၁ ကောရိန္သု ၁၄:၁-၄၀

  • ပရော​ဖက်​ပြု​နိုင်​တဲ့​ဆု​ကျေး​ဇူး၊ ဘာ​သာ​စ​ကား​အမျိုးမျိုး​ပြော​နိုင်​တဲ့ ဆု​ကျေး​ဇူး (၁-၂၅)

  • ခ​ရစ်​ယာန်​အစည်း​အဝေး​များ စည်း​စ​နစ်​ကျ (၂၆-၄၀)

    • အသင်း​တော်​မှာ အမျိုး​သမီး​တို့​ရဲ့ အနေအထား (၃၄၊ ၃၅)

၁၄  မေတ္တာ​ထား​ဖို့ အမြဲကြိုး​စား​ပါ။ ဘု​ရား​သခင်​ဆီ​က ဆု​ကျေး​ဇူး​တွေရ​ဖို့၊ အထူး​သဖြင့် ပရော​ဖက်​ပြု​နိုင်​တဲ့ ဆု​ကျေး​ဇူး​ရ​ဖို့+ ကြိုး​စား​အား​ထုတ်​ပါ။ ၂  တ​ခြား​ဘာ​သာ​စ​ကား​နဲ့ ပြော​ဆို​တဲ့​သူ​က လူ​တွေ​ကို မပြော၊ ဘု​ရား​သခင်​ကို ပြော​တယ်။ မြင့်မြတ်​တဲ့ လျှို့​ဝှက်​ချက်​တွေ​အကြောင်း+  စွမ်း​အား​တော်​အား​ဖြင့် သူ​ပြော​နေ​ပေမဲ့ ဘယ်​သူ​မှ နား​မလည်​ဘူး။+ ၃  ပရော​ဖက်​ပြု​တဲ့​သူ​ကျ​တော့ လူ​တွေ​ကို သူ့​စ​ကား​တွေ​နဲ့ အား​ပေး​တည်​ဆောက်​တယ်၊ နှစ်​သိမ့်​တယ်။ ၄  တ​ခြား​ဘာ​သာ​စ​ကား​နဲ့ ပြော​ဆို​နိုင်​စွမ်း​ရှိ​သူ​က ကိုယ့်​ကိုယ်​ကိုယ်​ပဲ အား​ပေး​တည်​ဆောက်​တယ်။ ပရော​ဖက်​ပြု​တဲ့​သူ​က​တော့  အသင်း​တော်​ကို  အား​ပေး​တည်​ဆောက်​တယ်။ ၅  ခင်ဗျား​တို့​အား​လုံး​ကို ဘာ​သာ​စကား​ အမျိုး​မျိုး ပြော​ဆို​နိုင်​စွမ်း ရှိ​စေ​ချင်​တယ်။+ ဒါ​ပေမဲ့ ပရော​ဖက်​ပြု​နိုင်​တဲ့ ဆု​ကျေး​ဇူး​ကို ပို​ပြီး​ရ​စေ​ချင်​တယ်။+ ပရော​ဖက်​ပြု​တဲ့​သူ​ဟာ ဘာ​သာ​စ​ကား​အမျိုး​မျိုး ပြော​တဲ့​သူ​ထက် သာ​တယ်။ ဘာ​သာ​စ​ကား​အမျိုး​မျိုး  ပြော​တဲ့​သူ​ဟာ ဘာ​သာ​ပြန်​ပေး​သူ မရှိ​ရင် အသင်း​တော်​ကို အား​ပေး​တည်​ဆောက်​နိုင်​မှာ မဟုတ်​ဘူး။ ၆  ညီ​အစ်​ကို​တို့၊ အခု​ချိန်​မှာ ကျွန်​တော်​က ခင်​ဗျား​တို့​ကို ဘာ​သာ​စ​ကား​ အမျိုး​မျိုး​နဲ့ ပြော​ခဲ့ရင်​လည်း ဗျာဒိတ်​တော်​အကြောင်း ဟော​တာ၊+ အသိ​ပညာ​ပေး​တာ၊+  ပရော​ဖက်​ပြု​တာ၊ သွန်​သင်​တာ​တွေ မလုပ်​ဘူး​ဆို​ရင် ခင်ဗျား​တို့ ဘာ​အကျိုး​ရ​နိုင်​မှာ​လဲ။ ၇  အလား​တူ​ပဲ၊   ပလွေ​ဖြစ်​စေ၊ စောင်း​ဖြစ်​စေ  သက်​မဲ့​တူ​ရိ​ယာ​တွေ​တောင် အသံ မပီ​ပြင်​ရင် ပလွေ​သံ​မှန်း၊ စောင်း​သံ​မှန်း ဘယ်​လို​လုပ် သိ​နိုင်​မလဲ။ ၈  ခ​ရာ​မှုတ်​သံ မပီ​ပြင်​ရင် တိုက်​ပွဲ​အတွက် ဘယ်​သူ အသင့်​ပြင်​နိုင်​မလဲ။ ၉  အလား​တူ​ပဲ၊  နား​လည်​လွယ်​တဲ့​စကား​နဲ့ မပြော​ဘူး​ဆို​ရင် ဘာ​ပြော​နေ​မှန်း ဘယ်​သူ​သိ​နိုင်​မလဲ။ လေ​ထဲ​ကို ပြော​သလို ဖြစ်​နေ​မှာ​ပေါ့။ ၁၀  ဒီ​လော​က​မှာ  ဘာ​သာ​စ​ကား​အမျိုး​မျိုး ပြော​ကြ​တယ်။ အဓိပ္ပာယ်​မရှိ​တဲ့ ဘာ​သာ​စ​ကား​ဆို​တာ မရှိ​ဘူး။ ၁၁  ကျွန်​တော် နား​မလည်​တဲ့ ဘာ​သာ​စ​ကား​ကို ပြော​ဆို​သူ​အတွက် ကျွန်​တော်​ဟာ တိုင်း​တစ်​ပါး​သား ဖြစ်​နေ​မှာ​ပေါ့။ ပြော​ဆို​သူ​က​လည်း ကျွန်​တော့်​အတွက် တိုင်း​တစ်​ပါး​သား ဖြစ်​နေ​မှာ​ပေါ့။ ၁၂  ခင်​ဗျား​တို့​လည်း အလား​တူ​ပဲ။ စွမ်း​အား​တော် ဆု​ကျေး​ဇူး​တွေ လို​ချင်​တောင့်​တ​နေ​တာ​ဆို​တော့ အသင်း​တော်​ကို အား​ပေး​နိုင်​ဖို့ ဆု​ကျေး​ဇူး များ​များ​ရ​အောင် ကြိုး​စား​ကြ​ပါ။+ ၁၃  ဒါ​ကြောင့်  တ​ခြား​ဘာ​သာ​စကား​နဲ့ ပြော​ဆို​နိုင်​စွမ်း​ရှိ​သူ​ဟာ ဘာ​သာ​ပြန်​နိုင်​အောင်  ဆု​တောင်း​ပါ​စေ။+ ၁၄  တ​ခြား​ဘာ​သာ​စ​ကား​နဲ့  ကျွန်​တော် ဆု​တောင်း​နေ​တယ်​ဆို​ရင် စွမ်း​အား​တော်  ဆု​ကျေး​ဇူး​ကြောင့်  ဆု​တောင်း​တာ​မှန်​ပေမဲ့ အဓိပ္ပာယ်​ကို​တော့ ကျွန်​တော် နား​မလည်​ဘူး။ ၁၅  ဒီ​တော့ ဘယ်​လို​ လုပ်​ရ​မလဲ။ ကျွန်​တော်​က စွမ်း​အား​တော် ဆု​ကျေး​ဇူး​ကြောင့် ဆု​တောင်း​မယ်။ ကျွန်​တော်​နား​လည်​တဲ့  စကား​နဲ့​လည်း ဆု​တောင်း​မယ်။   စွမ်း​အား​တော်​ဆု​ကျေး​ဇူး​ကြောင့်  ချီး​မွမ်း​သီ​ချင်း​ ဆို​မယ်။ ကျွန်​တော်​နား​လည်​တဲ့ စ​ကား​နဲ့​လည်း ချီး​မွမ်း​သီ​ချင်း​ဆို​မယ်။ ၁၆  ခင်​ဗျား​က စွမ်း​အား​တော်​ ဆု​ကျေး​ဇူး​ကြောင့်​ပဲ ကျေး​ဇူး​တော်​ချီး​မွမ်း​မယ်​ဆို​ရင် သာ​မန်​လူ​တွေ​က ခင်​ဗျား ဘာ​တွေ​ပြော​နေ​မှန်း နား​မလည်​တဲ့​အတွက် “အာ​မင်”*  လို့​ဘယ်​လို​ပြော​နိုင်​မလဲ။ ၁၇  ခင်ဗျား​က ကျေး​ဇူး​တော်​ကို ကောင်း​ကောင်း​မွန်​မွန်  ချီး​မွမ်း​ပါ​ရဲ့၊  ခက်​တာ​က တခြား​သူအတွက်  အား​ပေး​မှု  မဖြစ်​ဘူး။ ၁၈  ဘာ​သာ​စ​ကား​အမျိုး​မျိုး​ကို ခင်ဗျား​တို့​ထက် ကျွန်​တော်​ပြော​ဆို​တတ်​လို့ ဘု​ရား​သခင်​ကို ကျေး​ဇူး​တင်​ပါ​တယ်။ ၁၉  ဒါ​ပေမဲ့ ကျွန်​တော်​က အသင်း​တော်​မှာ တ​ခြား​ဘာ​သာ​စ​ကား​နဲ့ စ​ကား​အခွန်း တစ်​သောင်း ပြော​မယ့်​အစား သူ​တစ်​ပါး​ကို သွန်​သင်​ဖို့ နား​လည်​နိုင်​တဲ့​စ​ကား ငါး​ခွန်း​ပဲ ပြော​ချင်​တယ်။+ ၂၀  ညီ​အစ်​ကို​တို့၊ က​လေး​ငယ်​တွေ​လို  မစဉ်း​စား​ပါ​နဲ့။+  မကောင်း​မှု​မှာ​တော့  က​လေး​ငယ်​တွေ​လို  ဖြစ်​ကြ​ပါ။+ အရွယ်​ရောက်​သူ​တွေ​လို စဉ်း​စား​ပါ။+ ၂၁  “‘တိုင်း​တစ်​ပါး​သား​တွေရဲ့ ဘာ​သာ​စ​ကား၊ သူ​စိမ်း​တွေရဲ့ ဘာ​သာ​စ​ကား​နဲ့ ဒီ​လူ​မျိုး​ကို ငါ​ပြော​မယ်။ ဒါ​တောင် သူ​တို့ နား​ထောင်​မှာ မဟုတ်​ဘူး’  ဆို​ပြီး ယေဟောဝါ* ဘု​ရား ပြော​တယ်”+ လို့ ပညတ်​ကျမ်းမှာ​ရေး​ထား​တယ်။ ၂၂  ဒါ​ကြောင့် ဘာ​သာ​စ​ကား​အမျိုး​မျိုး ပြော​ဆို​နိုင်​စွမ်း​ဟာ ယုံ​ကြည်​သူ​တွေ​အတွက် မဟုတ်​ဘဲ မယုံ​ကြည်​သူ​တွေ​အတွက် အထောက်​အ​ထား​ပဲ။+ ပရော​ဖက်​ပြု​နိုင်​စွမ်း​က​တော့ မယုံ​ကြည်​သူ​တွေ​အတွက် မဟုတ်​ဘဲ ယုံ​ကြည်​သူ​တွေ​အတွက် အထောက်​အ​ထား​ပဲ။ ၂၃  အသင်း​တော်​တစ်​ခု​လုံး တစ်​နေ​ရာ​မှာ အတူ​စု​ဝေး​ပြီး ဘာ​သာ​စ​ကား​အမျိုး​မျိုး​နဲ့ ပြော​ဆို​နေ​တုန်း သာ​မန်​လူ​တွေ ဒါ​မှ​မဟုတ် မယုံ​ကြည်​သူ​တွေ ရောက်​လာရင် ခင်​ဗျား​တို့​ကို စိတ်​မမှန်​သူ​တွေလို့ ပြော​ကြ​မယ် မဟုတ်​လား။ ၂၄  ဒါ​ပေမဲ့ ခင်​ဗျား​တို့ ပရော​ဖက်​ပြု​နေ​တုန်း မယုံ​ကြည်​သူ ဒါ​မှ​မဟုတ် သာ​မန်​လူ ရောက်​လာရင် ခင်​ဗျား​တို့​ရဲ့ စ​ကား​တွေ​ဟာ သူ့​ကို ဆုံး​မသလို​ဖြစ်​ပြီး သူ့​ကိုယ်​သူ ဝေ​ဖန်​ဆန်း​စစ်​ စေ​လိမ့်​မယ်။ ၂၅  အဲ​ဒီ​အခါ သူ့​စိတ်​ထဲ ကိ​န်း​အောင်း​နေ​တာ​တွေ​ကို သူ​ကိုယ်​တိုင် သိ​လာ​လိမ့်​မယ်။ ဒါ​ကြောင့် “ခင်​ဗျား​တို့​နဲ့​အတူ ဘုရား​သခင် တ​ကယ်​ရှိ​တာ​ပဲ”+ ဆို​ပြီး ဘုရား​သခင်​ကို ပျပ်​ဝပ်​ကိုး​ကွယ်​လိမ့်​မယ်။ ၂၆  ဒါ​ဆို​ရင် ညီ​အစ်​ကို​တို့၊ ဘယ်​လို​လုပ်​မလဲ။  ခင်​ဗျား​တို့ စု​ဝေး​ကြ​တဲ့​အခါ တစ်​ယောက်​က ဆာလံ​သီ​ချင်း​ဆို​တယ်၊ တစ်​ယောက်​က သွန်​သင်​တယ်၊ တစ်​ယောက်​က ဗျာဒိတ်​တော်​ကို ဖော်​ပြ​တယ်၊ တစ်​ယောက်​က တ​ခြား​ဘာ​သာ​စ​ကား​နဲ့ ဟော​ပြော​တယ်၊ တစ်​ယောက်​က  ဘာ​သာ​ပြန်​တယ်။+ ဘယ်​ဆု​ကျေး​ဇူး​ပဲ​ဖြစ်​ပါ​စေ သူ​တစ်​ပါး​ကို အား​ပေး​မှု​ဖြစ်​စေ​ပါ။ ၂၇  တ​ခြား​ဘာ​သာ​စ​ကား​နဲ့  ဟော​ပြော​တဲ့​သူ​ရှိ​ရင်   နှစ်​ယောက်၊ အလွန်​ဆုံး သုံး​ယောက်​ပဲ ထား​ပါ။ သူ​တို့ အလှည့်​ကျ ဟော​ပြော​ပါ​စေ။ တစ်​ယောက်​က ဘာ​သာ​ပြန်​ပေး​ရ​မယ်။+ ၂၈  ဘာ​သာ​ပြန်​ပေး​မယ့်​သူ မရှိ​ရင်​တော့ တ​ခြား​ဘာ​သာ​စ​ကား​နဲ့ ဟော​ပြော​တဲ့​သူ​က အသင်း​တော်​မှာ တိတ်​ဆိတ်​စွာ​နေ​ပြီး စိတ်​ထဲ​မှာ​ပဲ ဘု​ရား​သခင်​ကို ပြော​ပါ​စေ။ ၂၉  ပရော​ဖက် နှစ်​ယောက် ဒါ​မှ​မဟုတ် သုံး​ယောက်+ ဟော​ပြော​ပါ​စေ။ ကျန်​တဲ့​သူ​တွေ​က​တော့ နား​ထောင်​ပြီး အဓိပ္ပာယ်​ကို နား​လည်​ကြ​ပါ​စေ။ ၃၀  ဒါ​ပေမဲ့ ထိုင်​နား​ထောင်​သူ​တွေ​ထဲ​မှာ တစ်​ယောက်​က ဗျာဒိတ်​တော် ရ​ပြီဆို​ရင် အရင်​ဟော​နေ​တဲ့​သူ​က  တိတ်​ဆိတ်​စွာ  နေ​ပါ​စေ။ ၃၁  ဒါ​မှ  ခင်​ဗျား​တို့​အား​လုံး  တစ်​ယောက်​တစ်​လှည့် ပရော​ဖက်​ပြု​နိုင်​ကြ​လိမ့်​မယ်။ ကျန်​တဲ့​သူ​တွေ​အား​လုံး​လည်း သင်​ယူ​ခွင့်​ရ​ပြီး အား​ပေး​ခံ​ရ​လိမ့်​မယ်။+ ၃၂  ပရော​ဖက်​ပြု​နိုင်​စွမ်း​ဆို​တဲ့ စွမ်း​အား​တော်​ဆု​ကျေး​ဇူး​ကို အသုံး​ပြု​တဲ့​အခါ ပရော​ဖက်​တွေ​ဟာ ကိုယ့်​ကိုယ်​ကိုယ် ထိန်း​ချုပ်​နိုင်​ရ​မယ်။ ၃၃  ဘာ​လို့​လဲ​ဆို​တော့ ဘု​ရား​သခင်​ဟာ စည်း​စ​နစ်​မရှိ​တဲ့​ဘု​ရား မဟုတ်​ဘူး၊ ငြိမ်​သက်​ခြင်း​လိုလား​တဲ့ ဘု​ရား​သခင်​ပဲ။+ သန့်​ရှင်း​သူ​တွေရဲ့ အသင်း​တော်​တိုင်း​မှာ​လို​ပဲ၊ ၃၄  အသင်း​တော်တွေ​မှာ အမျိုး​သမီး​တွေ တိတ်​ဆိတ်​စွာ နေ​ကြ​ပါ​စေ။ သူ​တို့ ဟော​ပြော​ခွင့် မရှိ​ဘူး။+ ပညတ်​တ​ရား​မှာ ဖော်​ပြထား​တဲ့​အတိုင်း သူ​တို့  လက်​အောက်​ခံ​ကြ​ပါ​စေ။+ ၃၅  သူ​တို့ နား​မလည်​တာ​ရှိ​ရင် အိမ်​မှာ ခင်​ပွန်း​ကို မေး​မြန်း​ကြ​ပါ​စေ။ အမျိုး​သမီး​တစ်​ယောက်​က အသင်း​တော်​မှာ ဟော​ပြော​ရင် ဒါ​ဟာ အရှက်​ကင်း​မဲ့​တဲ့ လုပ်​ရပ်​ပဲ။ ၃၆  ဘု​ရား​သခင်​ရဲ့  တ​ရား​စ​ကား​ဟာ ခင်​ဗျား​တို့​ဆီ​က​နေ အစ​ပြု​တာ​လား။ ခင်​ဗျား​တို့​ဆီ​ကို​ပဲ ရောက်​လာ​တာ​လား။ ၃၇  တစ်​ယောက်​ယောက်​က ကိုယ့်​ကိုယ်​ကိုယ် ပရော​ဖက်​ဖြစ်​တယ်၊ စွမ်း​အား​တော်​ဆု​ကျေး​ဇူး ရ​ရှိ​ထား​သူ​ဖြစ်​တယ်​လို့ ထင်​နေ​ရင် ကျွန်​တော်ရေး​လိုက်​တာ​တွေ​ဟာ သခင့်​မိန့်​မှာ​ချက်​တွေ​ပဲ​ဆို​တာ  သူ  လက်​ခံ​ရ​မယ်။ ၃၈  တစ်​ယောက်​ယောက်​က ဒီ​အချက်​ကို အရေး​မလုပ်​ဘူး​ဆို​ရင်​တော့ ဘုရား​သခင်​က​လည်း သူ့​ကို အရေး​လုပ်​မှာ မဟုတ်​ဘူး။* ၃၉  ဒါ​ကြောင့် ညီ​အစ်​ကို​တို့၊ ပရော​ဖက်​ပြု​နိုင်​တဲ့ ဆု​ကျေး​ဇူး​ရ​ဖို့ အမြဲ ကြိုး​စား​အား​ထုတ်​ကြ​ပါ။+ ဘာ​သာ​စ​ကား​အမျိုး​မျိုး​နဲ့ ဟော​ပြော​နေ​သူ​တွေ​ကို​လည်း  မတား​မြစ်​ ကြ​ပါ​နဲ့။+ ၄၀  အရာရာ​ကို နည်း​လမ်း​တ​ကျ၊ စည်း​စ​နစ်​တ​ကျ လုပ်​ဆောင်​ကြ​ပါ။+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”
“ဒါ​ကို မသိ​တဲ့​သူ​က မသိ​တဲ့​အတိုင်း ရှိ​ပါ​စေ” လည်း​ဖြစ်​နိုင်။