၁ ကောရိန္သု ၁၂:၁-၃၁

  • စွမ်း​အား​တော်​ကြောင့်​ရတဲ့​ ဆု​ကျေး​ဇူး​များ (၁-၁၁)

  • ခ​န္ဓာ​ကိုယ်​တစ်​ခု၊ အစိတ်​အပိုင်း​များ​စွာ (၁၂-၃၁)

၁၂  ညီအစ်​ကို​တို့၊ ဘု​ရား​သခင်​ဆီ​က ဆု​ကျေး​ဇူး​တွေ​အကြောင်း+ ခင်ဗျား​တို့​ကို မသိ​ဘဲ မနေ​စေ​ချင်​ပါ​ဘူး။ ၂  ခင်​ဗျား​တို့​ဟာ ယုံ​ကြည်​သူ​တွေ မဖြစ်​လာ​ခင်​တုန်း​က စ​ကား​မပြော​နိုင်​တဲ့ ရုပ်​တု​တွေ​ကို ကိုး​ကွယ်​ခဲ့​ကြ​တယ်+ မဟုတ်​လား။ ရုပ်​တု​တွေ ခေါ်​ဆောင်​ရာ​နောက် တ​ကောက်​ကောက်​လိုက်​ပြီး လမ်း​လွဲ​ခဲ့ကြ​တယ် မဟုတ်​လား။ ၃  ဘု​ရား​သခင့်  စွမ်း​အား​တော်​ကို  အမှီ​ပြု​ရင် “ယေရှု​ဟာ ကျိန်​ခြင်း​ခံ​ရ​တယ်” လို့ ဘယ်​သူ​မှ ပြော​မှာ​မဟုတ်​ဘူး။ အလား​တူ၊ သန့်​ရှင်း​သော စွမ်း​အား​တော်​ကို အမှီ​မပြု​ရင် “ယေရှု​ဟာ သခင်​ပဲ” လို့ ဘယ်​သူ​မှ မပြော​နိုင်​မှန်း+ ခင်​ဗျား​တို့​ကို ကျွန်​တော် သိ​စေ​ချင်​တယ်။ ၄  ဆု​ကျေး​ဇူး အမျိုး​မျိုး​ရှိ​တယ်။ ဒါ​ပေမဲ့ စွမ်း​အား​တော်​က​တော့ တစ်​မျိုး​တည်း​ပဲ။+ ၅  အမှု​ဆောင်​လုပ်​ငန်း အမျိုး​မျိုး​ရှိ​တယ်။+ ဒါ​ပေမဲ့ အား​လုံး​ဟာ သခင်​တစ်​ဦး​တည်း​အတွက်​ပဲ။ ၆  လုပ်​ဆောင်​မှု အမျိုး​မျိုး​ရှိ​တယ်။ ဒါ​ပေမဲ့ လူ​အသီး​သီး​ကို အဲ​ဒါ​တွေ လုပ်​ဆောင်​စေ​တဲ့ ဘု​ရား​သခင် တစ်​ဆူ​တည်း​ရှိ​တယ်။+ ၇  ဒါ​ပေမဲ့ စွမ်း​အား​တော်​က သူ​တို့​ကို အဲ​ဒီ​လို​လုပ်​ဆောင်​စေ​နိုင်​မှန်း ထင်​ရှား​တယ်။ ဘု​ရား​သခင်​က သူ​တို့​ကို အများ​ကောင်း​ကျိုး လုပ်​ဆောင်​စေ​ဖို့ စွမ်း​အား​တော် ပေး​ထား​တယ်။+ ၈  ဘု​ရား​သခင့် စွမ်း​အား​တော်​ကြောင့် လူ​တစ်​ယောက်​က ဉာဏ်​ပညာ​စ​ကား​ကို ပြော​နိုင်​တယ်။ အဲ​ဒီ​စွမ်း​အား​တော်​ကြောင့်​ပဲ နောက်​တစ်​ယောက်​က အသိ​ပညာ​စ​ကား​ကို ပြော​နိုင်​တယ်။ ၉  အဲ​ဒီ​စွမ်း​အား​တော်​ကြောင့်​ပဲ နောက်​တစ်​ယောက်​က  ယုံ​ကြည်​ခြင်း+  ရှိ​လာ​တယ်။ အဲ​ဒီ​စွမ်း​အား​တော်​ကြောင့်​ပဲ နောက်​တစ်​ယောက်​က ရော​ဂါ​ကု​သပေး​နိုင်​တယ်။+ ၁၀  တစ်​ယောက်​က တန်​ခိုး​ပြနိုင်​တဲ့​အခွင့်၊+ တစ်​ယောက်​က ပရော​ဖက်​ပြု​နိုင်​တဲ့​အခွင့်၊ တစ်​ယောက်​က သတင်း​စ​ကား​တွေ​ကို ပိုင်း​ခြား​သိ​မြင်​နိုင်​တဲ့​အခွင့်၊+ တစ်​ယောက်​က ဘာ​သာ​စ​ကား​အမျိုး​မျိုး ပြော​ဆို​နိုင်​တဲ့​အခွင့်၊+ တစ်​ယောက်​က ဘာ​သာ​ပြန်​ဆို​နိုင်​တဲ့​အခွင့်​ကို ရ​တယ်။+ ၁၁  အဲ​ဒီ​စွမ်း​အား​တော်​က​ပဲ ဒီ​အခွင့်​အား​လုံး​ကို လုပ်​ဆောင်​ပြီး အလို​ရှိ​တဲ့​အတိုင်း တစ်​ဦး​ချင်း​စီ​ကို အဲ​ဒီ​အခွင့်​တွေ ဝေ​မျှ​ပေး​တယ်။ ၁၂  ခ​န္ဓာ​ကိုယ်​ဟာ တစ်​ခု​တည်း​ဖြစ်​ပေမဲ့ အစိတ်​အပိုင်း​တွေ အများ​ကြီး​ရှိ​တယ်။ အစိတ်​အပိုင်း​တွေ အများ​ကြီး​ရှိ​ပေမဲ့ ခ​န္ဓာ​ကိုယ်​က​တော့ တစ်​ခု​တည်း​ပဲ။+ ခ​ရစ်​တော်ရဲ့ ခ​န္ဓာ​ကိုယ်​လည်း အဲ​ဒီ​အတိုင်း​ပါ​ပဲ။ ၁၃  ဘာ​လို့​လဲ​ဆို​တော့ ဂျူး​ဖြစ်​စေ၊ ဂရိ​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လူ​လွတ်​ဖြစ်​စေ ကျွန်​တော်​တို့​အား​လုံး​ဟာ ခ​န္ဓာ​ကိုယ်​တစ်​ခု​တည်း ဖြစ်​လာ​အောင် စွမ်း​အား​တော် တစ်​မျိုး​တည်း​နဲ့ နှစ်​ခြင်း​ခံ​ထား​လို့​ပဲ၊ ကျွန်​တော်​တို့​အား​လုံး အဲ​ဒီ​စွမ်း​အား​တော်​ကို ရ​ရှိ​ထား​တယ်။ ၁၄  ခ​န္ဓာ​ကိုယ်​မှာ  အစိတ်​အပိုင်း​တစ်​ခု​မက  အများ​ကြီး​ရှိ​တယ်။+ ၁၅  ခြေ​ထောက်​က  “ငါ​က  လက်​မှ မဟုတ်​တာ။ ခ​န္ဓာ​ကိုယ်​နဲ့ မဆိုင်​ဘူး” လို့​ပြော​ရင်  အဲ​ဒီ​လို​ပြော​တဲ့​အတွက် ခန္ဓာ​ကိုယ်​နဲ့​မဆိုင်​တော့​တာ  မဟုတ်​ဘူး။ ၁၆  နား​က​လည်း “ငါ​က မျက်​စိ​မှ မဟုတ်​တာ။ ခ​န္ဓာ​ကိုယ်​နဲ့ မဆိုင်​ဘူး” လို့​ပြော​ရင် အဲ​ဒီ​လို​ပြော​တဲ့​အတွက် ခန္ဓာ​ကိုယ်​နဲ့ မဆိုင်​တော့​တာ မဟုတ်​ဘူး။ ၁၇  တစ်​ကိုယ်​လုံး​ဟာ မျက်​စိ​ဖြစ်​နေ​ရင် ဘယ်​လို​ကြား​နိုင်​မှာ​လဲ။ တစ်​ကိုယ်​လုံး​ဟာ  နား​ဖြစ်​နေ​ရင် ဘယ်​လို အနံ့​ခံ​နိုင်​မှာ​လဲ။ ၁၈  အခု​တော့   ဘု​ရား​သခင်​က အလို​ရှိ​တဲ့​အတိုင်း  ခ​န္ဓာ​ကိုယ်​အ​စိတ်​အပိုင်း​တွေ​ကို သူ့​နေ​ရာ​နဲ့​သူ ထား​ပေး​တယ်။ ၁၉  အစိတ်​အပိုင်း​အား​လုံး​က တစ်​မျိုး​တည်း​ဖြစ်​နေ​ရင် ခ​န္ဓာ​ကိုယ် ဘယ်​ရှိ​တော့​မလဲ။ ၂၀  အခု​တော့​ အ​စိတ်​အပိုင်း​တွေ  အများ​ကြီး​ရှိ​ပေမဲ့  ခန္ဓာ​ကိုယ်​က​တော့  တစ်​ခု​တည်း​ရှိ​တယ်။ ၂၁  မျက်​စိ​က လက်​ကို “မင်း​ကို ငါ​မလို​အပ်​ဘူး”  လို့ ပြော​လို့​မရ​ဘူး။ ဦး​ခေါင်း​က​လည်း ခြေ​ထောက်​ကို “မင်း​ကို ငါ​မလိုအပ်​ဘူး”  လို့ ပြော​လို့​မရ​ဘူး။ ၂၂  သိပ်​အရေး​မပါ​ဘူး​ထင်​ရ​တဲ့ ခ​န္ဓာ​ကိုယ် အစိတ်​အပိုင်း​တွေ​ဟာ တ​ကယ်​တော့ မရှိ​လို့​မဖြစ်​ဘူး။ ၂၃  အသရေ သိပ်​မရှိ​ဘူး​လို့ ထင်​ရ​တဲ့ ခ​န္ဓာ​ကိုယ်​အစိတ်​အပိုင်း​တွေ​ကို ပို​လို့​တောင် ဂရု​စိုက်​ကြ​တယ်။ သိပ်​ကြည့်​မကောင်း​ဘူး​လို့ ထင်​ရ​တဲ့ ခ​န္ဓာ​ကိုယ် အစိတ်​အပိုင်း​တွေ​ကို ပို​ကြည့်​ကောင်း​အောင် အလှ​ဆင်​ကြ​တယ်။+ ၂၄  တင့်တယ်​ပြီး​သား ခ​န္ဓာ​ကိုယ် အစိတ်​အပိုင်း​တွေ​က​တော့ အလှ​ဆင်​စ​ရာ မလို​ဘူး။ ဒါ​ပေမဲ့ ဘုရား​သခင်​က အသရေ​နည်း​တဲ့ ခန္ဓာ​ကိုယ် အစိတ်​အပိုင်း​တွေ​ကို အသရေ​ပို​ရှိ​စေ​ဖို့ ခ​န္ဓာ​ကိုယ် အစိတ်​အပိုင်း​တွေ​ကို ပေါင်း​စပ်​ပေး​ထား​တယ်။ ၂၅  ဒါ​ကြောင့် ခ​န္ဓာ​ကိုယ် အစိတ်​အပိုင်း အချင်း​ချင်း ကွဲ​ပြား​မှု​မရှိ​တော့​ဘူး။ အစိတ်​အပိုင်း​တွေ​ဟာ အပြန်​အလှန် ဂရု​စိုက်​ရ​မယ်။+ ၂၆  အစိတ်​အပိုင်း​တစ်​ခု ဝေဒ​နာ​ခံ​စား​ရရင် ကျန်​တဲ့​အစိတ်​အပိုင်း​အား​လုံး ထပ်​တူ​ခံ​စား​ရ​တယ်။+  အစိတ်​အပိုင်း​တစ်​ခု ချီး​မွမ်း​ခံ​ရရင် ကျန်​တဲ့​အစိတ်​အပိုင်း​အား​လုံး  ထပ်​တူ​ဝမ်း​မြောက်​ကြ​တယ်။+ ၂၇  အခု ခင်​ဗျား​တို့​ဟာ ခ​ရစ်​တော်ရဲ့ ခ​န္ဓာ​ကိုယ်​ဖြစ်​တယ်။+ တစ်​ယောက်​စီ​ဟာ ခ​န္ဓာ​ကိုယ် အစိတ်​အပိုင်း​တွေ​ဖြစ်​တယ်။+ ၂၈  ဘု​ရား​သခင်​က အသင်း​တော်​မှာ တာ​ဝန်​ခန့်​အပ်​တဲ့​အခါ ဦး​ဆုံး တမန်​တော်တွေ၊+ ဒုတိ​ယ ပရော​ဖက်​တွေ၊+ တ​တိ​ယ ဆ​ရာတွေ၊+ အဲ​ဒီ​နောက် တန်​ခိုး​ပြနိုင်​သူ၊+ ရော​ဂါ​ကု​သပေး​နိုင်​သူ၊+ ထောက်​ပံ့​မစ​သူ၊ ညွှန်​ကြား​နိုင်​စွမ်း​ရှိ​သူ၊+ ဘာ​သာ​စ​ကား​အမျိုး​မျိုး ပြော​နိုင်​စွမ်း​ရှိ​သူ+  ဆို​ပြီး  အသီး​သီး  ခန့်​ထား​တယ်။ ၂၉  အား​လုံး​ဟာ တမန်​တော်တွေ​လား။ အား​လုံး​ဟာ ပရော​ဖက်​တွေ​လား။ အား​လုံး​ဟာ ဆ​ရာတွေ​လား။ အား​လုံး တန်​ခိုး​ပြနိုင်​ကြ​သလား။ ၃၀  အား​လုံး​ဟာ ရော​ဂါ​ကု​သပေး​နိုင်​တဲ့ ဆု​ကျေး​ဇူး ရ​ထား​သလား။ အား​လုံး​ဟာ ဘာ​သာ​စ​ကား​အမျိုး​မျိုး ပြော​ဆို​နိုင်​သလား။+ အား​လုံး​ဟာ ဘာ​သာ​ပြန်​နိုင်​ကြ​သလား။+ ၃၁  ဒါ​ကြောင့် အမြတ်​ဆုံး ဆု​ကျေး​ဇူး​တွေရ​ဖို့ အမြဲကြိုး​စား​ကြ​ပါ။+ သာ​လွန်​ကောင်းမြတ်​တဲ့ လမ်း​စဉ်​ကို ခင်​ဗျား​တို့​ကို ကျွန်​တော်​ပြပေး​မယ်။+

အောက်ခြေမှတ်ချက်များ