၁ ကောရိန္သု ၁၃:၁-၁၃
-
မေတ္တာ—အမြတ်ဆုံးဖြစ် (၁-၁၃)
၁၃ ကျွန်တော်ဟာ လူ့ဘာသာစကားနဲ့ ကောင်းကင်တမန် ဘာသာစကားကို ပြောနိုင်ဦးတော့ မေတ္တာမရှိရင် မြည်သံပဲပေးတတ်တဲ့ မောင်းလို၊ တီးသံပဲ ပေးတတ်တဲ့ လင်းကွင်းလို ဖြစ်နေမှာပေါ့။
၂ ပရောဖက်ပြုနိုင်တဲ့ ဆုကျေးဇူးကိုရပြီး မြင့်မြတ်တဲ့ လျှို့ဝှက်ချက်အားလုံးကို နားလည်ရင်တောင်၊ အသိပညာကို အံ့ဖွယ်နည်းနဲ့ ရထားရုံမက+ တောင်တွေကို ရွှေ့နိုင်လောက်တဲ့ ယုံကြည်ခြင်းအပြည့်ရှိရင်တောင် မေတ္တာမရှိရင် အချည်းနှီးပဲ။+
၃ သူတစ်ပါးကို ကျွေးမွေးနိုင်ဖို့ ကိုယ့်ဥစ္စာရှိသမျှကို ပေးတာဖြစ်စေ၊+ ဝါကြွားနိုင်ဖို့ အသက်ကိုပေးတာဖြစ်စေ မေတ္တာမရှိရင်+ ကျွန်တော့်အတွက် ဘာအကျိုးမှမရှိဘူး။
၄ မေတ္တာဟာ+ စိတ်ရှည်တတ်တယ်။+ ကြင်နာတတ်တယ်။+ မေတ္တာဟာ မနာလို မဖြစ်တတ်ဘူး၊+ မဝါကြွားတတ်ဘူး၊ မာန်မာန မရှိဘူး။+
၅ မတော်မလျော် မကျင့်တတ်ဘူး။*+ ကိုယ်ကျိုး မရှာတတ်ဘူး။+ ဒေါသ မထွက်တတ်ဘူး။+ နစ်နာမှုတွေကို* မမှတ်ထားတတ်ဘူး။+
၆ မတရားမှုကြောင့် ဝမ်းမသာတတ်ဘူး။+ အမှန်တရားကြောင့် ဝမ်းသာတတ်တယ်။
၇ မေတ္တာဟာ အရာရာကို သည်းခံတတ်တယ်။+ အရာရာကို ယုံတတ်တယ်။+ အရာရာကို မျှော်လင့်တတ်တယ်။+ အရာရာကို ကြံ့ကြံ့ခံတတ်တယ်။+
၈ မေတ္တာဟာ အစဉ်တည်တယ်။ ပရောဖက်ပြုနိုင်တဲ့ ဆုကျေးဇူးကတော့ ကွယ်ပျောက်သွားလိမ့်မယ်။ ဘာသာစကားအမျိုးမျိုး ပြောနိုင်စွမ်းလည်း ရပ်စဲသွားလိမ့်မယ်။ အံ့ဖွယ်နည်းနဲ့ အသိပညာရရှိတဲ့ ဆုကျေးဇူးလည်း ကွယ်ပျောက်သွားလိမ့်မယ်။
၉ ကျွန်တော်တို့ရဲ့ အသိပညာဟာ အပြည့်အစုံ မဟုတ်ဘူး။+ ကျွန်တော်တို့ ပရောဖက်ပြုတာကလည်း အပြည့်အစုံ မဟုတ်ဘူး။
၁၀ အပြည့်အစုံ သိလာတဲ့အခါ၊ အပြည့်အစုံ ပရောဖက်ပြုနိုင်တဲ့အခါကျရင်တော့ မပြည့်မစုံ သိတာ၊ မပြည့်မစုံ ပရောဖက်ပြုတာတွေ အဆုံးတိုင်သွားလိမ့်မယ်။
၁၁ ကျွန်တော်ဟာ ကလေးဘဝတုန်းက ကလေးလိုပဲ ပြောဆိုတတ်တယ်။ ကလေးလို တွေးတတ်တယ်။ ကလေးလိုပဲ ဆင်ခြင်တတ်တယ်။ အခု အရွယ်ရောက်လာတဲ့အခါမှာတော့ ကလေးရဲ့ စရိုက်တွေကို ဖျောက်ပစ်ရတယ်။
၁၂ အခု ကျွန်တော်တို့က ကြေးမုံမှာ မြင်သလို မှုန်ဝါးဝါးပဲ မြင်ရတယ်။ အဲဒီအခါကျရင်တော့ မျက်ဝါးထင်ထင် မြင်ရလိမ့်မယ်။ အခု မပြည့်မစုံ သိထားတယ်။ အဲဒီအခါကျရင် ဘုရားသခင်က ကျွန်တော့်ကို အကြွင်းမဲ့သိသလိုမျိုး အပြည့်အစုံ သိလာလိမ့်မယ်။
၁၃ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းမေတ္တာဆိုတဲ့ သုံးမျိုးကတော့ ဆက်ရှိနေမယ်။ အဲဒီသုံးမျိုးထဲမှာ ချစ်ခြင်းမေတ္တာဟာ အမြတ်ဆုံးပဲ။+