၁ ယောဟန် ၁:၁-၁၀

  • အသက်​ရ​စေ​တဲ့ တ​ရား​စ​ကား (၁-၄)

  • အလင်း​ထဲ လျှောက်​လှမ်း (၅-၇)

  • အပြစ်​တွေ​ကို ဝန်​ချ​ဖို့​လို (၈-၁၀)

 အသက်​ရ​စေ​တဲ့ တ​ရား​စ​ကား​ကို ယူ​ဆောင်​လာ​သူ​အကြောင်း+ ကျွန်​တော်​တို့ စာ​ရေး​လိုက်​ပါ​တယ်။ သူ​ဟာ အစ​အဦး​က​တည်း​က တည်​ရှိ​ခဲ့​တယ်။ သူ​ပြော​တာ​ကို ကျွန်​တော်​တို့​ကိုယ်​တိုင်  ကြား​ခဲ့ရ​တယ်။  သူ့​ကို ကိုယ်​တိုင်​မြင်​ခဲ့ရ​တယ်။ သူ့​ကို စေ့​စေ့​ကြည့်​ပြီး လက်​နဲ့​ထိ​တွေ့​ခွင့် ရခဲ့​တယ်။ ၂  (ကျွန်​တော်​တို့​က ထာ​ဝ​ရ​အသက်​အကြောင်း+ သိ​ခဲ့ရ​တယ်၊ မြင်​ခဲ့ရ​တယ်။ ကိုယ်​တိုင်​မျက်​မြင်​သက်​သေ+ ဖြစ်​ခဲ့​တဲ့​အတွက် ခင်​ဗျား​တို့​ကို အဲ​ဒီ​အကြောင်း ပြော​ပြနိုင်​တယ်။ ထာ​ဝ​ရ​အသက်​ဟာ အဖဘု​ရား​သခင်​ဆီ​က လာ​တယ်။ အဲ​ဒီအကြောင်း  ကျွန်​တော်​တို့  သိ​ခဲ့ရ​တယ်။) ၃  ကိုယ်​တိုင် မြင်​ခဲ့​ကြား​ခဲ့​တာ​တွေ​ကို ပြန်​ပြော​ပြရ​တဲ့ အကြောင်း​ရင်း​က+ ခင်ဗျား​တို့​နဲ့ ကျွန်​တော်​တို့ ရင်း​နှီး​ကျွမ်း​ဝင်​နေ​ကြ​ဖို့​ပါ။ အဖဘု​ရား​သခင်​နဲ့​ရော သား​တော်​ယေရှု​ခ​ရစ်​နဲ့​ပါ ကျွန်​တော်​တို့ ရင်း​နှီး​ကျွမ်း​ဝင်​သလို​မျိုး​ပေါ့။+ ၄  ကျွန်​တော်​တို့​အား​လုံး အပြည့်​အဝ ရွှင်​လန်း​နိုင်​ဖို့ ဒီ​အကြောင်း​အရာတွေ​ကို ရေး​လိုက်​ပါ​တယ်။ ၅  ယေရှု​ဆီ​က​ကြား​ခဲ့ရ​တဲ့ သတင်း​ကို ခင်​ဗျား​တို့​ဆီ ပြန်​ပြော​ပြချင်​တယ်။ အဲ​ဒါ​က​တော့ ဘု​ရား​သခင်​ဟာ အလင်း​ပဲ။+ ကိုယ်​တော့်​ဆီ​မှာ မှောင်​မိုက် လုံး​ဝ​မရှိ​ဘူး။ ၆  “ဘု​ရား​သခင်​နဲ့ ရင်း​နှီး​ကျွမ်း​ဝင်​ပါ​တယ်”  လို့​ပြော​နေ​ပေမဲ့ အမှောင်​ထဲ​မှာ ဆက်​လျှောက်​လှမ်း​နေ​မယ်​ဆို​ရင် ကျွန်​တော်​တို့​ဟာ လူ​လိမ်​တွေ၊  အမှန်​တ​ရား​ကို  လက်​တွေ့​​မ​ကျင့်​သူ​တွေ​ပဲ။+ ၇  ဘု​ရား​သခင်​ဟာ အလင်း​ထဲ​မှာ​ရှိ​နေ​တဲ့​အတွက် ကျွန်​တော်​တို့​လည်း အလင်း​မှာ လျှောက်​လှမ်း​မယ်​ဆို​ရင် အချင်း​ချင်း ရင်း​နှီး​ကျွမ်း​ဝင်​ကြ​လိမ့်​မယ်။ သား​တော်​ယေရှု​ရဲ့ သွေး​က ကျွန်​တော်​တို့​ရဲ့ အပြစ်​အား​လုံး​ကို သန့်​စင်​ပေး​လိမ့်​မယ်။+ ၈  “ကျွန်​တော်​တို့ အပြစ်​မလုပ်​ဘူး” လို့ ပြော​မယ်​ဆို​ရင် ကိုယ့်​ကိုယ်​ကိုယ် လှည့်​စား​တာ​ပဲ။+  ကျွန်​တော်​တို့​မှာ အမှန်​တ​ရား မရှိ​ဘူး။ ၉  ဘု​ရား​သခင်​ဟာ သစ္စာ​ရှိ​ပြီး ဖြောင့်​မတ်​တဲ့​အရှင် ဖြစ်​တဲ့​အတွက် အပြစ်​တွေ​ကို ကျွန်​တော်​တို့ ဝန်​ချ​တောင်း​ပန်​မယ်​ဆို​ရင် ခွင့်​လွှတ်​ပေး​ပြီး ဆိုး​ညစ်​မှု​မှန်​သမျှ​ကို သန့်​စင်​ပေး​လိမ့်​မယ်။+ ၁၀  “ကျွန်​တော်​တို့ တစ်​ခါ​မှ အပြစ်​မလုပ်​ခဲ့​ဘူး” လို့​ပြော​မယ်​ဆို​ရင် ဘု​ရား​သခင်​ဟာ လိမ်​ညာ​သူ​လို့ ပြော​တာ​နဲ့ အတူ​တူ​ပဲ။ ကျွန်​တော်​တို့​ရင်​ထဲ​မှာ တ​ရား​စ​ကား မရှိ​ဘူး။

အောက်ခြေမှတ်ချက်များ