၁ တိမောသေ ၃:၁-၁၆

  • ကြီးကြပ်မှူးများ ပြည့်မီရမယ့် အရည်အချင်း (၁-၇)

  • အသင်းတော်အမှုထမ်းများ ပြည့်မီရမယ့် အရည်အချင်း (၈-၁၃)

  • ဘုရားတရားကိုင်းရှိုင်းမှုနဲ့ဆိုင်တဲ့ လျှို့ဝှက်ချက် (၁၄-၁၆)

၃  ကြီးကြပ်မှူးဖြစ်ဖို့+ ကြိုးစားတက်လှမ်းနေသူဟာ မွန်မြတ်တဲ့အလုပ်ကို လိုလားတဲ့သူပဲ။ ဒီအချက်ဟာ မှန်ကန်တယ်။ ၂  ဒါကြောင့် ကြီးကြပ်မှူးတွေဟာ အပြစ်ပြောစရာမရှိသူ၊ ဇနီးတစ်ဦးတည်းရှိသူ၊ ပြုမူကျင့်ကြံပုံ အစွန်းမရောက်သူ၊ ချင့်ချိန်တတ်သူ၊+ စည်းစနစ်ရှိသူ၊ ဧည့်ဝတ်ကျေပွန်သူ၊+ သွန်သင်ဖို့ အရည်အချင်းပြည့်မီသူ+ ဖြစ်ရမယ်။ ၃  သောက်ကြူးသူ၊+ ရိုက်နှက်တတ်သူ မဖြစ်ရဘူး။ အကျိုးသင့်အကြောင်းသင့်ရှိသူ၊+ ရန်မလိုတတ်သူ၊+ ငွေမတပ်မက်သူ၊+ ၄  အိမ်ထောင်ကို ကောင်းစွာဦးစီးတတ်သူ ဖြစ်ရမယ်။ သူ့သားသမီးတွေကလည်း အမူအကျင့်ကောင်းပြီး နာခံတတ်သူတွေ ဖြစ်ရမယ်။+ ၅  (သူ့အိမ်ထောင်ကိုတောင် မဦးစီးတတ်ရင် ဘုရားသခင်ရဲ့ အသင်းတော်ကို ဘယ်လိုလုပ် ဂရုစိုက်စောင့်ရှောက်နိုင်မလဲ။) ၆  ကြီးကြပ်မှူးဟာ ယုံကြည်သူ လူသစ်တော့ မဖြစ်ရဘူး။+ အဲဒီလိုဖြစ်နေရင် ထောင်လွှားလာပြီး မာရ်နတ်ခံရမယ့် ပြစ်ဒဏ်စီရင်မှုမျိုး  ခံရနိုင်စရာ  အကြောင်းရှိတယ်။ ၇  ဒါ့အပြင် အသင်းတော်ပြင်ပက လူတွေရှေ့မှာ နာမည်ကောင်းရှိတဲ့သူလည်း ဖြစ်ရမယ်။+ ဒါမှ ကဲ့ရဲ့ပြစ်တင်ခံရတာမျိုး၊ မာရ်နတ်ရဲ့ကျော့ကွင်းထဲ ကျသွားတာမျိုး မဖြစ်မှာပါ။ ၈  အလားတူပဲ၊ အသင်းတော်အမှုထမ်းတွေဟာ လေးနက်တည်ကြည်သူ ဖြစ်ရမယ်။ လျှာနှစ်ခွနဲ့ပြောတတ်သူ၊* ဝိုင်သောက်ကြူးသူ၊  မသမာနည်းနဲ့ လောဘတကြီး အမြတ်ထုတ်သူ မဖြစ်ရဘူး။+ ၉  ကြည်လင်တဲ့ အမှားအမှန်သိစိတ်ရှိပြီး ယုံကြည်ခြင်းနဲ့ဆိုင်တဲ့ မြင့်မြတ်တဲ့လျှို့ဝှက်ချက်ကို စွဲကိုင်ထားသူ ဖြစ်ရမယ်။+ ၁၀  အရည်အချင်းပြည့်မီမမီ သိနိုင်ဖို့ သူတို့ကို ဦးဆုံး စမ်းသပ်ပါ။ ပြစ်တင်စွပ်စွဲစရာ  ဘာမှမရှိဘူးဆိုရင်တော့+ အသင်းတော်အမှုထမ်းတွေအဖြစ် အမှုဆောင်နိုင်တယ်။ ၁၁  အမျိုးသမီးတွေလည်း လေးနက်တည်ကြည်သူ၊ သွားပုပ်လေလွင့် မပြောတတ်သူ၊+ ပြုမူပြောဆိုရာမှာ ထိန်းချုပ်နိုင်သူ၊ အရာရာမှာ သစ္စာရှိသူ ဖြစ်ရမယ်။+ ၁၂  အသင်းတော်အမှုထမ်းဟာ ဇနီးတစ်ဦးတည်းရှိသူ၊  သားသမီးတွေနဲ့ အိမ်ထောင်ကို  ကောင်းစွာ ဦးစီးနိုင်သူ ဖြစ်ရမယ်။ ၁၃  ကောင်းမွန်စွာ အမှုဆောင်တဲ့ အမျိုးသားတွေဟာ နာမည်ကောင်းရတဲ့အပြင် ခရစ်ယာန်ယုံကြည်ချက်အကြောင်း  ရဲရဲဝံ့ဝံ့ပြောဆိုခွင့်လည်း* ရှိရမယ်။ ၁၄  မင်းဆီ အရောက်လာဖို့ မျှော်လင့်ပေမဲ့  ငါကြန့်ကြာနေမှာစိုးလို့၊ ၁၅  ဒီအကြောင်းတွေကို ကြိုရေးလိုက်တာပါ။ အသက်ရှင်တဲ့ ဘုရားသခင်ရဲ့ အိမ်ထောင်စုဖြစ်တဲ့+ အသင်းတော်မှာ ဘယ်လို ပြုမူကျင့်ကြံရမယ်ဆိုတာကို သိစေချင်တယ်။ အသင်းတော်ဆိုတာ အမှန်တရားရဲ့ မဏ္ဍိုင်နဲ့ အုတ်မြစ်ပဲ။ ၁၆  ဘုရားတရား ကိုင်းရှိုင်းမှုနဲ့ဆိုင်တဲ့ လျှို့ဝှက်ချက်ဟာ ကြီးမြတ်လှတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရဘူး။ ဒီလျှို့ဝှက်ချက်ကတော့ ‘ယေရှုဟာ လူသားတစ်ယောက် ဖြစ်ခဲ့တယ်၊+ ဝိညာဉ်ပုဂ္ဂိုလ် ပြန်ဖြစ်သွားတဲ့အခါ ဖြောင့်မတ်သူအဖြစ် ကြေညာခံရပြီး+ ကောင်းကင်တမန်တွေဆီ သွားခဲ့တယ်၊+ သူ့အကြောင်းကို လူမျိုးခြားတွေ ကြားနာခွင့်ရပြီး+ လောကမှာရှိတဲ့သူတွေ သူ့ကို ယုံကြည်လာတယ်၊+ ကောင်းကင်ဆီ ဘုန်းအသရေရှိစွာ သူခေါ်ဆောင်ခံခဲ့ရတယ်’ ဆိုတဲ့အချက်ပဲ။

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “လှည့်စားပြောဆိုတတ်သူ။”
ခက်ဆစ်ကိုကြည့်။