၁ ကောရိန္သု ၆:၁-၂၀

  • ခရစ်ယာန်ညီအစ်ကိုများကြား အမှုအခင်း (၁-၈)

  • နိုင်ငံတော်ကို အမွေမခံရသူတွေ (၉-၁၁)

  • ကိုယ်ခန္ဓာကို ဘုရားဂုဏ်တော်ချီးမွမ်းဖို့ အသုံးပြုကြပါ (၁၂-၂၀)

    • “လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ကြပါ” (၁၈)

 ခင်ဗျားတို့အချင်းချင်း အငြင်းပွားစရာ ပေါ်လာတဲ့အခါ+ သန့်ရှင်းသူတွေဆီ  မသွားဘဲ  တရားရုံးမှာရှိတဲ့ မဖြောင့်မတ်သူတွေဆီ သွားဝံ့သလား။ ၂  သန့်ရှင်းသူတွေက  ဒီလောကကို တရားစီရင်မယ်ဆိုတာ ခင်ဗျားတို့ မသိဘူးလား။+ ဒီလောကကို တရားစီရင်ရမယ့် ခင်ဗျားတို့က အမှုကိစ္စအသေးအဖွဲလေးတွေကို မစီရင်မဆုံးဖြတ်နိုင်ဘူးလား။ ၃  ကောင်းကင်တမန်တွေကို ကျွန်တော်တို့ တရားစီရင်ရမယ်ဆိုတာ မသိကြဘူးလား။+   ဒါဆိုရင် ဒီဘဝမှာကြုံရတဲ့ အမှုကိစ္စတွေကို ဘာလို့ မစီရင်နိုင်ရမှာလဲ။ ၄  စီရင်ဆုံးဖြတ်ရမယ့် အမှုကိစ္စပေါ်လာရင်+ အသရေမရှိသူတွေလို့ အသင်းတော်က ယူမှတ်တဲ့သူတွေကို တရားသူကြီး လုပ်ခိုင်းရသလား။ ၅  ခင်ဗျားတို့  ရှက်တတ်အောင် ကျွန်တော်ပြောနေတာ။ ခင်ဗျားတို့ဆီမှာ ညီအစ်ကိုအချင်းချင်းဖြစ်တဲ့အမှုကို တရားစီရင်နိုင်လောက်တဲ့ ဉာဏ်ပညာရှိသူ တစ်ယောက်မှ မရှိဘူးလား။ ၆  တရားရုံးကိုသွားပြီး မယုံကြည်သူတွေရှေ့မှာ ညီအစ်ကိုအချင်းချင်း  တရားရင်ဆိုင်ရသလား။ ၇  အချင်းချင်း တရားစွဲဆိုတာဟာ ခင်ဗျားတို့အတွက် ရှုံးနိမ့်ခြင်းပဲ။ အဲဒီအစား  မတရားမှုကို  ကိုယ်တိုင်ပဲခံလိုက်ပါလား။+ လိမ်လည်မှုကို ကိုယ်တိုင်ပဲ ခံလိုက်ပါလား။ ၈  အခုတော့၊ ခင်ဗျားတို့က အဲဒီလိုမခံဘဲ ညီအစ်ကိုတွေအပေါ် မတရားလုပ်ပြီး လိမ်လည်ကြတယ်။ ၉  မဖြောင့်မတ်သူတွေဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေမခံရမှန်း မသိကြဘူးလား။+ လှည့်ဖြားမခံကြပါနဲ့။ လိင်အကျင့်ယိုယွင်းသူ၊*+ ရုပ်တုကိုးကွယ်သူ၊+ အိမ်ထောင်ရေးဖောက်ပြန်သူ၊+  မိန်းမလျှာ၊+  ယောက်ျားချင်း  လိင်ဆက်ဆံသူ၊+ ၁၀  သူခိုး၊ လောဘကြီးသူ၊+ သောက်ကြူးသူ၊+ ဆဲဆိုသူ၊  လုယက်သူတွေဟာ  ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေမခံရဘူး။+ ၁၁  ခင်ဗျားတို့ထဲက တချို့ဟာ အရင်က အဲဒီလိုလုပ်ခဲ့ကြတယ်။ အခုတော့ ဘုရားသခင်က  ခင်ဗျားတို့ကို  ဆေးကြော+ သန့်စင်ပေးလိုက်ပြီ။+ သခင်ယေရှုခရစ်ရဲ့ နာမည်နဲ့ စွမ်းအားတော်အားဖြင့် ခင်ဗျားတို့ကို ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်လိုက်ပြီ။+ ၁၂  ကျွန်တော့်အတွက် အရာအားလုံး လုပ်လို့ရတာ မှန်ပေမဲ့ အရာအားလုံးဟာ အကျိုးရှိတာ မဟုတ်ဘူး။+ အရာအားလုံး လုပ်လို့ရတာ မှန်ပေမဲ့ တစ်ခုခုရဲ့ ထိန်းချုပ်မှုကို ကျွန်တော် မခံဘူး။ ၁၃  အစားအစာဟာ ဝမ်းဗိုက်အတွက်၊ ဝမ်းဗိုက်ကလည်း အစားအစာအတွက်ပဲ။ ဒါပေမဲ့ ဘုရားသခင်က အဲဒီနှစ်မျိုးစလုံးကို ပပျောက်စေလိမ့်မယ်။+ ကိုယ်ခန္ဓာက လိင်အကျင့်ယိုယွင်းဖို့* မဟုတ်ဘဲ သခင့်အလုပ်အတွက် ဖြစ်တယ်။+ သခင်ကလည်း ကိုယ်ခန္ဓာအတွက်  လိုအပ်တာတွေကို  ပေးတယ်။ ၁၄  ဘုရားသခင်က သခင့်ကို တန်ခိုးတော်နဲ့ အသက်ပြန်ရှင်စေခဲ့သလို+ ကျွန်တော်တို့ကိုလည်း သေရာကနေ အသက်ပြန်ရှင်စေလိမ့်မယ်။+ ၁၅  ခင်ဗျားတို့ရဲ့  ကိုယ်ခန္ဓာဟာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဖြစ်မှန်း မသိကြဘူးလား။+ ဒီတော့ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ယူပြီး ပြည့်တန်ဆာရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းနဲ့ ပေါင်းစပ်သင့်သလား။ လုံးဝမဖြစ်သင့်ဘူး။ ၁၆  ပြည့်တန်ဆာနဲ့  ပေါင်းဖော်သူဟာ  ပြည့်တန်ဆာနဲ့  တစ်သားတစ်ကိုယ်တည်းဖြစ်မှန်း  မသိကြဘူးလား။   “သူတို့နှစ်ယောက်ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်”+ လို့ ဘုရားပြောခဲ့တာပဲ။ ၁၇  သခင်နဲ့  ပေါင်းစပ်ထားသူတွေကတော့ အဲဒီသခင်နဲ့ တစ်စိတ်တစ်ဝမ်းတည်းပဲ။+ ၁၈  လိင်အကျင့်ယိုယွင်းမှုကို*  ဝေးဝေးရှောင်ကြပါ။+ တခြားအပြစ်တွေဟာ လူ့ကိုယ်ခန္ဓာကို ပြစ်မှားရာ မရောက်ဘူး။ လိင်အကျင့်ယိုယွင်းသူကတော့ မိမိရဲ့ကိုယ်ခန္ဓာကို ပြစ်မှားတာပဲ။+ ၁၉  သန့်ရှင်းသောစွမ်းအားတော်  ကိန်းအောင်းနေတဲ့+ ခင်ဗျားတို့ရဲ့ကိုယ်ခန္ဓာဟာ ဗိမာန်တော်ဖြစ်မှန်း+ မသိကြဘူးလား။ အဲဒီစွမ်းအားတော်ကို ဘုရားသခင်ဆီက ရထားကြတယ်။  ခင်ဗျားတို့ဟာ  ကိုယ့်ကိုယ်ကိုယ် မပိုင်ဘူး။+ ၂၀  ဘာလို့လဲဆိုတော့ ခင်ဗျားတို့ကို တန်ဖိုးကြီးကြီးပေးပြီး ဝယ်ထားလို့ပဲ။+ ဒါကြောင့် ခင်ဗျားတို့ရဲ့ ကိုယ်ခန္ဓာကို+ ဘုရားသခင်ရဲ့ ဂုဏ်တော်ချီးမွမ်းဖို့ အသုံးပြုကြပါ။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။