၁ ပေတရု ၅:၁-၁၄

  • သိုး​တော်​စု​ရဲ့ သိုး​ထိန်း (၁-၄)

  • နှိမ့်​ချ​ပါ၊ နိုး​နိုး​ကြား​ကြား​ရှိ​ပါ (၅-၁၁)

    • စိုး​ရိမ်​ပူ​ပန်​စ​ရာ ရှိ​သမျှ​ကို ဘု​ရား​သခင်​ဆီ​ပုံအပ် ()

    • မာရ်​နတ်​က ဟိန်း​ဟောက်​နေ​တဲ့ ခြင်္သေ့​နဲ့​တူ ()

  • နိ​ဂုံး​ချုပ်​စ​ကား (၁၂-၁၄)

 ခရစ်​တော်ရဲ့ ဆင်း​ရဲ​ဒုက္ခ​ကို တွေ့​မြင်​ဖူး​တဲ့​သူ၊ ရွေး​ချယ်​ခံ​ရ​သူ​တွေ​နဲ့အတူ ဘုန်း​အသရေ ခံ​စား​ရ​မယ့်+ အကြီး​အကဲ​တစ်​ယောက်​အနေ​နဲ့ ခင်ဗျား​တို့​မှာ​ရှိ​တဲ့  အကြီး​အကဲ​တွေ​ကို ကျွန်​တော်  မေတ္တာရပ်​ခံ​ချင်​တာ​က၊ ၂  ခင်​ဗျား​တို့​ဆီ ပေး​အပ်​ထား​တဲ့ ဘု​ရား​သ​ခင့်  သိုး​တော်​စု​ကို ထိန်း​ကျောင်း​ကြ​ပါ။+  ကြီး​ကြပ်​သူ​တွေ​အဖြစ်  အမှု​ဆောင်​ကြ​ပါ။* တာ​ဝန်​အရ​လုပ်​တာ​မျိုး​ မဟုတ်​ဘဲ ဘုရား​သခင်​ရှေ့​မှာ စိတ်​ပါ​လက်​ပါ လုပ်​ဆောင်​ကြ​ပါ၊+ မသမာ​တဲ့​နည်း​နဲ့ အမြတ်​ထုတ်​ချင်​လို့ မဟုတ်​ဘဲ+ စေ​တ​နာ​စိတ်​နဲ့ လုပ်​ဆောင်​ကြ​ပါ။ ၃  ဘု​ရား​သခင်​ပိုင်​ဆိုင်​တဲ့  လူ​တွေ​ကို ပိုင်စိုး​ပိုင်​နင်း မလုပ်​ဘဲ+ သိုး​တော်​စု​ရှေ့​မှာ စံန​မူ​နာ​ပြကြ​ပါ။+ ၄  ဒါ​ဆို​ရင် သိုး​ထိန်း​ချုပ်+  ပေါ်​ထွန်း​တဲ့​အခါ  မညှိုး​နွမ်းတတ်တဲ့  ဘုန်း​သရ​ဖူ​ကို  ရကြလိမ့်​မယ်။+ ၅  လူ​ငယ်​တွေ​လည်း အသက်​ကြီး​သူ​တွေ​ကို* လက်​အောက်​ခံ​ပါ။+ ခင်​ဗျား​တို့​အား​လုံး အချင်း​ချင်း ဆက်​ဆံ​တဲ့​အခါ စိတ်​နှိမ့်​ချ​ပါ။ ဘာ​လို့​လဲ​ဆို​တော့ ဘု​ရား​သခင်​က မောက်​မာ​သူ​တွေ​ကို ဆန့်​ကျင်​ပြီး စိတ်​နှိမ့်​ချ​သူ​တွေ​ကို မဟာ​က​ရု​ဏာ ပေး​သနား​လို့​ပဲ။+ ၆  ဘု​ရား​သခင်​က  အချိန်​တန်​ရင် ချီးမြှောက်​မှာ​ဖြစ်​လို့  တန်​ခိုး​ကြီး​တဲ့ လက်​ရုံး​တော်​အောက်​မှာ ကိုယ့်ကိုယ်​ကိုယ် နှိမ့်​ချ​ကြ​ပါ။+ ၇  စိုး​ရိမ်​ပူ​ပန်​စရာ​ ရှိ​သ​မျှ​ကို  ဘု​ရား​သခင်​ဆီ ပုံ​အပ်​ထား​လိုက်​ပါ။+  ဘု​ရား​သခင်​ဟာ​ ခင်ဗျား​တို့​ကို​ ဂရု​စိုက်​တဲ့​အ​ရှင်​ ဖြစ်​လို့ပဲ။+ ၈  သတိ​ရှိ​ပြီး  နိုး​နိုး​ကြား​ကြား  နေ​ကြ​ပါ။+  ရန်​သူ​မာရ်​နတ်​က  ဟိန်း​ဟောက်​နေ​တဲ့​ခြင်္သေ့​လို​တစ်ယောက်​ယောက်​ကို ဝါး​မျို​ဖို့ လှည့်​လည်​ရှာ​ဖွေ​နေ​တယ်။+ ၉  ကမ္ဘာ​တစ်​ဝန်း​မှာ​ရှိ​တဲ့​  ညီ​အစ်​ကို​အ​သင်း​အပင်း တစ်​ရပ်​လုံး​လည်း ဆင်း​ရဲ​ဒုက္ခ​ကို ထပ်​တူ ခံစား​နေ​ရ​မှန်း သိ​ထား​ပြီး+ ခိုင်​မာ​တဲ့ ယုံ​ကြည်​ခြင်း​နဲ့ မာရ်​နတ်​ကို ခုခံ​တွန်း​လှန်​ကြ​ပါ။+ ၁၀  ဆင်း​ရဲ​ဒုက္ခ တစ်​ခဏ​ခံ​ရ​ပြီး​တဲ့​အခါ မဟာ​က​ရု​ဏာ​ရှင် ဘုရား​သခင်​ကိုယ်​တိုင်​ ခင်ဗျား​တို့​ကို  အပြည့်​အဝ  လေ့​ကျင့်​ပေး​လိမ့်​မယ်။  ခင်​ဗျား​တို့​ကို ခ​ရစ်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ရှိ​သူ​တွေ​အနေ​နဲ့ ထာ​ဝ​ရ  ဘုန်း​အသရေ  ခံ​စား​ရ​စေ​ဖို့ ရွေး​ချယ်​ထား​တယ်။+ ဘု​ရား​သခင်​က ခင်​ဗျား​တို့​ကို  မြဲမြံ​စေ​ပြီး+  ခွန်​အား​ရှိ​စေ​မယ်၊+ ကြံ့​ကြံ့ခံ​ ရပ်​တည်​စေ​မယ်။ ၁၁  ဘုရား​သ​ခင်​ရဲ့ တန်​ခိုး​တော် ထာ​ဝ​စဉ်​တည်​ပါ​စေ။ အာမင်။* ၁၂  ခင်​ဗျား​တို့​ကို ဘု​ရား​သခင်​ပြခဲ့​တဲ့ မဟာ​က​ရု​ဏာ​ဟာ တ​ကယ်​စစ်​မှန်​ကြောင်း အလေး​အနက်​သက်​သေခံဖို့၊  ခင်​ဗျား​တို့​ကို အား​ပေး​ဖို့ သစ္စာ​ရှိ​ညီအစ်ကို  သိ​လွှာ​နု​ရဲ့*+ အကူ​အညီ​နဲ့​ ဒီ​စာ​တို​လေး​ကို​ ကျွန်​တော်​ ရေး​ပို့​လိုက်​တယ်။ မဟာ​က​ရု​ဏာ​တော်​ကို ခံ​စား​ရင်း  အခိုင်​အမာ​  ရပ်​တည်​ကြ​ပါ။ ၁၃  ခင်​ဗျား​တို့​လို​ပဲ  ရွေး​ချယ်​ခံ​ရ​သူ​ဖြစ်​တဲ့ ဗာ​ဗု​လုန်​မြို့မှာ​ရှိ​တဲ့ အမျိုး​သမီး​နဲ့* ကျွန်​တော့်​သား မာကု​က​လည်း+ ခင်ဗျား​တို့​ကို  နှုတ်​ဆက်​လိုက်​တယ်။ ၁၄  အ​ချင်း​ချင်း  မေတ္တာ​နဲ့​နမ်း​ပြီး နှုတ်​ဆက်​ကြ​ပါ။ ခ​ရစ်​တော်ရဲ့​တ​ပည့်တွေ​ဖြစ်​တဲ့ ခင်ဗျား​တို့​အား​လုံး ငြိမ်​သက်​ခြင်း ခံ​စား​ရပါ​စေ။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ဂရု​တ​စိုက် စောင့်​ရှောက်​ကြ​ပါ။”
ဒါ​မှ​မဟုတ်၊ “အကြီး​အကဲ​တွေ​ကို။”
ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”
သိ​လ။
အသင်း​တော်​ကို ရည်​ညွှန်း​တာ​ဖြစ်​နိုင်။