၁ တိမောသေ ၁:၁-၂၀

  • နှုတ်​ခွန်း​ဆက်​စ​ကား (၁၊ ၂)

  • မှား​ယွင်း​တဲ့​သွန်​သင်​ချက် သွန်​သင်​သူ​တွေ​အကြောင်း သတိ​ပေး (၃-၁၁)

  • မဟာ​က​ရု​ဏာ​ကို ပေါ​လု​ခံ​စား​ရ (၁၂-၁၆)

  • ထာ​ဝ​ရ​ဘု​ရင် (၁၇)

  • ‘မွန်မြတ်​တဲ့​စစ်​ပွဲ​ကို တိုက်​ခိုက်’ (၁၈-၂၀)

 ကယ်​တင်​ရှင် ဘု​ရား​သခင်​ရဲ့ မိန့်​မှာ​ချက်​အရ၊   ငါ​တို့​ရဲ့ မျှော်​လင့်​ချက်​ဖြစ်​တဲ့+  ခ​ရစ်​တော်​ယေရှု​ရဲ့  မိန့်​မှာ​ချက်အရ ခ​ရစ်​တော်​ယေရှု​ရဲ့ တမန်​တော်​ဖြစ်​လာ​တဲ့ ပေါ​လု​က၊ ၂  ယုံ​ကြည်​ခြင်း​လမ်း​စဉ်​မှာ သား​အရင်း​လို​ဖြစ်​နေ​တဲ့+ တိမောသေဆီ*+ စာ​ရေး​လိုက်​တယ်။ အဖဘု​ရား​သခင်​နဲ့ သခင် ခ​ရစ်​တော်​ယေရှု​ဆီ​က  မဟာ​က​ရု​ဏာ၊  သနား​ကြင်​နာ​ခြင်း၊ ငြိမ်​သက်​ခြင်း​ကို မင်း​ခံ​စား​ရပါစေ။ ၃  မက်​ဆီ​ဒိုး​နီး​ယား​ပြည်​ကို ငါ​သွား​ခါ​နီး​မှာ  မင်း​ကို  ဧဖက်​မြို့​မှာ​နေ​ခဲ့​ဖို့ တိုက်​တွန်း​ခဲ့​တယ်။ အခု​လည်း အဲ​ဒီ​လို​ပဲ တိုက်​တွန်း​ချင်​တယ်။ ဒါ​မှ လူ​တ​ချို့​ကို မှား​ယွင်း​တဲ့​အယူ​ဝါ​ဒ မသွန်​သင်​ကြ​ဖို့၊ ၄  မဟုတ်​တမ်း​စ​ကား​တွေ၊+ ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်းတွေ​ကို အာ​ရုံ​မစိုက်​ကြ​ဖို့ မင်း သတိ​ပေး​နိုင်​မှာ။ အဲ​ဒါ​တွေ​ဟာ ဘာ​မှ အကျိုး​မပြု​ဘူး။+ ထင်​ကြေး​ပေး​တာ၊ မှန်း​ဆ​တာ​တွေ​ကို​ပဲ ဖြစ်​စေ​တတ်​တယ်။ ယုံ​ကြည်​ခြင်း ခိုင်​ခံ့​စေ​ဖို့ ဘုရား​သခင် ပြင်​ဆင်​ပေး​ရာတွေ​နဲ့ မအပ်​စပ်​ဘူး။ ၅  ဒီ​လို​ညွှန်​ကြား​ရ​တဲ့ ရည်​ရွယ်​ချက်​ဟာ ဖြူ​စင်​တဲ့​နှ​လုံး​သား၊ ကြည်​လင်​တဲ့ အမှား​အမှန်​သိ​စိတ်၊ ဟန်​ဆောင်​မှု​ကင်း​တဲ့ ယုံ​ကြည်​ခြင်း​က​နေ+ ပေါက်​ဖွား​လာ​တဲ့ မေတ္တာ ရှိ​စေ​ချင်​လို့​ပါ။+ ၆  တ​ချို့​က​တော့ အဲ​ဒါ​တွေ​က​နေ လမ်း​ကြောင်း​လွဲ​ပြီး အကျိုး​မရှိ​တဲ့​စ​ကား​တွေ​ကို​ပဲ  ပြော​နေ​ကြ​တယ်။+ ၇  သူ​တို့​ဟာ ပညတ် သွန်​သင်​သူ​တွေ​တော့+  ဖြစ်​ချင်​ကြ​တယ်။  ဒါ​ပေမဲ့ ကိုယ်​ပြော​နေ​တဲ့​အကြောင်း​တွေ၊ ကိုယ်​အခိုင်​အမာ​ပြော​နေ​တဲ့ အကြောင်း​တွေ​ကို ကိုယ်​တိုင် နား​မလည်​ကြ​ဘူး။ ၈  နည်း​မှန်​လမ်း​ကျ​သာ ကျင့်​သုံး​မယ်​ဆို​ရင် ပညတ်​တ​ရား​ဟာ ကောင်း​မှန်း  ငါ​တို့​သိ​ပါ​တယ်။ ၉  ပညတ်​ဥပ​ဒေ​​ဟာ ဖြောင့်​မတ်​သူ​အတွက် ထုတ်​ပြန်​ထား​တာ မဟုတ်​ဘူး။ တ​ရား​မဲ့​သူ၊+ အာ​ခံ​တတ်​သူ၊ ဘု​ရား​တ​ရား​မဲ့​သူ၊ အပြစ်​ကျူး​လွန်​သူ၊ ခိုင်​မြဲတဲ့​မေတ္တာ မရှိ​သူ၊ ဘု​ရား​တ​ရား​ကို မထီ​မဲ့​မြင်​ပြု​သူ၊ မိဘ​ကို သတ်​တဲ့​သူ၊ လူ့​အသက်​ကို သတ်​တဲ့​သူ၊ ၁၀  လိင်​အကျင့်​ယို​ယွင်း​သူ၊* လိင်​တူ​ဆက်​ဆံ​သူ၊ ပြန်​ပေး​ဆွဲ​သူ၊ လိမ်​လည်​သူ၊ မဟုတ်​မမှန် ကျိန်​ဆို​သူ၊ အကျိုး​ဖြစ်​ထွန်း​တဲ့ သွန်​သင်​ချက်​နဲ့+ ဆန့်​ကျင်​တာ​မှန်​သမျှ​ကို ပြု​ကျင့်​သူ​တွေ​အတွက် ထုတ်​ပြန်​ထား​တယ်​ဆို​တာ ငါ​တို့​သိ​ပါ​တယ်။ ၁၁  ဒီ​သွန်​သင်​ချက်​ဟာ  ပျော်​ရွှင်​တဲ့​ဘုရား​သခင်​ဆီ​က လာ​တဲ့ ဘုန်း​အသရေ​ပြည့်​ဝ​တဲ့ သတင်း​ကောင်း​ကို အခြေ​ခံ​ထား​တယ်။ ဒါ​ကို ဘု​ရား​သခင်​က ငါ့​ကို အပ်​နှင်း​ထား​တယ်။+ ၁၂  ငါ့​ကို​အစွမ်း​တန်​ခိုး​ပေး​တဲ့ သခင်​ခ​ရစ်​တော်​ယေရှု​ကို ကျေး​ဇူး​တင်​တယ်။ ခ​ရစ်​တော်​က ငါ့​ကို သစ္စာ​ရှိ​သူ​လို့ ယူ​မှတ်​ပြီး ဘု​ရား​အမှု​ဆောင်​ဖို့ ခန့်​အပ်​ထား​လို့​ပဲ။+ ၁၃  ငါ​ဟာ အရင်​က ဘု​ရား​ကို စော်​ကား​ပြော​ဆို​သူ၊ ညှဉ်း​ပန်း​နှိပ်​စက်​သူ၊ ရိုင်း​စိုင်း​သူ​ဖြစ်​ခဲ့​တာ​တောင်+ အဲဒီ​လို ခန့်​အပ်​ခံ​ရ​တယ်။ ယုံ​ကြည်​ခြင်း​မရှိ​လို့၊ မသိ​နား​မလည်​ဘဲ လုပ်​ခဲ့​တာ​ဖြစ်​လို့ ငါ့​ကို က​ရု​ဏာ​ပြခဲ့​တယ်။ ၁၄  ဘု​ရား​သခင်​က ငါ့​ကို အတိုင်း​ထက်​အလွန် မဟာ​က​ရု​ဏာ​ပြခဲ့​တယ်။ ငါ​ဟာ ခ​ရစ်​တော်​ယေရှု​ရဲ့ နောက်​လိုက်​ဖြစ်​လာ​တဲ့​အတွက် ယုံ​ကြည်​ခြင်း​နဲ့ မေတ္တာ​လည်း ရှိ​လာ​တယ်။ ၁၅  အပြစ်​ရှိ​သူ​တွေ​ကို ကယ်​တင်​ဖို့ ဒီ​လော​က​ကို ခ​ရစ်​တော်​ယေရှု ဆင်း​လာ​တယ်​ဆို​တဲ့+ စကား​ဟာ မှန်​ကန်​တယ်၊ အပြည့်​အဝ ယုံ​ကြည်​စိတ်​ချ​ထိုက်​တယ်။ အပြစ်​ရှိ​သူ​တွေ​ထဲ​မှာ ငါ​ဟာ အပြစ်​အများ​ဆုံး​ပဲ။+ ၁၆  ဒါ​ပေမဲ့ ငါ က​ရု​ဏာ​ခံ​စား​ခဲ့ရ​တယ်။ ခ​ရစ်​တော်​ကို ယုံ​ကြည်​ပြီး ထာ​ဝ​ရ​အသက်​ရ​မယ့်​သူ​တွေ​အတွက်+ န​မူ​နာ​ပြဖို့ ခရစ်​တော်​ယေရှု​က အပြစ်​အများ​ဆုံး​ဖြစ်​တဲ့ ငါ့​ကို​သုံး​ပြီး အစွမ်း​ကုန် စိတ်​ရှည်​မှု​ပြခဲ့​တယ်။ ၁၇  ဖောက်​ပြန်​ပျက်​စီး​ခြင်း​မရှိ​တဲ့၊+ မမြင်​နိုင်​တဲ့+ ထာ​ဝ​ရ​ဘု​ရင်၊+ တစ်​ဆူ​တည်း​သော ဘု​ရား​သခင်​ဟာ+ အစဉ်​ထာ​ဝ​ရ ဘုန်း​တော်၊ ဂုဏ်​တော် ထင်​ရှား​ပါ​စေ။ အာ​မင်။* ၁၈  ငါ့​သား​တိမောသေ၊ မင်း​ကို​ရည်​စူး​ပြီး ဟော​ထား​တဲ့ ပရော​ဖက်​ပြု​ချက်​တွေ​အတိုင်း ဒီ​ညွှန်​ကြား​ချက်​ကို ငါ​ပေး​တာ​ပါ။  အဲ​ဒီ​ပရော​ဖက်​ပြု​ချက်​တွေ​အတိုင်း မွန်မြတ်​တဲ့​စစ်​ပွဲ​ကို ဆက်​ပြီး​တိုက်​ခိုက်​သွား​ပါ။+ ၁၉  ယုံကြည်​ခြင်း​နဲ့ ကြည်​လင်​တဲ့ အမှား​အမှန်​သိ​စိတ်​ကို​လည်း ထိန်း​သိမ်း​ထား​ပါ။+ လူ​တ​ချို့​ဟာ  အမှား​အမှန်​သိ​စိတ်​ကို ဘေး​ဖယ်​ထား​တဲ့​အတွက် ယုံ​ကြည်​ခြင်း​သင်္ဘော ပျက်​ခဲ့ရ​တယ်။ ၂၀  သူ​တို့​ထဲ​မှာ ဟုမေ​နဲ​နဲ့+  အလက်​ဇန္ဒား  ပါ​တယ်။ ဘုရား​ကို  စော်​ကား​ပြော​ဆို​တာ​မျိုး မလုပ်​နိုင်​ဖို့ သူ​တို့​ကို ဆုံး​မပြီး စာ​တန်​ရဲ့​လက်​ထဲ အပ်​လိုက်​ပြီ။+

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ဘု​ရား​သခင်​ကို ဂုဏ်​တင်​ချီး​မွမ်း​သူ။”
ခက်​ဆစ်​ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”