၁ ကောရိန္သု ၄:၁-၂၁

  • ဘဏ္ဍာ​စိုး​မှန်​ရင် သစ္စာ​ရှိ​ရ (၁-၅)

  • ခ​ရစ်​ယာန်​အမှု​ဆောင်​တွေ နှိမ့်​ချ (၆-၁၃)

    • ‘ကျမ်း​စာ​မှာ ရေး​ထား​တာ​ထက် မလွန်​ရ’ ()

    • ခ​ရစ်​ယာန်တွေ​ဟာ ပွဲ​ဝင်​သူ​တွေ​ဖြစ် ()

  • ဖခင်တစ်ယောက်​လို ပေါ​လု ဂရု​စိုက် (၁၄-၂၁)

 ကျွန်​တော်​တို့​ကို  ခ​ရစ်​တော်ရဲ့ အစေ​အပါး​တွေ၊  ဘု​ရား​သခင်​ရဲ့ မြင့်မြတ်​တဲ့  လျှို့ဝှက်​ချက်​တွေ​ကို+ စောင့်​ရှောက်​ရ​တဲ့  ဘဏ္ဍာ​စိုး​တွေ​အ​ဖြစ်​ ယူ​မှတ်​ကြ​ပါ။ ၂  ဘဏ္ဍာ​စိုး​တာ​ဝန်  ရ​ထား​ပြီဆို​ရင်  သစ္စာ​ရှိ​ရ​မယ်။ ၃  ခင်ဗျား​တို့ စစ်​ဆေး​တာ​ဖြစ်​စေ၊ ရုံး​တော်​က  စစ်​ဆေး​တာ​ဖြစ်​စေ  ကျွန်​တော့်​အတွက်​တော့ သိပ်​အရေး​မကြီး​ဘူး။ တ​ကယ်​တော့ ကျွန်​တော်​က ကိုယ့်​ကိုယ်​ကိုယ်​တောင် စစ်​ဆေး​တာ မဟုတ်​ဘူး။ ၄  ကျွန်​တော်  မကောင်း​တာ​တစ်​ခု​မှ မလုပ်​ခဲ့​ဘူး​ဆို​တဲ့​အတွေး​နဲ့ စိတ်​ကြည်​ပါ​တယ်။ အဲ​ဒီ​လို​ဖြစ်​လို့ ကျွန်​တော် ဖြောင့်​မတ်​သွား​တာ မဟုတ်​ဘူး။ ကျွန်​တော့်​ကို စစ်​ဆေး​တဲ့​သူ​ဟာ ယေဟောဝါ​ပဲ။*+ ၅  ဒါ​ကြောင့်  သခင်​ရောက်​လာ​ချိန်​မတိုင်​ခင် ဘယ်​သူ့​ကို​မှ ဝေဖန်​အကဲ​ဖြတ်​တာ​မျိုး မလုပ်​ပါ​နဲ့။+ သခင် ရောက်​လာ​တဲ့​အခါ မှောင်​မိုက်​ထဲ​မှာ​ရှိ​တဲ့ လျှို့ဝှက်​ချက်​တွေ​ကို အလင်း​ထဲ ယူ​ဆောင်​လာ​ပြီး  လူ​တွေရဲ့​ စိတ်​ထဲ​က အကြံ​အစည်​တွေ​ကို  ဖော်​ထုတ်​လိမ့်​မယ်။ အဲ​ဒီ​အချိန်​မှာ လူ​တိုင်း​ဟာ ဘု​ရား​သခင်​ရဲ့ ချီး​မွမ်း​ခြင်း​ကို ထိုက်​တန်​သလို ခံရ​လိမ့်​မယ်။+ ၆  ညီ​အစ်​ကို​တို့၊ ကိုယ်​တိုင်​နဲ့ အာ​ပေါ​လု​ကို+ န​မူ​နာ​ပြပြီး ဒီ​အကြောင်း​တွေ​ကို ကျွန်​တော် ပြော​နေ​တာ​ဟာ ခင်​ဗျား​တို့​အကျိုး​အတွက်​ပါ။ “ကျမ်း​စာ​မှာ ရေး​ထား​တာ​ထက် မလွန်​ရ” ဆို​တဲ့​မူ​ကို ခင်​ဗျား​တို့ သင်​ယူ​နိုင်​ဖို့​ပဲ။ ဒါ​ဆို​ရင်  မာ​န​ထောင်​လွှား​တာ၊+   တစ်​ယောက်​ယောက်​ကို မျက်​နှာ​သာ​ပို​ပေး​တာ​တွေ ရှိ​မှာ​မဟုတ်​ဘူး။ ၇  သူ​တစ်​ပါး​ထက် သာ​တယ်​လို့ ကိုယ့်​ကိုယ်​ကိုယ် ဘာ​လို့​ယူ​ဆ​တာ​လဲ။ ခင်​ဗျား​တို့ ရ​ထား​သမျှ​ဟာ ဘု​ရား​သခင်​ဆီ​က​ပဲ။+ ဘု​ရား​သခင်​ဆီ​က ရ​ထား​တာ​ဆို​ရင် မရ​ထား​သလို​မျိုး ဘာ​လို့ ဝါ​ကြွား​နေ​တာ​လဲ။ ၈  ခင်​ဗျား​တို့  အခု​က​တည်း​က လိုလေ​သေး​မရှိ ပြည့်​စုံ​နေ​ကြ​ပြီလား။ အခု​က​တည်း​က ကြွယ်​ဝ​နေ​ကြ​ပြီလား။ ကျွန်​တော်​တို့​မပါ​ဘဲ ဘု​ရင်​အဖြစ် စိုးစံ​နေ​ကြ​ပြီလား။+ ကျွန်​တော်​တို့​လည်း ခင်ဗျား​တို့​နဲ့​အတူ စိုး​စံ​ရ​မှာ​ဆို​တော့ ခင်​ဗျား​တို့​ကို ဘု​ရင်​အဖြစ် စိုး​စံ​နေ​စေ​ချင်​တာ​ပေါ့။+ ၉  ကျွန်​တော်​တို့​ဟာ လော​က​ရှေ့​မှာ၊ ကောင်း​ကင်​တ​မန်​တွေ၊ လူ​တွေ​ရှေ့​မှာ ပွဲ​ဝင်​နေ​ရ​သူ​တွေ​ပါ။+ ဒါ​ကြောင့် ဘု​ရား​သခင်​က ကျွန်​တော်​တို့ တမန်​တော်တွေ​ကို သေဒဏ်​စီ​ရင်​ခံ​ရ​သူ​တွေ​အဖြစ်+ နောက်​ဆုံး​မှ ပွဲ​ထုတ်​တယ်​လို့ ကျွန်​တော်​ထင်​တယ်။ ၁၀  ကျွန်​တော်​တို့​ဟာ ခ​ရစ်​တော်​ကြောင့် မိုက်​မဲ​သူ​တွေလို့ သတ်​မှတ်​ခံ​ရ​တယ်။+ ခင်​ဗျား​တို့​က​တော့ ခ​ရစ်​တော်​ကြောင့် သတိ​ပညာ​ရှိ​သူ​တွေလို့  ကိုယ့်​ကိုယ်​ကိုယ် သတ်​မှတ်​ကြ​တယ်။ ကျွန်​တော်​တို့​ဟာ အား​နည်း​သူ​တွေ၊ ခင်​ဗျား​တို့​က​တော့ သန်​စွမ်း​သူ​တွေ ဖြစ်​နေ​တယ်။ ကျွန်​တော်​တို့​ဟာ ရှုတ်​ချ​ခံ​ရ​သူ​တွေ၊ ခင်ဗျား​တို့​က​တော့ အသရေ​ရှိ​သူ​တွေ ဖြစ်​နေ​တယ်။ ၁၁  အစာ​ရေ​စာ ငတ်​မွတ်​တာ၊+ အဝတ်​အစား​မဲ့​တာ၊ ရိုက်​နှက်​ခံ​ရ​တာ၊+ အိုး​မဲ့​အိမ်​မဲ့​ဖြစ်​တာ​တွေ​ကို အခု​ချိန်​အထိ ကျွန်​တော်​တို့ ခံ​နေ​ရ​တုန်း​ပဲ။ ၁၂  ကိုယ်​တိုင် ပင်​ပန်း​ကြီး​စွာ​လုပ်​ကိုင်​ရ​တယ်။+ စော်​ကား​ခံ​ရ​တဲ့​အခါ ဆု​မွန်​ကောင်း တောင်း​ပေး​လိုက်​တယ်။+ ညှဉ်း​ဆဲ​ခံ​ရ​တဲ့​အခါ စိတ်​ရှည်​ရှည်​ထား​ပြီး သည်း​ခံ​လိုက်​တယ်။+ ၁၃  ကုန်း​ချော​ခံ​ရ​တဲ့​အခါ ညင်​ညင်​သာ​သာ​ပဲ ပြန်​ပြော​လိုက်​တယ်။+ ကျွန်​တော်​တို့​ဟာ အခု​ချိန်​အထိ  ဒီ​လော​က​ရဲ့  အမှိုက်​သရိုက်​လို၊ လူ​တ​ကာ​စွန့်​တဲ့ အညစ်​အ​ကြေး​လို ဖြစ်​နေ​တယ်။ ၁၄  အခု​လို​ရေး​လိုက်​တာ​က  ခင်​ဗျား​တို့​ကို အရှက်​ခွဲ​ဖို့ မဟုတ်​ပါ​ဘူး။ ချစ်​ရ​တဲ့​သား​သမီး​တွေ​လို သဘော​ထား​ပြီး ဆုံး​မချင်​လို့​ပါ။ ၁၅  ခင်​ဗျား​တို့​ကို ခရစ်​တော်​နောက်​လိုက်​ဖို့ သင်​ပေး​တဲ့ အုပ်​ထိန်း​သူ အယောက် ၁၀,၀၀၀ ရှိ​ကောင်း​ရှိ​မယ်။ ဒါ​ပေမဲ့ ဖခင်​အများ​ကြီး  မရှိ​ပါ​ဘူး။  ကျွန်​တော်​က​တော့ ခင်​ဗျား​တို့​ကို  သတင်း​ကောင်း​ဟော​ပြော​ပြီး ခ​ရစ်​တော်​ယေရှု​နောက်​လိုက်​ဖို့ သင်​ပေး​တဲ့ ဖခင်​တစ်​ယောက်​လို​ပါ​ပဲ။+ ၁၆  ဒါ​ကြောင့် ကျွန်​တော့်​ကို အတု​ယူ​ကြ​ဖို့ အား​ပေး​ချင်​တယ်။+ ၁၇  ဒါ​ကြောင့် တိမောသေကို ခင်​ဗျား​တို့​ဆီ လွှတ်​လိုက်​တာ​ပါ။ သူ​ဟာ ကျွန်​တော်​ချစ်​ရ​တဲ့ သား​ဖြစ်​သလို သခင့်​အတွက် သစ္စာ​ရှိ​ရှိ အမှု​ဆောင်​နေ​သူ​လည်း ဖြစ်​တယ်။ ခ​ရစ်​တော်​ယေရှု​အတွက် အမှု​ဆောင်​တဲ့​အခါ ကျွန်​တော်​ကျင့်​သုံး​တဲ့ နည်း​လမ်း​တွေ​ကို သူ​ပြော​ပြလိမ့်​မယ်။+ အရပ်ရပ်​က အသင်း​တော်​တိုင်း​မှာ အဲ​ဒီ​နည်း​လမ်း​တွေ​ကို​ပဲ ကျွန်​တော် သွန်​သင်​ပေး​ခဲ့​တယ်။ ၁၈  တ​ချို့​က  ခင်​ဗျား​တို့​ဆီ  ကျွန်​တော်​မ​လာ​လောက်​ဘူး​အထင်​နဲ့ မာန​ထောင်​လွှား​နေ​တယ်။ ၁၉  ဒါ​ပေ​မဲ့  ယေဟောဝါ*  အလို​တော်​ရှိ​ရင် မကြာ​ခင်​ ကျွန်​တော်​အရောက်​လာမှာ​ပါ။ မာ​န​ထောင်​လွှား​သူ​တွေရဲ့ စ​ကား​ကို ကျွန်တော် စိတ်​မဝင်​စား​ပါ​ဘူး။ သူ​တို့​နဲ့​အတူ ဘု​ရား​တန်​ခိုး​တော် ရှိ​နေ​မနေ အဲဒီ​အခါ​ကျ​ရင် ကျွန်​တော် သိ​အောင်​လုပ်​မယ်။ ၂၀  ဘာ​ကြောင့်​လဲ​ဆို​တော့ ဘု​ရား​သ​ခင်​ရဲ့ နိုင်​ငံ​တော်​ဟာ အပြော​နဲ့ မဆိုင်​ဘူး။ တန်​ခိုး​တော်​ရှိကြောင်း​ပြတဲ့ လုပ်​ရပ်တွေ​နဲ့​ပဲ ဆိုင်​တာ။ ၂၁  ခင်ဗျား​တို့ ဘာ​ကို အလို​ရှိ​သလဲ။ ခင်​ဗျား​တို့​ဆီ ကြိမ်​လုံး​နဲ့ လာရ​မလား။+ ဒါ​မှ​မဟုတ် မေတ္တာ​နဲ့၊ နူး​ညံ့​သိမ်​မွေ့​တဲ့​စိတ်​နဲ့ လာရ​မလား။

အောက်ခြေမှတ်ချက်များ