၁ ကောရိန္သု ၂:၁-၁၆

  • ကော​ရိန္သု​မြို့​မှာ ပေါ​လု ဟော​ပြော (၁-၅)

  • ဘု​ရား​သခင့်​ဉာဏ်​ပညာ​ရဲ့ သာ​လွန်​မှု (၆-၁၀)

  • စွမ်း​အား​တော်​လမ်း​ပြမှု​နောက်​ကို လိုက်​တဲ့​သူ​နဲ့ လော​က​စိတ်​ဓာတ်​ရှိ​သူ (၁၁-၁၆)

 ညီအစ်​ကို​တို့၊ ခင်​ဗျား​တို့​ဆီ ကျွန်​တော်​လာ​တာ ဘု​ရား​သခင်​ရဲ့ မြင့်မြတ်​တဲ့  လျှို့ဝှက်​ချက်​အကြောင်း+ ဟော​ဖို့​ပါ။ ကြီး​ကျယ်​တဲ့ စ​ကား​တွေ​နဲ့၊+ လူ့​ဉာဏ်​ပညာ​နဲ့  မဟော​ခဲ့​ဘူး။ ၂  ယေရှု​ခ​ရစ်​အကြောင်း၊  သစ်​တိုင်​ပေါ် သူ​အသတ်​ခံ​ရ​တဲ့​အကြောင်း​ကို​ပဲ+ ခင်ဗျား​တို့ အာ​ရုံ​စိုက်​စေ​ဖို့ ဆုံး​ဖြတ်​ထား​လို့​ပါ။ ၃  ကျွန်​တော် ခင်​ဗျား​တို့​ဆီ​လာ​တုန်း​က အား​နည်း​ပြီး ကြောက်​ရွံ့​တုန်​လှုပ်​နေ​တာ။ ၄  ကျွန်​တော် ဟော​ပြော​သွန်​သင်​တဲ့​အခါ  အပြော​ကောင်း​တဲ့  ပညာ​ရှိ​တွေရဲ့​စ​ကား​မျိုး မသုံး​ဘဲ စွမ်း​အား​တော်​နဲ့ တန်​ခိုး​တော်​ကို​ဖော်​ပြတဲ့ စ​ကား​တွေ​သုံး​ပြီး ဟော​ခဲ့​တယ်။+ ၅  ဒါ​မှ ခင်​ဗျား​တို့​ရဲ့ ယုံ​ကြည်​ခြင်း​ဟာ လူ့​ဉာဏ်​ပညာ​ကို အခြေ​မပြု​ဘဲ ဘု​ရား​သခင့်​တန်​ခိုး​ကို အခြေ​ပြု​နိုင်​မှာ​ပါ။ ၆  အခု၊ ကျွန်​တော်​တို့​က ရင့်​ကျက်​သူ​တွေ​ကို ဉာဏ်​ပညာ​အကြောင်း ပြော​နေ​တယ်။+  ဒါ​ပေမဲ့  ဒီ​လော​က​စ​နစ်​ရဲ့* ဉာဏ်​ပညာ​အကြောင်း​တော့​မ​ဟုတ်​ဘူး။ အချည်း​နှီး​ဖြစ်​သွား​မယ့် ဒီ​လော​က​စနစ်​ရဲ့ အုပ်​စိုး​ရှင်​တွေ​မှာ​ရှိ​တဲ့ ဉာဏ်​ပညာ​အကြောင်း​လည်း မဟုတ်​ဘူး။+ ၇  မြင့်မြတ်​တဲ့​ လျှို့ဝှက်​ချက်+ တစ်​နည်း​အား​ဖြင့်  ဘု​ရား​သခင်​ရဲ့  လျှို့ဝှက်​ထား​တဲ့ ဉာဏ်​ပညာ​အကြောင်း​ပဲ။ ဘု​ရား​သခင်​က ကျွန်​တော်​တို့ ဘုန်း​အသရေ ခံ​စား​ရ​စေ​ဖို့ အဲ​ဒီ​ဉာဏ်​ပညာ​အတိုင်း  လုပ်​ဆောင်​မယ်​ဆို​ပြီး လော​က​စ​နစ်​တွေ* မတည်​ရှိ​ခင်​က​တည်း​က  ကြို​တင်​ပြဋ္ဌာန်းခဲ့​တယ်။ ၈  အဲ​ဒီ​ဉာဏ်​ပညာ​အကြောင်း ဒီ​လော​က​စ​နစ်​ရဲ့*  အုပ်​စိုး​ရှင်​တွေ တစ်​ယောက်​မှ မသိ​ဘူး။+  သိ​ခဲ့ရင် ဘုန်း​အသရေ​နဲ့​ပြည့်​စုံ​တဲ့  သခင်​ကို  သစ်​တိုင်​ပေါ်​တင်​ပြီး ကွပ်​မျက်​ကြ​မှာ မဟုတ်​ဘူး။ ၉  “ဘုရား​သခင်​က လူ​တွေ မမြင်​ဖူး၊ မကြား​ဖူး၊ မစဉ်း​စား​ဖူး​တဲ့ အရာတွေ​ကို မိမိ​ကို​ချစ်​တဲ့​သူ​တွေ​အတွက်  ပြင်​ဆင်​ပေး​ထား​တယ်”+  ဆို​ပြီး ကျမ်း​စာ​မှာ ရေး​ထား​တဲ့​အတိုင်း​ပါ​ပဲ။ ၁၀  ဘု​ရား​သခင်​က ကျွန်​တော်​တို့​ကို စွမ်း​အား​တော်​အား​ဖြင့်+ အဲ​ဒီ​အကြောင်း ဖော်​ပြတယ်။+ စွမ်း​အား​တော်​က အရာ​ခပ်​သိမ်း​ကို ဖော်​ပြတယ်။ ဘု​ရား​သခင်​ရဲ့ နက်​နဲ​တဲ့  အကြံ​အစည်​တွေ​ကို​တောင် ဖော်​ပြတယ်။+ ၁၁  လူ​တစ်​ယောက်​ရဲ့  စိတ်​ထဲ​က အတွေး​တွေ​ကို  သူ​ကိုယ်​တိုင်​က​လွဲ​လို့ ဘယ်​သူ​သိ​လို့​လဲ။ အလား​တူ​ပဲ၊ ဘု​ရား​သခင်​ရဲ့ အတွေး​တွေ​ကို ဘု​ရား​သခင့် စွမ်း​အား​တော်​က​လွဲ​လို့ ဘယ်​သူ​မှ မသိ​ဘူး။ ၁၂  ကျွန်​တော်​တို့​ဟာ  လော​က​စိတ်​ဓာတ်​ကို မရ​ဘဲ ဘု​ရား​သခင်​ဆီ​က စွမ်း​အား​တော်​ကို ရ​ထား​တယ်။+ ဒါ​ကြောင့် ဘု​ရား​သခင် သနား​ကြင်​နာ​စွာ ပေး​ထား​တဲ့​အရာတွေ​အကြောင်း သိ​နိုင်​ကြ​တယ်။ ၁၃  ကျွန်​တော်​တို့​က ဒီ​အကြောင်း​တွေ​ကို လူ့​ဉာဏ်​ပညာ​က​နေ သင်​ယူ​ထား​တဲ့ စကား​တွေ​နဲ့ မဟော​ဘဲ+ စွမ်း​အား​တော်​က​နေ သင်​ယူ​ထား​တဲ့​စ​ကား​တွေ​နဲ့ ဟော​ပြော​ပါ​တယ်။+ ဘု​ရား​သခင်​နဲ့​ပတ်​သက်​တဲ့ အကြောင်း​အရာတွေ​ကို စွမ်း​အား​တော် သွန်​သင်​ပေး​တဲ့​စ​ကား​တွေ​နဲ့ ရှင်း​ပြပါ​တယ်။ ၁၄  စိတ်​အလို​လိုက်​တဲ့​သူ​ဟာ​ ဘုရား​သခင့်​စွမ်း​အား​တော် ဖော်​ပြတဲ့​အရာတွေ​ကို လက်​မခံ​ဘူး။ ဒါ​တွေ​ဟာ သူ့​အတွက် မိုက်​မဲ​တဲ့​အရာ ဖြစ်​နေ​တယ်။ ဘု​ရား​သခင့် စွမ်း​အား​တော် ရ​ရှိ​မှ​သာ ဒါ​တွေ​ကို စစ်​ဆေး​နိုင်​မှာ​ဖြစ်​လို့ သူ​နား​မလည်​နိုင်​ဘူး။ ၁၅  စွမ်း​အား​တော်ရဲ့ လမ်း​ပြမှု​နောက်​ကို လိုက်​တဲ့​သူ​ဟာ အရာ​ခပ်​သိမ်း​ကို စစ်​ဆေး​တတ်​တယ်။+ ဒါ​ပေမဲ့ သူ့​ကို ဘယ်​သူ​မှ မစစ်​ဆေး​နိုင်​ဘူး။ ၁၆  “ယေဟောဝါ​ကို* သွန်​သင်​ပေး​ရ​အောင် ဘယ်​သူ​က ဘု​ရားရဲ့ စိတ်​သဘော​ကို သိ​လို့​လဲ”+ ဆို​ပြီး ကျမ်း​စာ​မှာ ရေး​ထား​တယ်။ ကျွန်​တော်​တို့​မှာ​တော့ ခ​ရစ်​တော်ရဲ့ စိတ်​သဘော​ထား ရှိ​တယ်။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။