၁ တိမောသေ ၆:၁-၂၁

  • ကျွန်​တွေ သခင်​ကို လေး​စား​ရ (၁၊ ၂)

  • မှား​ယွင်း​တဲ့​အယူ​ဝါ​ဒ သွန်​သင်​သူ​များ၊ ငွေတပ်မက်ခြင်း (၃-၁၀)

  • ဘု​ရား​သခင်​ရဲ့​လူ​အတွက် သွန်​သင်​ချက်​များ (၁၁-၁၆)

  • မွန်မြတ်​တဲ့​လုပ်​ရပ်တွေ အများ​ကြီး လုပ်ဆောင်ပါ (၁၇-၁၉)

  • အပ်​နှင်း​ထား​တဲ့​အရာ​ကို စောင့်​ရှောက်​ပါ (၂၀၊ ၂၁)

 ကျွန်​ထမ်း​ပိုး  ထမ်း​နေ​ရ​သူ​တွေ​ဟာ ကိုယ့်​သခင်​ကို အလွန်​ရို​သေထိုက်​သူ​လို့ အမြဲယူ​မှတ်​ပါ။+ အဲ​ဒီ​လို​ဆို​ရင် ဘုရား​သခင်​ရဲ့​နာ​မည်​နဲ့ ဘု​ရားရဲ့​သွန်​သင်​ချက်​တွေ  ကဲ့​ရဲ့​စ​ရာ  ဖြစ်​မှာ​မဟုတ်​ဘူး။+ ၂  ဒါ့​အပြင် ကိုယ့်​ရဲ့​သခင်​က ယုံ​ကြည်​သူ​ဖြစ်​နေ​ရင် ညီ​အစ်​ကို​ပဲ​ဆို​ပြီး မထီ​လေး​စား မလုပ်​ပါ​နဲ့။ ယုံ​ကြည်​သူ​တွေ၊ ချစ်​ရ​တဲ့​ညီ​အစ်​ကို​တွေ ဖြစ်​နေ​တဲ့​အတွက် ပို​လို့​တောင် စေ​တ​နာ​ထား​ပြီး သူ​တို့​ကို အလုပ်​အကျွေး​ပြု​သင့်​တယ်။ ငါ​ပြော​တာ​တွေ​ကို အခြေ​ခံ​ပြီး မပြတ်​သွန်​သင်​ပေး​ပါ။ အား​ပေး​တိုက်​တွန်း​နေ​ပါ။ ၃  တစ်​ယောက်​ယောက်​က မှား​ယွင်း​တဲ့  အယူ​ဝါ​ဒ​ကို   သင်​ပေး​ပြီး သခင်​ယေရှု​ခ​ရစ်​ဆီ​က အကျိုး​ဖြစ်​ထွန်း​တဲ့ သွန်​သင်​ချက်​ကို​ရော+ ဘု​ရား​တ​ရား ကိုင်း​ရှိုင်း​တတ်​ဖို့ သွန်​သင်​ပေး​တာ​ကို​ပါ+ လက်​မခံ​ရင်၊ ၄  သူ​ဟာ မာ​န​ထောင်​လွှား​ပြီး ဘာ​ကို​မှ နား​မလည်​တဲ့​သူ​ပဲ။+ အချေ​အတင် ပြော​ဆို​ရ​တာ၊ စ​ကား​လုံး​တွေ​နဲ့​ပတ်​သက်​ပြီး အငြင်း​ပွား​ရ​တာ​ကို ဝါ​သနာ​ကြီး​တဲ့​သူ​ပဲ။+ အဲ​ဒါ​တွေ​ဟာ မနာ​လို​မရှု​ဆိတ်​ဖြစ်​တာ၊ ခိုက်​ရန်​ဖြစ်​တာ၊ သွား​ပုပ်​လေ​လွင့်​ပြော​တာ၊ သံ​သယ​ဝင်​တာ၊ ၅  အရေး​မပါ​တဲ့ ကိစ္စ​အတွက် အမြဲငြင်း​ခုံ​တာ​တွေ ဖြစ်​ပေါ်​စေ​တတ်​တယ်။ စိတ်​ယို​ယွင်း​နေ​တဲ့​သူ​တွေ၊+ အမှန်​တ​ရား​ကင်း​မဲ့​သူ​တွေ​က အဲ​ဒီ​လို​ဖြစ်​အောင် ဆွ​ပေး​တတ်​တယ်။ ဘု​ရား​တ​ရား ကိုင်း​ရှိုင်း​တာ​ဟာ အကျိုး​စီး​ပွား ဖြစ်​စေ​တယ်​လို့ သူ​တို့​ထင်​နေ​တယ်။+ ၆  ရှိ​တာ​လေး​နဲ့ ရောင့်ရဲ​တတ်​ရင် ဘု​ရား​တ​ရား ကိုင်း​ရှိုင်း​တာ သိပ်​အကျိုး​ရှိ​တယ်​ဆို​တဲ့+ စ​ကား​ဟာ အမှန်​ပဲ။ ၇  ငါ​တို့ ဒီ​လော​က​ကို ရောက်​လာ​တုန်း​က ဘာ​မှ ပါ​မလာ​ဘူး။ ထွက်​သွား​ရင်​လည်း ဘာ​မှ ယူ​သွား​နိုင်​မှာ မဟုတ်​ဘူး။+ ၈  ဒါ​ကြောင့် စား​စ​ရာ၊ ဝတ်​စ​ရာ* ရှိ​နေ​တယ်​ဆို​ရင် ရှိ​တာ​လေး​နဲ့ ရောင့်ရဲ​နေ​ရ​မယ်။+ ၉  ချမ်း​သာ​ဖို့ စိတ်​ပိုင်း​ဖြတ်​ထား​သူ​တွေ​က​တော့ သွေး​ဆောင်​ခံ​ရ​ပြီး ထောင်​ချောက်​မိ​သွား​တတ်​တယ်။+  မိုက်​မဲ​ပြီး အန္တရာယ်​ရှိ​တဲ့ အလို​ဆန္ဒတွေ​ထဲ​နစ်​မွန်း​သွား​တဲ့​အတွက် ပျက်​စီး​ဆုံး​ရှုံး​တတ်​တယ်။+ ၁၀  ဘာ​လို့​လဲ​ဆို​တော့ ငွေ​ကို​တပ်​မက်​တဲ့​စိတ်​ဟာ  အကျိုး​ပျက်​စေ​တဲ့​အရာ အမျိုး​မျိုး​ရဲ့ ဇာစ်​မြစ်​ဖြစ်​လို့​ပဲ။ လူ​တ​ချို့​က ငွေ​ကို​တပ်​မက်​လာ​တဲ့​အတွက် ယုံ​ကြည်​ခြင်း​က​နေ လမ်း​လွဲ​သွား​ပြီး ဝေ​ဒ​နာ​များ​စွာ​နဲ့ ကိုယ့်​ကိုယ်​ကိုယ် ထိုး​နှက်​ကြ​တယ်။+ ၁၁  ဘု​ရား​သခင်​ရဲ့​လူ၊ မင်း​က​တော့ အဲ​ဒါ​တွေ​ကို ဝေး​ဝေး​ရှောင်​ပါ။ ဖြောင့်​မတ်​ခြင်း၊ ဘု​ရား​တ​ရား ကိုင်း​ရှိုင်း​ခြင်း၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ ခံ​နိုင်​ရည်​ရှိ​ခြင်း၊ နူးညံ့​သိမ်​မွေ့​ခြင်း​ရှိ​နိုင်​ဖို့ အမြဲကြိုး​စား​ပါ။+ ၁၂  ခ​ရစ်​ယာန်​ယုံ​ကြည်​ခြင်း​အတွက် မွန်မြတ်​တဲ့​တိုက်​ပွဲ​ကို  တိုက်​နေ​ပါ။ မင်း​ဟာ ထာ​ဝ​ရ​အသက်​ရ​ဖို့ ရွေး​ချယ်​ခံ​ရ​ပြီး အဲ​ဒီ​အသက်​အတွက် လူ​အများ​ရှေ့​မှာ ကောင်း​ကောင်း သက်​သေခံ​ခဲ့​တယ်။  ဒါ​ကြောင့်   ထာ​ဝ​ရ​အသက် မျှော်​လင့်​ချက်​ကို ရှင်​သန်​နေ​စေ​ပါ။ ၁၃  အရာ​ခပ်​သိမ်း​ကို ရှင်​သန်​နေ​စေ​တဲ့ ဘု​ရား​သခင့်​ရှေ့​မှာ၊ ပု​န္တိ​ပိ​လတ်​မင်း​ကို+ ကောင်း​ကောင်း သက်​သေခံ​ခဲ့​တဲ့ ခ​ရစ်​တော်​ယေရှု​ရှေ့​မှာ  မင်း​ကို  ငါ​ညွှန်​ကြား​တာ​က၊ ၁၄  သခင်​ယေရှု​ခရစ်​ ပေါ်​ထွန်း​မယ့်​နေ့ ရောက်​တဲ့​အထိ+ အစွန်း​အထင်း မရှိ​အောင်၊ အပြစ်​ဆို​စ​ရာ မရှိ​အောင် ပညတ်​တွေ​ကို လိုက်​နာ​ပါ။ ၁၅  ပျော်​ရွှင်​တဲ့​ဘု​ရင်၊ တစ်​ပါး​တည်း​သော သခင်​ဖြစ်​တဲ့ ယေရှု​ခ​ရစ်​က သတ်​မှတ်​ထား​တဲ့​အချိန်​မှာ  ပေါ်​ထွန်း​လိမ့်​မယ်။ သူ​ဟာ ဘု​ရင်​တ​ကာ​တို့​ရဲ့ ဘု​ရင်၊ သခင်​တ​ကာ​တို့​ရဲ့ သခင်​ပဲ။+ ၁၆  အဲ​ဒီ​ဘု​ရင်​တစ်​ပါး​က​ပဲ မသေနိုင်​တဲ့​အဖြစ်​ကို ရ​ထား​ပြီး+ ဘယ်​သူ​မှ မချဉ်း​ကပ်​နိုင်​တဲ့ အလင်း​ထဲ​မှာ စံ​မြန်း​နေ​တယ်။+ သူ့​ကို ဘယ်​သူ​မှ မမြင်​ဖူး​ဘူး။ ဘယ်​သူ​မှ မမြင်​နိုင်​ဘူး။+ သူ ဘုန်း​တော် ထင်​ရှား​ပါ​စေ၊ ထာ​ဝ​ရ အစွမ်း​ခွန်​အား ပြည့်​စုံ​ပါ​စေ။ အာ​မင်။* ၁၇  လက်​ရှိ လော​က​စ​နစ်​မှာ* ချမ်း​သာ​ကြွယ်​ဝ​သူ​တွေ​ကို စိတ်​နေ​မမြင့်​ဖို့၊ မတည်​မြဲတဲ့ စည်း​စိမ်​ကို အား​မကိုး​ဖို့၊+ ငါ​တို့​ခံ​စား​နိုင်​အောင် အရာ​ခပ်​သိမ်း​ကို အလျှံ​ပယ်​ပေး​သနား​တဲ့ ဘု​ရား​သခင်​ကို​သာ အား​ကိုး​ဖို့+ ညွှန်​ကြား​လိုက်​ပါ။ ၁၈  ကောင်း​မှု​ပြု​ဖို့၊ မွန်မြတ်​တဲ့​လုပ်​ရပ်တွေ အများ​ကြီး လုပ်​ဆောင်​ဖို့၊ ရက်ရော​ဖို့၊ သူ​တစ်​ပါး​ကို ဝေ​မျှ​ပေး​ရာ​မှာ အသင့်​ရှိ​ဖို့၊+ ၁၉  အနာ​ဂတ်​အတွက် အုတ်​မြစ်​ကောင်း​ဖြစ်​တဲ့ ဘဏ္ဍာ​ကို စု​ဆောင်း​ဖို့ ပြော​လိုက်​ပါ။+ အဲ​ဒီ​လို​လုပ်​မယ်​ဆို​ရင် စစ်​မှန်​တဲ့​အသက်​ရ​မယ်​ဆို​တဲ့ မျှော်​လင့်​ချက်​ဟာ အမြဲရှင်​သန်​နေ​လိမ့်​မယ်။+ ၂၀  ချစ်​ရ​တဲ့ တိမောသေ၊ မင်း​ဆီ ယုံ​ယုံ​ကြည်​ကြည် အပ်​နှင်း​ထား​တဲ့​အရာ​ကို စောင့်​ရှောက်​ပါ။+ သန့်​ရှင်း​မြင့်မြတ်ရာ​ကို စော်​ကား​တဲ့ အချည်း​နှီး​စ​ကား​တွေ၊ အမှန်​တ​ရား​နဲ့​မကိုက်​ညီ​တဲ့ အယူ​အဆ​တွေ​ကို နား​မထောင်​ပါ​နဲ့။ အဲ​ဒီ​အယူ​အဆ​တွေ​ဟာ မှား​ယွင်း​တဲ့ “အသိ​ပညာ” က​နေ ပေါ်​ပေါက်​လာ​တဲ့ အရာတွေ​ပဲ။+ ၂၁  အဲ​ဒီ​အသိ​ပညာ​ရှိ​တဲ့​ပုံစံ​မျိုး​နဲ့ ဟိတ်​ဟန်​ထုတ်​ကြ​တဲ့ လူ​တ​ချို့​က​တော့ ယုံ​ကြည်​ခြင်း​က​နေ လမ်း​လွဲ​သွား​ကြ​ပြီ။ မဟာ​က​ရု​ဏာ ခံ​စား​ရ​ပါ​စေ။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “နေ​စ​ရာ။”
 ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”
ခက်​ဆစ်​ကို​ကြည့်။