ်မြောက်သူတွေ ရှိလိမ့်မယ်။+
ဇိအုန်တောင်ဟာ သန့်ရှင်းတဲ့တောင် ဖြစ်လိမ့်မယ်။+
ယာကုပ်အမျိုးက ကိုယ့်ပစ္စည်းဥစ္စာတွေကို ပြန်ပိုင်ဆိုင်ရမယ်။+
၁၈ ယာကုပ်အမျိုးဟာ မီး၊ယောသပ်အမျိုးဟာ မီးလျှံ ဖြစ်လိမ့်မယ်။
သူတို့က ရိုးပြတ်နဲ့တူတဲ့ ဧသောအမျိုးကိုလောင်ကျွမ်းပြီး ဝါးမျိုလိမ့်မယ်။
ဧသောအမျိုးထဲမှာ အသက်ရှင်ကျန်ရစ်သူ ရှိမှာမဟုတ်ဘူး။+
ဒါဟာ ယေဟောဝါကိုယ်တိုင် ပြောတဲ့စကားပဲ။
၁၉ သူတို့က နေဂပ်အရပ်နဲ့ ဧသောရဲ့တောင်တန်းဒေသ၊+ရှဖိလာအရပ်နဲ့ ဖိလိတိပြည်ကို ပိုင်ဆိုင်ရမယ်။+
ဧဖရိမ်နယ်နဲ့ ရှမာရိနယ်ကိုလည်း ပိုင်ဆိုင်ရမယ်။+
ဗင်ယာမိန်က ဂိလဒ်ပြည်ကို ပိုင်ဆိုင်ရမယ်။
၂၀ ဒီခံစစ်ကုန်းရိုးကနေ+ ပြည်နှင်ခံရတဲ့ အစ္စရေးလူတွေဟာခါနန်လူတွေရဲ့ပြည်ကို ဇရတ္တမြို့အထိ ပိုင်ဆိုင်ရမယ်။+
သေဖရဒ်ဒေသမှာရှိတဲ့ ဂျေရုဆလင်ပြည်နှင်ခံတွေဟာ နေဂပ်အရပ်မှာရှိတဲ့ မြို့တွေကို ပိုင်ဆိုင်ရမယ်။+
၂၁ ကယ်တင်သူတွေက ဧသောရဲ့တောင်တန်းဒေသကို တရားစီရင်ဖို့+ဇိအုန်တောင်ပေါ် တက်လာမယ်။
ယေဟောဝါဟာ ရှင်ဘုရင် ဖြစ်လိမ့်မယ်။”+