၁ ကောရိန္သု ၉:၁-၂၇

  • တမန်​တော်​အဖြစ် ပေါ​လု​ရဲ့​စံ​န​မူ​နာ (၁-၂၇)

    • “စ​ပါး​နယ်​နေ​တဲ့​နွား​ကို ပါး​ချုပ်​မတပ်​ရ” ()

    • ‘သတင်း​ကောင်း မဟော​ဘဲ​နေ​ရင် အမင်္ဂလာပဲ’ (၁၆)

    • လူ​အမျိုး​မျိုး​အတွက်​ တတ်နိုင်သမျှလုပ် (၁၉-၂၃)

    • အသက်​ပြေး​ပွဲ​ဝင်​ရင် ကိုယ်​ကို​ချုပ်​တည်းရ (၂၄-၂၇)

 ကျွန်​တော်​ဟာ  လုပ်​ချင်​တာ​ကို လုပ်​နိုင်​တဲ့​သူ မဟုတ်​လား။ တမန်​တော် မဟုတ်​လား။ သခင်​ယေရှု​ကို မြင်​ခဲ့​သူ  မဟုတ်​လား။+  ခင်​ဗျား​တို့​က သခင့်​အတွက် ကျွန်​တော့်​လုပ်​ဆောင်​မှုရဲ့ အသီး​အပွင့်​တွေ​ပဲ မဟုတ်​လား။ ၂  ကျွန်​တော်​ဟာ  တ​ခြား​သူ​တွေ​အ​တွက်​ တမန်​တော် မဖြစ်​ရင်​တောင် ခင်​ဗျား​တို့​အတွက်​တော့ တမန်​တော်​အမှန်​ပါ​ပဲ။ ကျွန်​တော်​ဟာ  သခင်​ရဲ့​တမန်​တော်​ဖြစ်​မှန်း ခင်​ဗျား​တို့​ဟာ သက်​သေတွေ​ပါ​ပဲ။ ၃  ကျွန်​တော့်​ကို စစ်​ဆေး​မေး​မြန်း​တဲ့​သူ​တွေ​ကို  ချေ​ပပြော​ဆို​မယ်– ၄  ကျွန်​တော်​တို့​မှာ စား​သောက်​ပိုင်​ခွင့်​ရှိ​တယ် မဟုတ်​လား။ ၅  ကေ​ဖနဲ့*+ သခင်​ရဲ့​ညီ​တွေ၊+ တ​ခြား​တမန်​တော်တွေ​လို​ပဲ  ကျွန်​တော်​တို့​လည်း  ယုံ​ကြည်​သူ​ဇနီး​ကို  အတူ​ခေါ်​သွား​ခွင့်​ရှိ​တယ် မဟုတ်​လား။+ ၆  ဒါ​မှ​မဟုတ် ကျွန်​တော်​နဲ့ ဗာ​န​ဗ​က​ပဲ+ စား​ဝတ်​နေ​ရေး​အတွက် အလုပ်​လုပ်​နေ​ရ​မှာ​လား။ ၇  ကိုယ့်​စ​ရိတ်​နဲ့​ကိုယ် စစ်​မှု​ထမ်း​တဲ့​သူ ရှိ​လို့​လား။ စ​ပျစ်​ခြံ​စိုက်​ပျိုး​ပြီး စ​ပျစ်​သီး​မစား​တဲ့​သူ ရှိ​လို့​လား။+  သိုး​ထိန်း​လုပ်​ပြီး  သိုး​နို့​ကို မသောက်​တဲ့​သူ ရှိ​လို့​လား။ ၈  ဒါ​တွေ​ကို လူ့​ရှု​ထောင့်​က​နေ ကျွန်​တော်​ပြော​နေ​တာ​လား။ ပညတ်​ကျမ်း​မှာ​လည်း  အဲ​ဒီ​လို​ဖော်​ပြထား​တာ​ပဲ​မဟုတ်​လား။ ၉  “စ​ပါး​နယ်​နေ​တဲ့ နွား​ကို ပါး​ချုပ်​မတပ်​ရ​ဘူး”+ ဆို​ပြီး မော​ရှေ​ပညတ်​မှာ ရေး​ထား​တာ​ပဲ။ ဘု​ရား​သခင်​က နွား​အတွက် အဲ​ဒီ​လို​ပြော​နေ​တာ​လား။ ၁၀  ဒါ​မှ​မဟုတ် ကျွန်​တော်​တို့​အတွက်  အဲ​ဒီ​လို​ပြော​နေ​တာ​လား။ တကယ်​တော့  ကျွန်​တော်​တို့​အကျိုး​အတွက် ကျမ်း​စာ​မှာ အဲ​ဒီ​လို​ရေး​ထား​တာ။ လယ်​ထွန်​တဲ့​သူ​ဟာ ရိတ်​သိမ်း​ရ​မယ်​ဆို​တဲ့ မျှော်​လင့်​ချက်​နဲ့ ထွန်​သင့်​တယ်။  စ​ပါး​နယ်​တဲ့​သူ​က​လည်း ကောက်​နှံ​စား​ရ​မယ်​ဆို​တဲ့  မျှော်​လင့်​ချက်​နဲ့ နယ်​သင့်​တယ်။ ၁၁  ကျွန်​တော်​တို့​က  ဘု​ရား​သခင်​ဆီ​က​ရ​တဲ့​အရာတွေ​ကို ခင်​ဗျား​တို့​ဆီ​မှာ စိုက်​ပျိုး​ထား​ရင် ကျွန်​တော်​တို့​အတွက် ရုပ်​ပိုင်း​ဆိုင်​ရာ  လို​အပ်​ချက်​တွေ​ကို ခင်ဗျား​တို့​ဆီ​က​နေ ရိတ်​သိမ်း​တာ​ဟာ လွန်​ရာ​ကျ​လို့​လား။+ ၁၂  တ​ခြား​သူ​တွေ​တောင် ခင်​ဗျား​တို့​ဆီ​က​နေ အဲ​ဒီ​လို ရ​ပိုင်​ခွင့်​ရှိ​တယ်​ဆို​ရင် ကျွန်​တော်​တို့​က ပို​လို့​တောင် မရ​သင့်​ဘူး​လား။ ဒါ​ပေမဲ့ အဲ​ဒီ​အခွင့်​အရေး​ကို ကျွန်​တော်​တို့ မယူ​ခဲ့​ဘူး။+ ခ​ရစ်​တော်​အကြောင်း သတင်း​ကောင်း ပျံ့​နှံ့​မှု​ကို အတား​အဆီး​မ​ဖြစ်​စေ​ချင်​လို့ အရာရာ​ကို ရင်​ဆိုင်​သည်း​ခံ​ခဲ့​တယ်။+ ၁၃  အမှု​တော်​ကို ဆောင်​ရွက်​သူ​တွေ​ဟာ ဗိ​မာန်​တော်​က​ရ​တဲ့ အစာ​တွေ​ကို သုံး​ဆောင်​ခွင့်​ရှိ​မှန်း၊ ပူ​ဇော်ရာ​ပလ္လင်​မှာ အမြဲအမှု​ဆောင်​ရ​သူ​တွေ​ဟာ ပလ္လင်​မှာ ပူ​ဇော်​ထား​တာ​တွေ​ကို ပါ​ဝင်​သုံး​ဆောင်​ခွင့်​ရှိ​မှန်း ခင်​ဗျား​တို့ မသိ​ကြ​ဘူး​လား။+ ၁၄  အလား​တူ၊ သတင်း​ကောင်း ကြွေး​ကြော်​သူ​တွေ​ဟာ သတင်း​ကောင်း​အား​ဖြင့် အသက်​မွေး​ရ​မယ်​လို့ သခင်​မိန့်​မှာ​ထား​တယ်။+ ၁၅  ဒါ​ပေမဲ့ အဲ​ဒီ​ပြင်​ဆင်​ပေး​ချက်​တစ်​ခု​ကို​မှ ကျွန်​တော် မသုံး​ခဲ့​ဘူး။+ ကျွန်​တော့်​ကို  အဲ​ဒီ​လို​လုပ်​ပေး​စေ​ချင်​လို့ ရေး​နေ​တာ  မဟုတ်​ပါ​ဘူး။  အခု​လို ဂုဏ်​ယူ​ဝါ​ကြွား​ရ​တဲ့​အခွင့်​ကို လက်​လွှတ်​ခံ​မယ့်​အစား ကျွန်​တော် သေတာ​က​မှ ပို​ကောင်း​ဦး​မယ်။+ ၁၆  ကျွန်​တော် သတင်း​ကောင်း ဟော​နေ​တာ​ဟာ  ဝါ​ကြွား​စ​ရာ​မှ  မဟုတ်​တာ။ ဟော​ရ​မယ့်​တာ​ဝန်  ရှိ​နေ​လို့​ပါ။ သတင်း​ကောင်း  မဟော​ဘဲ​နေ​တာ​ဟာ​ ကျွန်​တော့်​အတွက် အမင်္ဂလာ​ပဲ။+ ၁၇  ကျွန်​တော် စိတ်​ပါ​လက်​ပါ ဟော​ပြော​ရင် အကျိုး​ရှိ​တယ်။ စိတ်​မပါ​ရင်​တောင် ကျွန်​တော့်​ကို ပေး​အပ်​ထား​တဲ့ တာ​ဝန်​ကို လုပ်​ဆောင်​ရ​မှာ​ပဲ။+ ၁၈  ဒါ​ဆို​ရင် ကျွန်​တော်ရ​တဲ့​အကျိုး​က ဘာ​လဲ။ စ​ရိတ်​စ​က​မယူ​ဘဲ သတင်း​ကောင်း ဟော​ပြော​ရ​ခြင်း​ပါ​ပဲ။ ဒီ​နည်း​နဲ့ ကျွန်​တော်​ဟာ ကိုယ်​ရ​ပိုင်​ခွင့်​ရှိ​တဲ့​အရာတွေ​ကို မတောင်း​ဆို​ဘဲ သတင်း​ကောင်း ဟော​ပြော​နိုင်​ခဲ့​တယ်။ ၁၉  ကျွန်​တော်​က ဘယ်​သူ့​ဆီ​မှာ​မှ ကျွန်​ခံ​နေ​စ​ရာ  မလို​ပေမဲ့   လူ​များ​နိုင်​သမျှ များ​များ​ရ​ဖို့ လူ​အား​လုံး​ဆီ​မှာ ကျွန်​ခံ​တယ်။ ၂၀  ဂျူး​တွေ​ဆီ​ရောက်​တဲ့​အခါ  ဂျူး​တွေ​ကို​ရ​နိုင်​ဖို့ ဂျူး​တစ်​ယောက်​လို ဖြစ်​ခဲ့​တယ်။+ ပညတ်​အောက်​မှာ  ရှိ​တဲ့​သူ​တွေ​ဆီ  ရောက်​တဲ့​အခါ ပညတ်​အောက်​မှာ ကိုယ်​တိုင်​ မရှိ​ပေမဲ့ ပညတ်​အောက်​မှာ ရှိ​တဲ့​သူ​တွေ​ကို ရ​နိုင်​ဖို့ ပညတ်​အောက်​မှာ  ရှိ​တဲ့​သူ​တစ်​ယောက်​လို  ဖြစ်​ခဲ့​တယ်။+ ၂၁  ကျွန်​တော်​ဟာ  ဘု​ရား​သခင့်​ပညတ်​ကို  လိုက်​နာ​တဲ့​သူ၊  ခ​ရစ်​တော်ရဲ့ ပညတ်​အောက်​မှာ ရှိ​တဲ့​သူ​ဖြစ်​ပေမဲ့+ ပညတ်​မလိုက်​နာ​သူ​တွေ​ကို ရ​နိုင်​ဖို့ ပညတ်​မလိုက်​နာ​သူ​တွေ​ဆီ ရောက်​တဲ့​အခါ ပညတ် မလိုက်​နာ​သူ​လို ဖြစ်​ခဲ့​တယ်။ ၂၂  ကျွန်​တော်​က အား​နည်း​သူ​ကို  ရ​နိုင်​ဖို့  အား​နည်း​သူ​တွေ​ဆီ ရောက်​တဲ့​အခါ အား​နည်း​သူ​လို ဖြစ်​ခဲ့​တယ်။+ လူ​အမျိုး​မျိုး​ကို ကူ​ညီ​ပေး​ဖို့ လုပ်​နိုင်​တာ​မှန်​သမျှ ကျွန်​တော်​လုပ်​ခဲ့​တယ်။ လူ​တ​ချို့​ကို အတတ်​နိုင်​ဆုံး ကယ်​တင်​နိုင်​ဖို့​ပါ။ ၂၃  သတင်း​ကောင်း​ကို တ​ခြား​သူ​တွေ​ဆီ  ဟော​နိုင်​ဖို့ သတင်း​ကောင်း​အတွက်  လုပ်​နိုင်​တာ​မှန်​သမျှ  ကျွန်​တော်​လုပ်​ခဲ့တယ်။+ ၂၄  အပြေး​ပြိုင်​ပွဲ​မှာ  လူ​အများ​ကြီး ဝင်​ပြိုင်​ကြ​ပေမဲ့ တစ်​ယောက်​တည်း​ပဲ ဆုရမှန်း​ ခင်​ဗျား​တို့ မသိ​ကြ​ဘူး​လား။ ဆုရဖို့​ အဲ​ဒီ​နည်း​အတိုင်း ပြေး​ကြပါ။+ ၂၅  ပြိုင်​ပွဲ​ဝင်​သူတိုင်း  အရာရာ​မှာ  ကိုယ်ကို  ချုပ်တည်း​ရ​တယ်။ သူ​တို့​ဟာ  ပျက်​စီး​တတ်​တဲ့  သစ်​ခက်​သရ​ဖူ​ရဖို့  အဲဒီလို  ချုပ်​တည်း​ကြ​တာ။+ ကျွန်​တော်​တို့​က​တော့ မပျက်​စီး​တတ်​တဲ့  သရ​ဖူ​ရ​ဖို့  အဲ​ဒီ​လို​  ချုပ်​တည်း​ကြ​တယ်။+ ၂၆  ဒါ​ကြောင့် ကျွန်​တော်​က ပြေး​တဲ့​အခါ ဦး​တည်​ရာ​မဲ့​ပြေး​တာ မဟုတ်​ဘူး။+ လက်​ဝှေ့​ထိုး​တဲ့​အခါ လေ​ကို ထိုး​သလို ထိုး​တာ​မဟုတ်​ဘူး။ ၂၇  သူ​တစ်​ပါး​ကို ဟော​ပြော​ပြီး​မှ တစ်​နည်း​နည်း​နဲ့ ကိုယ်​တိုင် အပယ်​မခံ​ရ​အောင်*  ကျွန်​တော့်​ကိုယ်​ခန္ဓာ​ကို ထိုး​နှက်​ပြီး*+  ကျွန်တစ်​ယောက်လို​ဖြစ်​အောင် ထိန်း​ချုပ်​ထား​တယ်။

အောက်ခြေမှတ်ချက်များ

ပေတ​ရု။
ဒါ​မှ​မဟုတ်၊ “အရည်​အချင်း​မပြည့်​မီ​တာ​မျိုး မဖြစ်​ရ​အောင်။”
ဒါ​မှ​မဟုတ်၊ “ဆုံး​မပြီး၊ ကြပ်​မတ်​ပြီး။”