၁ ပေတရု ၁:၁-၂၅

  • နှုတ်ခွန်းဆက်စကား (၁၊ ၂)

  • ရှင်သန်တဲ့ မျှော်လင့်ချက်အတွက် တစ်ဖန်မွေးဖွားခြင်း (၃-၁၂)

  • နာခံတတ်တဲ့ သားသမီးတွေအဖြစ် သန့်ရှင်းကြပါ (၁၃-၂၅)

 ယေရှုခရစ်ရဲ့ တမန်တော်+ ပေတရုက  ပုန္တုပြည်၊  ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊+  အာရှနယ်၊ ဗိသုနိပြည်တွေမှာ ကွဲလွင့်နေတဲ့ ယာယီနေထိုင်သူတွေ၊  ရွေးချယ်ခံရသူတွေဆီ စာရေးလိုက်ပါတယ်။ ၂  အဖဘုရားသခင်က  ကြိုတင်သိမြင်ထားတဲ့အတိုင်း+ ခင်ဗျားတို့ကို ရွေးချယ်ပြီး စွမ်းအားတော်နဲ့ သန့်စင်ပေးတယ်။+ ရည်ရွယ်ချက်က ခင်ဗျားတို့ကို နာခံမှုရှိစေဖို့၊ ယေရှုခရစ်ရဲ့သွေးကြောင့်+ သန့်ရှင်းလာစေဖို့ပါ။ ခင်ဗျားတို့ဆီမှာ  မဟာကရုဏာနဲ့ ငြိမ်သက်ခြင်း တိုးပွားပါစေ။ ၃  သခင်ယေရှုခရစ်ရဲ့  အဖဘုရားသခင်ကို ချီးမွမ်းကြပါ။ ဘုရားသခင်က ကရုဏာကြီးမားလှတဲ့အတွက် ကျွန်တော်တို့ကို တစ်ဖန်မွေးဖွားစေတယ်၊+ ယေရှုခရစ်ကို  သေရာကနေ  ရှင်ပြန်ထမြောက်စေခြင်းအားဖြင့်+ ကျွန်တော်တို့ကို တည်မြဲတဲ့မျှော်လင့်ချက်  ပေးခဲ့တယ်။+ ၄  မပုပ်ပျက်နိုင်တဲ့၊ မညစ်ညူးတဲ့၊ မညှိုးနွမ်းတဲ့ အမွေကိုလည်း ပေးခဲ့တယ်။+  အဲဒီအမွေကို ခင်ဗျားတို့အတွက်  ကောင်းကင်မှာ  သိမ်းထားပေးတယ်။+ ၅  ခင်ဗျားတို့မှာ   ယုံကြည်ခြင်းရှိတဲ့အတွက် ဘုရားသခင်က ခင်ဗျားတို့ကို ကယ်တင်ခြင်းရစေဖို့ တန်ခိုးတော်နဲ့ စောင့်ရှောက်တယ်။ အဲဒီကယ်တင်ခြင်းဟာ အဆုံးပိုင်းကာလမှာ ပေါ်လွင်ထင်ရှားလာလိမ့်မယ်။ ၆  ဒါကြောင့် ခင်ဗျားတို့ဟာ စမ်းသပ်မှုအမျိုးမျိုး+ ကြုံရလို့ ခဏတာ ဝမ်းနည်းရတာမှန်ပေမဲ့ သိပ်ဝမ်းမြောက်နေကြတယ်။ ၇  မီးနဲ့ စမ်းသပ်ထားပေမဲ့ ပျက်စီးသွားတတ်တဲ့ ရွှေထက် ခင်ဗျားတို့ရဲ့ အစမ်းသပ်ခံ ယုံကြည်ခြင်းဟာ+ အများကြီး တန်ဖိုးရှိတယ်။ အဲဒီလို ယုံကြည်ခြင်းရှိတဲ့အတွက် ယေရှုခရစ်ပေါ်ထွန်းချိန်မှာ ချီးမွမ်းခြင်း၊ ဘုန်းအသရေ၊ ဂုဏ်အသရေတွေကို ခင်ဗျားတို့ ခံစားရလိမ့်မယ်။+ ၈  ခရစ်တော်ကို ခင်ဗျားတို့ မမြင်ဖူးပေမဲ့ ချစ်ကြတယ်။ အခု၊ သူ့ကို မမြင်ရပေမဲ့ ယုံကြည်သက်ဝင်ပြီး မပြောပြတတ်လောက်အောင် အလွန် ဝမ်းမြောက်ရွှင်လန်းနေကြတယ်။ ၉  ယုံကြည်ခြင်းကြောင့် ကယ်တင်ခြင်းရမယ်ဆိုတာကို ခင်ဗျားတို့ စိတ်ချနေလို့ပဲ။+ ၁၀  ပရောဖက်တွေက ခင်ဗျားတို့အတွက်  ရည်စူးထားတဲ့  မဟာကရုဏာတော်အကြောင်း ကြိုဟောခဲ့တယ်၊ အဲဒီကယ်တင်ခြင်းအကြောင်း အပတ်တကုတ် မေးမြန်းရှာဖွေခဲ့ကြတယ်။+ ၁၁  ခရစ်တော်  ဘာတွေကြုံရမယ်၊ ဘယ်အချိန်မှာ ကြုံရမယ်ဆိုတာနဲ့ပတ်သက်ပြီး  စွမ်းအားတော်  ဖော်ပြတဲ့အရာကို သူတို့ မပြတ်ဆန်းစစ်လေ့လာကြတယ်။+ ခရစ်တော်ဟာ  ဆင်းရဲဒုက္ခ ခံရပြီးနောက် ချီးမြှောက်ခံရမယ်ဆိုတဲ့အကြောင်း စွမ်းအားတော် ကြိုတင်အသိပေးထားလို့ပဲ။+ ၁၂  ကိုယ့်အတွက်မဟုတ်ဘဲ ခင်ဗျားတို့အတွက် ပရောဖက်ပြုရမယ်ဆိုပြီး သူတို့ကို ဘုရားသခင် အသိပေးခဲ့တယ်။ သူတို့က ကောင်းကင်ကနေ  စေလွှတ်လိုက်တဲ့ သန့်ရှင်းသောစွမ်းအားတော် အကူအညီနဲ့ သတင်းကောင်းဟောခဲ့လို့+ အခု ခင်ဗျားတို့ အဲဒီအကြောင်း ကြားသိနေရတယ်။ ကောင်းကင်တမန်တွေဆိုရင် အဲဒီအကြောင်းတွေကို သိပ်သိချင်နေကြတာ။ ၁၃  ဒါကြောင့် အားသွန်ခွန်စိုက် လုပ်ဆောင်ဖို့ စိတ်ကို အသင့်ပြင်ထားကြပါ။+  အပြည့်အဝ  သတိရှိကြပါ။+ ယေရှုခရစ်ပေါ်ထွန်းချိန်မှာ ခံစားရမယ့် မဟာကရုဏာကိုပဲ မျှော်လင့်နေကြပါ။ ၁၄  နာခံတတ်တဲ့ သားသမီးတွေ ဖြစ်ကြပါ။ ဘုရားသခင်ကို မသိခင်က ခင်ဗျားတို့မှာရှိခဲ့တဲ့ အလိုဆန္ဒတွေရဲ့ ပုံသွင်းမှုကို မခံပါနဲ့တော့။ ၁၅  ခင်ဗျားတို့ကို ခေါ်ယူတဲ့အရှင်ဟာ သန့်ရှင်းတဲ့အတွက် ခင်ဗျားတို့လည်း ပြုမူကျင့်ကြံလေသမျှမှာ သန့်ရှင်းကြပါ။+ ၁၆  “ငါဟာ သန့်ရှင်းတဲ့အတွက် မင်းတို့လည်း သန့်ရှင်းရမယ်”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတယ်။ ၁၇  မျက်နှာမလိုက်ဘဲ တစ်ယောက်စီရဲ့ အကျင့်နဲ့အညီ တရားစီရင်တဲ့ အဖဘုရားကို+ ခင်ဗျားတို့ ဆုတောင်းတယ်ဆိုရင် ဒီလောကမှာ ယာယီနေထိုင်ချိန်အတွင်း ဘုရားကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ ကျင့်ကြံပြုမူကြပါ။+ ၁၈  ဘိုးဘေးတွေဆီက ဆက်ခံရရှိတဲ့ အချည်းနှီးဘဝကနေ ခင်ဗျားတို့ကို လွတ်မြောက်စေခဲ့တာဟာ ရွှေငွေစတဲ့ ပျက်စီးတတ်တဲ့အရာတွေ မဟုတ်မှန်း+ ခင်ဗျားတို့ သိပါတယ်။ ၁၉  အနာအဆာ၊  အစွန်းအထင်းကင်းတဲ့  သိုးသငယ်ရဲ့+ သွေးနဲ့တူတဲ့ ခရစ်တော်ရဲ့+ တန်ဖိုးကြီးတဲ့သွေးနဲ့+  လွတ်မြောက်စေခဲ့တာပါ။ ၂၀  ဘုရားသခင်က ခရစ်တော်ကို လူ့လောကအစပြုချိန်* မတိုင်ခင်ကတည်းက+ ရွေးချယ်ခဲ့ပေမဲ့ ခင်ဗျားတို့ရဲ့အကျိုးအတွက်  အဆုံးပိုင်းကာလကျမှ  ဖော်ပြတယ်။+ ၂၁  ခရစ်တော်ကို သေရာကနေ အသက်ပြန်ရှင်စေပြီး+ ဘုန်းတန်ခိုးပေးခဲ့တဲ့+ ဘုရားသခင်ကို ခရစ်တော်အားဖြင့် ခင်ဗျားတို့  ယုံကြည်လာတယ်။+ ဒီနည်းနဲ့ ခင်ဗျားတို့ဟာ ဘုရားသခင်ကို ယုံကြည်လာပြီး မျှော်လင့်ချက် ရှိလာကြတယ်။ ၂၂  အမှန်တရားကို နာခံတဲ့အတွက် ခင်ဗျားတို့ သန့်စင်လာကြပြီ။ ဒါကြောင့် ခင်ဗျားတို့မှာ ဟန်ဆောင်မှုကင်းတဲ့ ညီရင်းအစ်ကိုမေတ္တာမျိုး+ ရှိလာပြီဖြစ်လို့ အချင်းချင်း  နှစ်နှစ်ကာကာ ချစ်ကြပါ။+ ၂၃  ခင်ဗျားတို့ဟာ ပုပ်ပျက်တတ်တဲ့ မျိုးစေ့အားဖြင့်မဟုတ်ဘဲ  မပုပ်ပျက်တတ်တဲ့မျိုးစေ့*+ အားဖြင့် တစ်ဖန် မွေးဖွားခံရပြီ။+ မပုပ်ပျက်တတ်တဲ့ မျိုးစေ့ဆိုတာ အသက်ရှင်ပြီး ထာဝစဉ်တည်မြဲတဲ့ ဘုရားသခင်ရဲ့ တရားစကားပဲ။+ ၂၄  “လူသားအားလုံးဟာ မြက်ပင်တွေလိုပဲ။ သူတို့ရဲ့ဂုဏ်သရေဟာ လယ်ပြင်မှာပေါက်တဲ့ ပန်းတွေလိုပဲ။ မြက်ပင်ဆိုတာ ညှိုးနွမ်းတတ်တယ်၊ ပန်းတွေလည်း ကြွေတတ်တယ်။ ၂၅  ယေဟောဝါရဲ့* တရားစကားကတော့ ထာဝစဉ်တည်မြဲတယ်။”+ အဲဒီ “တရားစကား” ဟာ ကျွန်တော်တို့ဟောတဲ့ သတင်းကောင်းပဲ။+

အောက်ခြေမှတ်ချက်များ

အာဒံနဲ့ဧဝ သားသမီးရတဲ့အချိန်။
သီးပွင့်ဖြစ်ထွန်းနိုင်စွမ်းရှိတဲ့ မျိုးစေ့ကို ဆိုလို။