၁ ကောရိန္သု ၈:၁-၁၃

  • ရုပ်​တု​ရှေ့ ပူ​ဇော်​ထား​တဲ့ အစာ​များ (၁-၁၃)

    • ကျွန်​တော်​တို့​အတွက်​က​တော့ ဘု​ရား​သခင်​ တစ်ဆူ​တည်း​ပဲ​ရှိ (၅၊ ၆)

 ရုပ်​တု​ရှေ့ ပူ​ဇော်​ထား​တဲ့ အစား​အစာ​နဲ့​ပတ်​သက်​ပြီး+ ကျွန်​တော် စာ​ရေး​လိုက်​ပါ​တယ်။ ဒီ​ကိစ္စ​နဲ့​ပတ်​သက်​လို့ ကျွန်​တော်​တို့​အား​လုံး သိ​ပါ​တယ်။+ အသိ​ပညာ​ဟာ ထောင်​လွှား​စေ​တယ်။ မေတ္တာ​က​တော့ အား​ပေး​မှု ဖြစ်​စေ​တယ်။+ ၂  တစ်​ခု​ခု​ကို တော်​တော်​သိ​နေ​ပြီလို့  ထင်​နေ​တဲ့​သူ​ဟာ  သိ​သင့်​သလောက် မသိ​သေး​ပါ​ဘူး။ ၃  ဒါ​ပေမဲ့ ဘု​ရား​သခင်​ကို ချစ်​တဲ့​သူ​ဖြစ်​ရင်​တော့ အဲ​ဒီ​လူ​ကို ဘု​ရား​သခင် သိ​တယ်။ ၄  ရုပ်​တု​ရှေ့ ပူ​ဇော်​ထား​တဲ့​အစာ​ကို စား​တာ​နဲ့​ပတ်​သက်​ပြီး ပြော​ရ​အောင်။ ရုပ်​တု​ဟာ အချည်း​နှီး​ဖြစ်​မှန်း၊+ စစ်​မှန်​တဲ့​ဘု​ရား​သခင်​က​လွဲ​လို့  တ​ခြား​ဘုရား​ မရှိ​မှန်း+  ကျွန်​တော်​တို့  သိ​တယ်။ ၅  “ဘု​ရားတွေ၊” “သခင်​တွေ” အများ​ကြီး​ရှိ​တယ်​လို့ လူ​တွေ​ပြော​တဲ့​အတိုင်း​ပဲ ကောင်း​ကင်​မှာ​ရော ကမ္ဘာ​မြေပေါ်​မှာ​ပါ ဘု​ရားလို့ အခေါ်​ခံ​ရ​သူ​တွေ အများ​ကြီး​ရှိ​တယ်။+ ၆  ကျွန်​တော်​တို့​အတွက်​က​တော့ အဖ+ ဘု​ရား​သခင် တစ်​ဆူ​တည်း​ပဲ ရှိ​တယ်။+ အရာ​ခပ်​သိမ်း​ဟာ ဘု​ရား​သခင်​ကြောင့် ဖြစ်​တည်​လာ​တယ်။ ကျွန်​တော်​တို့​လည်း  ဘု​ရား​သခင်​အတွက် အသက်​ရှင်​တယ်။+ ယေရှု​ခ​ရစ်​ဖြစ်​တဲ့ သခင်​တစ်​ဦး​တည်း ရှိ​တယ်။ အရာ​ခပ်​သိမ်း​ဟာ သူ့​အား​ဖြင့် ဖြစ်​တည်​လာ​ပြီး+ ကျွန်​တော်​တို့​လည်း သူ့​အား​ဖြင့် အသက်​ရှင်​ကြ​တယ်။ ၇  ဒါ​ပေမဲ့ လူ​တိုင်း​က​တော့ အဲ​ဒီ​အ​ချက်​ကို သိ​တာ​မဟုတ်​ဘူး။+ လူ​တချို့​ဟာ အရင်​တုန်း​က ရုပ်​တု​ကိုး​ကွယ်​ခဲ့​ဖူး​တော့ အစာ​စား​တဲ့​အခါ ရုပ်​တု​ရှေ့ ပူဇော်​ထား​တဲ့​အစာ​လို့+ ယူ​မှတ်​ပြီး စား​တဲ့​အတွက် သူ​တို့​ရဲ့ အား​နည်း​နေ​တဲ့ အမှား​အမှန်​သိ​စိတ်​ဟာ  မသိုး​မသန့်​ ဖြစ်​သွား​တယ်။+ ၈  ဒါ​ပေမဲ့  အစား​အ​စာ​က ဘု​ရား​သခင့်​မျက်​နှာ​သာ ရ​စေ​မှာ မဟုတ်​ဘူး။+ မစား​လို့ အရှုံး​မရှိ​ပါ​ဘူး၊ စား​လို့​လည်း အမြတ်​မရ​ပါ​ဘူး။+ ၉  ဒါ​ပေမဲ့ ခင်​ဗျား​တို့​ရဲ့ ရွေး​ချယ်​ပိုင်​ခွင့်​ကြောင့်  အမှား​အမှန်​သိ​စိတ် အား​နည်း​သူ​တွေ​ကို တစ်​နည်း​နည်း​နဲ့ တိုက်​မိ​လဲ​စရာ​မဖြစ်​အောင် အမြဲသတိ​ထား​ကြ​ပါ။+ ၁၀  ခင်​ဗျား​က ဒါ​တွေ​ကို သိ​ထား​လျက်​နဲ့ ရုပ်​တု​ဗိ​မာန်​မှာ ထိုင်​ပြီး စား​နေ​ရင် အမှား​အမှန်​သိ​စိတ် အား​နည်း​နေ​သူ​တစ်​ယောက် မြင်​သွား​တဲ့​အခါ ရုပ်​တု​ရှေ့ ပူဇော်​ထား​တဲ့​အစာ​ကို ခင်​ဗျား​ကြောင့် သူ စား​ရဲ​လာ​မယ် မဟုတ်​လား။ ၁၁  အဲ​ဒီ​လို​သာ​ဆို​ရင် ခင်​ဗျား​သိ​ထား​တဲ့​အရာ​ကြောင့် သူ့​ရဲ့​ယုံ​ကြည်​ခြင်း ပျက်​စီး​သွား​ပြီ။ တ​ကယ်​တော့ သူ့​အတွက် ခ​ရစ်​တော် အသေခံ​ပေး​ခဲ့​တာ။+ ၁၂  ဒါ​ကြောင့် ညီ​အစ်​ကို​တွေ​ကို ဒီ​နည်း​နဲ့ ပြစ်​မှား​တာ၊ အား​နည်း​တဲ့ အမှား​အမှန်​သိ​စိတ်​နဲ့ ဆန့်​ကျင်​တာ​ကို လုပ်​ဖို့ အား​ပေး​တာ​ဟာ+ ခ​ရစ်​တော်​ကို ပြစ်​မှား​တာ​ပဲ။ ၁၃  ကိုယ်​စား​တဲ့​အစာ​ကြောင့် ညီ​အစ်​ကို တိုက်​မိ​လဲ​သွား​မယ်​ဆို​ရင် အဲ​ဒီ​လို တိုက်​မိ​လဲ​စရာ​မဖြစ်​အောင် ကျွန်​တော် ဘယ်​တော့​မှ အသား မစား​တော့​ဘူး။+

အောက်ခြေမှတ်ချက်များ