၁ တိမောသေ ၅:၁-၂၅

  • အသက်ငယ်သူ၊ အသက်ကြီးသူတွေကို ပြုမူဆက်ဆံသင့်ပုံ (၁၊ ၂)

  • မုဆိုးမတွေကို ထောက်မ (၃-၁၆)

    • ကိုယ့်အိမ်သူအိမ်သားတွေကို ထောက်မခြင်း ()

  • အလုပ်ကြိုးစားတဲ့ အကြီးအကဲများကို လေးစား (၁၇-၂၅)

    • ‘စပျစ်ဝိုင် နည်းနည်း သောက်ပေးပါ’ (၂၃)

 အသက်ကြီးတဲ့ အမျိုးသားကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်တာမျိုး မလုပ်ပါနဲ့။+ အဲဒီအစား ဖခင်တစ်ယောက်လို  တောင်းတောင်းပန်ပန် ပြောဆိုပါ။ ငယ်ရွယ်တဲ့အမျိုးသားတွေကို ညီလို  သဘောထားပြီး ပြောဆိုပါ။ ၂  အသက်ကြီးတဲ့ အမျိုးသမီးတွေကို မိခင်လို၊ ငယ်ရွယ်တဲ့ အမျိုးသမီးတွေကို နှမလို သဘောထားပြီး ရိုးသားဖြူစင်စွာ ဆက်ဆံပါ။ ၃  အမှန်တကယ် ခိုကိုးရာမဲ့နေတဲ့ မုဆိုးမတွေကို တလေးတစားနဲ့ ဂရုစိုက်စောင့်ရှောက်ပါ။+ ၄  သူတို့မှာ သားမြေးတွေရှိရင်တော့ သားမြေးတွေက မိသားစုဝင်တွေကို  ကြည့်ရှုစောင့်ရှောက်ခြင်းအားဖြင့် ဘုရားတရားကိုင်းရှိုင်းတတ်ဖို့ ဦးဆုံး သင်ယူရမယ်၊+ မိဘဘိုးဘွားတွေကို ကျေးဇူးဆပ်ရမယ်။+ ဒီလိုလုပ်တာကို ဘုရားသခင် နှစ်သက်တယ်။+ ၅  အမှန်တကယ် ခိုကိုးရာမဲ့ပြီး စောင့်ရှောက်သူမရှိ ဖြစ်နေတဲ့ မုဆိုးမဟာ ဘုရားသခင်ကို မျှော်ကိုးတတ်တယ်။+  နေ့ရောညပါ တိုးလျှိုးအသနားခံတတ်တယ်၊ အမြဲဆုတောင်းတတ်တယ်။+ ၆  အပျော်အပါးလိုက်စားတဲ့ မုဆိုးမတွေကတော့ ရှင်လျက်နဲ့ သေနေတာပဲ။ ၇  သူတို့ ကဲ့ရဲ့ပြောဆိုမခံရအောင် ဒီညွှန်ကြားချက်တွေ အမြဲပေးနေပါ။ ၈  ကိုယ်ကြည့်ရှုစောင့်ရှောက်ရမယ့်သူတွေကို၊ အထူးသဖြင့် ကိုယ့်မိသားစုဝင်တွေကို မထောက်ပံ့ဘူးဆိုရင် အဲဒီလူဟာ ယုံကြည်ခြင်းတရားကို ငြင်းပယ်တဲ့သူပဲ၊ မယုံကြည်သူထက်တောင် ဆိုးရွားတယ်။+ ၉  ခင်ပွန်းတစ်ဦးတည်းရှိခဲ့ဖူးတဲ့ မုဆိုးမဟာ အသက် ၆၀ ကျော်နေရင် သူ့ကို  မုဆိုးမစာရင်း  သွင်းလိုက်ပါ။ ၁၀  သူဟာ သားသမီးတွေကို ပြုစုပျိုးထောင်တာ၊+ ဧည့်ဝတ်ကျေပွန်တာ၊+ သန့်ရှင်းသူတွေရဲ့ ခြေကို ဆေးပေးတာ၊+ ဒုက္ခရောက်နေသူကို ကူညီမစတာ၊+ ကောင်းမှုပြုဖို့ ကြိုးစားအားထုတ်တာစတဲ့  မွန်မြတ်တဲ့အလုပ်တွေ  လုပ်ဆောင်ခဲ့လို့ နာမည်ကောင်းရတဲ့သူ+ ဖြစ်ရမယ်။ ၁၁  ငယ်ရွယ်တဲ့  မုဆိုးမတွေကိုတော့ မုဆိုးမစာရင်း မသွင်းပါနဲ့။ သူတို့ရဲ့သွေးသားဆန္ဒကြောင့် ခရစ်တော်အတွက် အမှုဆောင်ဖို့ အတားအဆီးဖြစ်လာတဲ့အခါ သူတို့ အိမ်ထောင်ပြုချင်ကြတယ်။ ၁၂  အဲဒီလိုဆိုရင် အရင်ကပေးခဲ့တဲ့ ကတိကို သူတို့ ဖျက်မိတဲ့အတွက် ပြစ်ဒဏ်စီရင်ခံရလိမ့်မယ်။ ၁၃  အဲဒီအပြင် သူတို့ဟာ အလုပ်မလုပ်ဘဲ အိမ်တကာလည်တဲ့သူတွေ ဖြစ်သွားနိုင်တယ်။ အလုပ်မလုပ်ရုံသာမက အတင်းအဖျင်းပြောတဲ့သူတွေ၊ သူတစ်ပါးကိစ္စမှာ ဝင်စွက်ပြီး+ မပြောသင့်တာကို ပြောတဲ့သူတွေ ဖြစ်သွားနိုင်တယ်။ ၁၄  ဒါကြောင့် ငယ်ရွယ်တဲ့ မုဆိုးမတွေအနေနဲ့ အိမ်ထောင်ပြုတာ၊+ သားသမီးမွေးဖွားတာ၊+ အိမ်ထောင်စီမံခန့်ခွဲတာတွေ လုပ်ဆောင်ဖို့ ငါလိုလားတယ်။  ဒါမှ   ဆန့်ကျင်သူဘက်ကနေ ကဲ့ရဲ့ပြစ်တင်ခွင့် မရနိုင်မှာပါ။ ၁၅  အခုတောင် မုဆိုးမတချို့ လမ်းလွဲပြီး စာတန်နောက်ကို ပါသွားကြပြီ။ ၁၆  ယုံကြည်သူ အမျိုးသမီးတစ်ယောက်မှာ  ဆွေမျိုးတော်တဲ့ မုဆိုးမတွေရှိရင် အဲဒီမုဆိုးမတွေကို သူ ကူညီပေးရမယ်။ အသင်းတော်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်ပါစေနဲ့။ ဒါမှ အသင်းတော်က အမှန်တကယ် ခိုကိုးရာမဲ့နေတဲ့ မုဆိုးမတွေကို ကူညီပေးနိုင်မယ်။+ ၁၇  ကောင်းကောင်းမွန်မွန်  ဦးစီးနေတဲ့ အကြီးအကဲတွေ၊+ အထူးသဖြင့် တရားစကားအကြောင်း ပြောဆိုခြင်း၊ သွန်သင်ခြင်းတွေမှာ ကြိုးစားလုပ်ဆောင်နေသူတွေကို+ ရိုသေလေးစားမှု နှစ်ဆခံထိုက်သူတွေလို့+ ယူမှတ်ပါ။ ၁၈  ဘာလို့လဲဆိုတော့  “စပါးနယ်နေတဲ့  နွားကို   ပါးချုပ်မတပ်ရဘူး၊”+ “အလုပ်လုပ်သူဟာ လုပ်ခကို ရထိုက်တယ်”+ ဆိုပြီး ကျမ်းစာမှာ ရေးထားလို့ပဲ။ ၁၉  အကြီးအကဲတစ်ယောက် စွပ်စွဲခံရတယ်ဆိုရင် သက်သေနှစ်ယောက် ဒါမှမဟုတ် သုံးယောက်ရဲ့ ထွက်ဆိုချက်မရှိဘဲ လက်မခံပါနဲ့။+ ၂၀  အပြစ်လုပ်ရတာ အကျင့်ပါနေတဲ့သူတွေကို+ လူအများရှေ့မှာ ဆုံးမပါ။+ ဒါမှ တခြားသူတွေအတွက် သတိပေးချက် ဖြစ်လိမ့်မယ်။ ၂၁  တစ်ဖက်သတ်အစွဲတွေ၊ ဘက်လိုက်တာတွေ မရှိဘဲ+ ဒီညွှန်ကြားချက်တွေအတိုင်း လိုက်နာဖို့ ဘုရားသခင်နဲ့ ခရစ်တော်ယေရှုရဲ့ ရှေ့မှာ၊ ရွေးချယ်ထားတဲ့ ကောင်းကင်တမန်တွေရှေ့မှာ မင်းကို အလေးအနက် မှာချင်တယ်။ ၂၂  အလျင်စလို လက်တင်ပြီး ဘယ်သူ့ကိုမှ မခန့်အပ်ပါနဲ့။+ သူတစ်ပါးရဲ့အပြစ်မှာ ဝင်မပါနဲ့။ ကိုယ်ကျင့်တရား စင်ကြယ်နေပါ။ ၂၃  မင်းရဲ့  အစာအိမ်အတွက်၊ မကြာခဏ ခံစားနေရတဲ့ အဖျားအနာအတွက် ရေချည်းပဲ သောက်နေမယ့်အစား စပျစ်ဝိုင်နည်းနည်း သောက်ပေးပါ။ ၂၄  လူတချို့ရဲ့ အပြစ်ဟာ လူသိရှင်ကြားဖြစ်ပြီး ချက်ချင်း တရားစီရင်ခံရတတ်တယ်။  လူတချို့ရဲ့  အပြစ်ကတော့ နောက်မှပဲ ပေါ်လာတတ်တယ်။+ ၂၅  အလားတူ၊ ကောင်းတဲ့လုပ်ရပ်တွေကလည်း လူသိရှင်ကြား ဖြစ်တတ်တယ်။+ မဖြစ်သေးရင်တောင် ဖုံးထားလို့တော့ မရပါဘူး။+

အောက်ခြေမှတ်ချက်များ