၁ ကောရိန္သု ၃:၁-၂၃

  • ကော​ရိန္သု​မြို့​သား​များ စိတ်​အလို​​နောက် လိုက်နေဆဲ (၁-၄)

  • အပင်​ကို ကြီး​ထွား​စေ​တာ ဘု​ရား​သခင် (၅-၉)

    • ဘု​ရား​သခင်​ရဲ့ လုပ်​ဖော်​ဆောင်​ဖက်​တွေ ()

  • မီး​ဒဏ်​ခံ​နိုင်​တဲ့​ပစ္စည်းတွေ​နဲ့ တည်​ဆောက် (၁၀-၁၅)

  • ခင်​ဗျား​တို့​ဟာ ဘု​ရား​သခင်​ရဲ့ ဗိ​မာန်​တော်​ပဲ (၁၆၊ ၁၇)

  • လော​က​ရဲ့​ဉာဏ်​ပညာ​ဟာ ဘု​ရား​ရှေ့​မှာ မိုက်မဲတဲ့အရာ​ပဲ (၁၈-၂၃)

 ညီအစ်​ကို​တို့၊ ကျွန်​တော်​က စွမ်း​အား​တော်ရဲ့  လမ်း​ပြမှု​နောက် လိုက်​တဲ့​သူ​တွေ​ကို+ ပြော​သလို ခင်ဗျား​တို့​ကို မပြော​နိုင်​ဘူး။ စိတ်​အလို​လိုက်​သူတွေ၊ ခ​ရစ်​တော်ရဲ့​လမ်း​စဉ်​မှာ နို့​စို့​အရွယ်​ပဲ​ရှိ​သေး​တဲ့ သူ​တွေ​ကို+ ပြော​သလို ပြော​နေ​ရ​တယ်။ ၂  ခင်​ဗျား​တို့​က မာ​တဲ့​အစာ မစား​နိုင်​သေး​လို့ နို့​ကို​ပဲ ကျွန်​တော် တိုက်​ကျွေး​ခဲ့​တာ။ အခု​ထိ မာ​တဲ့​အစာ မစား​နိုင်​ကြ​သေး​ဘူး။+ ၃  စိတ်​အလို လိုက်​နေ​ကြ​တုန်း​ပဲ။+ ဒါ​ကြောင့်  မနာ​လို​ခြင်း၊  ရန်​တွေ့ ​ခြင်း​တွေ ရှိ​နေ​တာ။ ဒါ​ဟာ စိတ်​အလို​လိုက်​နေ​တာ မဟုတ်​လား။+ လော​က​မှာ​ရှိ​တဲ့ လူ​တွေ​လို ကျင့်​ကြံ​နေ​တာ မဟုတ်​လား။ ၄  တစ်​ယောက်​က “ငါဟာ​ ပေါလု​ရဲ့​တပည့်၊”  နောက်​တစ်​ယောက်​က “ငါက​တော့ အာ​ပေါ​လု​ရဲ့ တ​ပည့်”+ ဆို​ပြီး  ပြော​နေ​ကြ​တာ​ဟာ လော​က​မှာရှိတဲ့ လူ​တွေ​လို ကျင့်​ကြံ​နေ​တာ​ပဲ မဟုတ်လား။ ၅  အာ​ပေါ​လု​ဆို​တာ ဘယ်​သူ​လဲ။ ပေါ​လု​က​ရော ဘယ်​သူ​လဲ။ သူ​တို့​ဟာ ဘုရား​သခင်​ရဲ့ အစေ​ခံ​တွေ​ပဲ။+ သခင်​ပေး​အပ်​ထား​တဲ့   အလုပ်​ကို  လုပ်​ဆောင်​ပြီး ခင်​ဗျား​တို့​ကို ယုံ​ကြည်​သူ​တွေ ဖြစ်​လာ​အောင် ကူ​ညီ​ခဲ့​သူ​တွေ​ပဲ။ ၆  ကျွန်​တော်​က စိုက်​ပျိုး​တယ်။+ အာ​ပေါ​လု​က ရေ​လောင်း​တယ်။+ အပင်​ကို ကြီး​ထွား​စေ​တာ​က​တော့ ဘု​ရား​သခင်​ပဲ။ ၇  စိုက်​ပျိုး​သူ​နဲ့ ရေ​လောင်း​သူ​က အရေး​ပါ​တာ မဟုတ်​ဘူး။ အပင်​ကို ကြီး​ထွား​စေ​တဲ့ ဘု​ရား​သခင်​က​သာ အရေး​ပါ​တာ​ပါ။+ ၈  စိုက်​ပျိုး​သူ​နဲ့ ရေ​လောင်း​သူ​ရဲ့ ရည်​ရွယ်​ချက်​ဟာ အတူ​တူ​ပါ​ပဲ။ ဒါ​ပေမဲ့ တစ်​ယောက်​စီ​က ကိုယ့်​ရဲ့​အား​ထုတ်​မှု​နဲ့​အညီ အကျိုး​ခံ​စား​ရ​လိမ့်​မယ်။+ ၉  ကျွန်​တော်​တို့​ဟာ ဘု​ရား​သခင်​ရဲ့ လုပ်​ဖော်​ဆောင်​ဖက်​တွေ​ပါ။ ခင်​ဗျား​တို့​ဟာ ဘု​ရား​သခင် ပျိုး​ထောင်​နေ​တဲ့ စိုက်​ခင်း​ပါ၊ ဘု​ရား​သခင်​ရဲ့ အဆောက်အအုံပါ။+ ၁၀  ဘု​ရား​သခင်​ရဲ့ မဟာ​က​ရု​ဏာ​တော်​ကို ခံ​စား​ရ​တဲ့​အတွက် ကျွန်​တော်​က ဗိ​သု​ကာ​ပညာ​ရှင်​လို အုတ်​မြစ်​ကို​ချ​ထား​ပြီ။+ အဲ​ဒီ​အုတ်​မြစ်​ပေါ် တ​ခြား​တစ်​ယောက်​က ထပ်​ဆင့်​တည်​ဆောက်​နိုင်​တယ်။  ဒါ​ပေမဲ့ ထပ်​ဆင့်​တည်​ဆောက်​သူ​တွေ​က  မိမိ​တည်​ဆောက်​နေ​ပုံ​ကို သတိ​ပြု​ရ​မယ်။ ၁၁  ယေရှု​ခ​ရစ်​ဆို​တဲ့ ချ​ထား​တဲ့ အုတ်​မြစ်​က​လွဲ​လို့ တခြား​အုတ်​မြစ်​ကို ဘယ်​သူ​မှ မချ​နိုင်​ဘူး။+ ၁၂  တစ်​ယောက်​ယောက်​က အဲ​ဒီ​အုတ်​မြစ်​ပေါ်​မှာ ရွှေ၊ ငွေ၊ ကျောက်​မျက်​ရ​တ​နာ၊ သစ်​သား၊ မြက်​ခြောက်၊ ကောက်​ရိုး​တွေ​နဲ့  ထပ်​ဆင့်​တည်​ဆောက်​နိုင်​တယ်။ ၁၃  ဒါ​ပေမဲ့ စစ်​ဆေး​တဲ့​နေ့ ရောက်​တဲ့​အခါ တစ်​ယောက်​စီ​ရဲ့ တည်​ဆောက်​ပုံ ထင်​ရှား​လာ​မယ်။ ဘယ်​လို တည်​ဆောက်​ခဲ့​သလဲ​ဆို​တာ​ကို  အဲ​ဒီ​နေ့မှာ​ မီး​က ဖော်​ပြမယ်။+ ၁၄  လူ​တစ်​ယောက် ထပ်​ဆင့်​တည်​ဆောက်​ထား​တာ​က မီး​ဒဏ်​ခံ​နိုင်​တယ်​ဆို​ရင် သူ အကျိုး​ကျေး​ဇူး ခံ​စား​ရ​မယ်။ ၁၅  သူ​တည်​ဆောက်​ထား​တာ မီး​ထဲ​ပါ​သွား​ရင်​တော့ သူ​ဆုံး​ရှုံး​ရ​မယ်။ သူ​ကိုယ်​တိုင်​တော့ ကယ်​တင်​ခံ​ရ​လိမ့်​မယ်။ ကယ်​တင်​ခံ​ရ​ပေမဲ့ မီး​ဘေး​က လွတ်​လာ​သလို​မျိုး ဖြစ်​လိမ့်​မယ်။ ၁၆  ခင်​ဗျား​တို့​ဟာ ဘု​ရား​သခင်​ရဲ့ ဗိ​မာန်​တော် ဖြစ်​နေ​တာ၊+ ခင်​ဗျား​တို့​ဆီ​မှာ ဘု​ရား​သခင့် စွမ်း​အား​တော် ကိ​န်း​ဝပ်​နေ​တာ မသိ​ကြ​ဘူး​လား။+ ၁၇  ဘု​ရား​သခင်​ရဲ့ ဗိ​မာန်​တော်​ကို ဖျက်​ဆီး​ရင် အဲ​ဒီ​လူ​ကို ဘု​ရား​သခင် ဖျက်​ဆီး​မယ်။ ဘု​ရား​သခင်​ရဲ့ ဗိ​မာန်​တော်​ဟာ သန့်​ရှင်း​မြင့်မြတ်​တယ်။ ခင်​ဗျား​တို့​ဟာ အဲ​ဒီ​ဗိမာန်​တော်​ပဲ။+ ၁၈  ကိုယ့်​ကိုယ်​ကိုယ် မလှည့်​စား​ကြ​ပါ​နဲ့။ ဒီ​လော​က​စ​နစ်​မှာ* ကိုယ့်​ကိုယ်​ကိုယ် ပညာ​ရှိ​သူ​လို့ ထင်​ရင် တ​ကယ်​ပညာ​ရှိ​သူ ဖြစ်​နိုင်​ဖို့ မိုက်​မဲ​သူ ဖြစ်​ရ​မယ်။ ၁၉  လော​က​ရဲ့ ဉာဏ်​ပညာ​ဟာ ဘု​ရား​သခင်​ရှေ့​မှာ မိုက်​မဲ​တဲ့​အရာ​ပဲ။ “ဘုရား​သခင်​က ပညာ​ရှိ​သူ​ကို သူ့​ပရိ​ယာယ်​နဲ့​ပဲ ပြန်​ကျော့​မိ​စေ​တယ်” လို့ ကျမ်း​စာ​မှာ ရေး​ထား​တယ်။+ ၂၀  အဲ​ဒီ​အပြင် “ပညာ​ရှိ​တွေရဲ့ အကြံ​အစည်​တွေ​ဟာ အချည်း​နှီး​ပဲ​ဆို​တာ ယေဟောဝါ* ဘုရား​သိ​တယ်”+ လို့​လည်း ရေး​ထား​တယ်။ ၂၁  ဒါ​ကြောင့် လူ့​အစွမ်း​အစ​နဲ့​ပတ်​သက်​ပြီး မဝါ​ကြွား​ကြ​ပါ​နဲ့။ အရာ​ခပ်​သိမ်း​ကို  ခင်​ဗျား​တို့  ပိုင်​တယ်။ ၂၂  ပေါ​လု​ဖြစ်​စေ၊ အာ​ပေါ​လု​ဖြစ်​စေ၊ ကေ​ဖ*+  ဖြစ်​စေ၊  လော​က​ဖြစ်​စေ၊ အသက်​ရှင်​ခြင်း​ဖြစ်​စေ၊ သေခြင်း​ဖြစ်​စေ၊ လက်ရှိ​အရာ​ဖြစ်​စေ၊ အနာ​ဂတ်​အရာ​ဖြစ်​စေ အရာ​ခပ်​သိမ်း​ကို ခင်​ဗျား​တို့ ပိုင်​တယ်။ ၂၃  ခင်​ဗျား​တို့​ကို ခ​ရစ်​တော် ပိုင်​တယ်။+ ခ​ရစ်​တော်​ကို ဘု​ရား​သခင် ပိုင်​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ပေတ​ရု။