၁ ယောဟန် ၃:၁-၂၄

  • ကျွန်​တော်​တို့​ဟာ ဘု​ရား​သခင်​ရဲ့ သား​သမီး​တွေဖြစ် (၁-၃)

  • ဘု​ရား​သခင်​ရဲ့​သား​သမီး​နဲ့ နတ်​ဆိုး​ရဲ့​သား​သမီး​များ (၄-၁၂)

    • မာရ်​နတ်​လုပ်​သမျှ​ကို ယေရှု​ချေ​ဖျက် ()

  • အချင်း​ချင်း ချစ်​ပါ (၁၃-၁၈)

  • ဘု​ရား​သခင်​ဟာ ကျွန်​တော်​တို့​စိတ်​နှ​လုံး​ထက် ပိုကြီးမြတ် (၁၉-၂၄)

 အဖဘု​ရား​က  ကျွန်​တော်​တို့​ကို ဘယ်​လောက်​တောင် ချစ်မြတ်​နိုး​တယ်​ဆို​တာ စဉ်း​စား​ကြည့်​ပါ။+ ကျွန်​တော်​တို့​ကို ဘု​ရား​သခင်​ရဲ့ သား​သမီး​တွေလို့ ခေါ်​တယ်။+ တ​ကယ်​လည်း ဘုရား​သခင်​ရဲ့ သား​သမီး​တွေ​ပါ​ပဲ။ ဒါ​ကြောင့် ဒီ​လော​ကက ကျွန်​တော်​တို့​ကို မသိ​ဘူး။+ ဘု​ရား​သခင်​ကို သူ​တို့​မှ မသိ​ပဲ​ကိုး။+ ၂  ချစ်​ရ​သူ​တို့၊ ကျွန်​တော်​တို့​ဟာ ဘု​ရား​သခင်​ရဲ့ သား​သမီး​တွေ ဖြစ်​နေ​ကြ​ပေမဲ့+ အနာ​ဂတ်​မှာ ဘာ​ဖြစ်​မယ်​ဆို​တာ ဘု​ရား​သခင် မဖော်​ပြသေး​ဘူး။+ ဖော်​ပြတဲ့​အခါ​ကျ​ရင်​တော့ ဘု​ရား​သခင်​လို ဖြစ်​လာ​လိမ့်​မယ်​ဆို​တာ ကျွန်​တော်​တို့ သိ​တယ်။ ဘာ​လို့​လဲ​ဆို​တော့ အဲ​ဒီ​အခါ​ကျ​ရင် ဘု​ရား​သခင်​ကို ကျွန်​တော်​တို့ တ​ကယ်​မြင်​တွေ့​ရ​မှာ ဖြစ်​လို့​ပဲ။ ၃  အဲ​ဒီ​လို မျှော်​လင့်​ချက်​ရှိ​သူ​တိုင်း​ဟာ အဲ​ဒီ​အရှင် စင်​ကြယ်​သလို မိမိ​ကိုယ်​ကို စင်​ကြယ်​စေ​ရ​မယ်။+ ၄  အပြစ်​လုပ်​လေ့​ရှိ​သူ​ဟာ တ​ရား​မဲ့​တာ​တွေ​ကို လုပ်​လေ့​ရှိ​သူ​ပဲ။ အပြစ်​ဆို​တာ တ​ရား​မဲ့​ခြင်း​ပဲ။ ၅  ကျွန်​တော်​တို့​ရဲ့ အပြစ်​တွေ​ကို ဖယ်​ရှား​ဖို့ ယေရှု​ခရစ် ရောက်​လာခဲ့​မှန်း​ကို​လည်း+ ခင်​ဗျား​တို့ သိ​ပါ​တယ်။  သူ့​မှာ  အပြစ်​မရှိ​ဘူး။ ၆  သူ​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​ရင် အပြစ်​လုပ်​လေ့ မရှိ​ဘူး။+ အပြစ်​လုပ်​လေ့​ရှိ​သူ​ဟာ သူ့​ကို မသိ​ဘူး၊ မယုံ​ကြည်​ဘူး။ ၇  သား​သမီး​တို့၊ ခင်​ဗျား​တို့​ကို ဘယ်​သူ​မှ မလှည့်​စား​ပါ​စေ​နဲ့။ ဖြောင့်​မှန်​ရာ​ကို လုပ်​လေ့​ရှိ​သူ​ဟာ ဖြောင့်​မတ်​သူ​ပဲ။  ယေရှု  ဖြောင့်​မတ်​သလို​မျိုး​ပေါ့။ ၈  အပြစ်​လုပ်​လေ့​ရှိ​သူ​က​တော့ မာရ်​နတ်​ရဲ့ ဘက်​တော်​သား​ဖြစ်​တယ်။ မာရ်​နတ်​ဟာ အစ​အဦး​က​တည်း+ အပြစ်​လုပ်​သူ​ဖြစ်​လို့​ပဲ။ မာရ်​နတ်​လုပ်​သမျှ​ကို ချေ​ဖျက်​ဖို့ ဘု​ရား​သခင်​ရဲ့​သား​တော် ရောက်​လာခဲ့​တာ။+ ၉  ဘု​ရား​သခင်​ရဲ့ သား​သမီး​မှန်​ရင် အပြစ်​လုပ်​လေ့​မရှိ​ဘူး။+  သူ့​ဆီ​မှာ ဘုရား​သခင်​ရဲ့ စွမ်း​အား​တော်* ရှိ​နေ​လို့​ပဲ။ သူ​ဟာ ဘု​ရား​သခင်​ရဲ့ သား​သမီး​ဖြစ်​တဲ့​အတွက်  အပြစ်​လုပ်​လေ့​မရှိ​ဘူး။+ ၁၀  ဖြောင့်​မှန်​ရာ​ကို မလုပ်​တဲ့​သူ​ဟာ ဘု​ရား​သခင်​ရဲ့ ဘက်​တော်​သား မဟုတ်​ဘူး။ ညီ​အစ်​ကို​ကို မုန်း​တဲ့​သူ​လည်း ဘုရား​သခင်​ရဲ့ ဘက်​တော်​သား မဟုတ်​ဘူး။+ ဒီ​နည်း​နဲ့ ဘု​ရား​သခင်​ရဲ့ သား​သမီး​နဲ့ မာရ်​နတ်​ရဲ့​သား​သမီး​ကို ခွဲ​ခြား​နိုင်​တယ်။ ၁၁  အချင်း​ချင်း ချစ်​ကြ​ပါ​ဆို​တဲ့ စ​ကား​ကို အစ​က​တည်း​က ခင်​ဗျား​တို့ ကြား​နာ​ခဲ့ရ​တယ်။+ ၁၂  ဆိုး​ညစ်​သူ​ရဲ့ ဘက်​တော်​သား​ဖြစ်​ပြီး ကိုယ့်​ညီ​ကို​သတ်​ခဲ့​တဲ့ ကာ​အိ​န​လို မဖြစ်​ကြ​ပါ​နဲ့။+ သူ​က ညီ​ကို​ ဘာ​လို့​သတ်​တာ​လဲ။ သူ့​အကျင့်​က ဆိုး​ညစ်​ပြီး+ ညီ​ရဲ့​အကျင့်​က ဖြောင့်​မတ်​လို့​ပဲ။+ ၁၃  ညီ​အစ်​ကို​တို့၊  လော​ကက​ ခင်ဗျား​တို့​ကို​မုန်း​ရင်  မအံ့​သြပါ​နဲ့။+ ၁၄  ကျွန်​တော်​တို့​ဟာ လူ​သေလို​ဖြစ်​ခဲ့​ကြ​ပေမဲ့ အခု​တော့ ညီ​အစ်​ကို​တွေ​ကို ချစ်​တဲ့​မေတ္တာ​ကြောင့်+ အသက်​ရှင်​နေ​မှန်း+ သိ​ပါ​တယ်။ ညီ​အစ်​ကို​ကို မချစ်​တဲ့​သူ​ဟာ လူ​သေဖြစ်​နေ​တုန်း​ပဲ။+ ၁၅  ညီ​အစ်​ကို​ကို မုန်း​တဲ့​သူ​ဟာ  လူ့​အသက်​ကို သတ်​တဲ့​သူ​ဖြစ်​တယ်။+  လူ့​အသက်​သတ်​ရင်  ထာ​ဝ​ရ​အသက်  မရ​နိုင်​ဘူး​ဆိုတာ  ခင်ဗျား​တို့  သိ​ပါ​တယ်။+ ၁၆  ခရစ်​တော်​က  ကျွန်​တော်​တို့​အ​တွက် အ​သက်​စွန့်​ခဲ့လို့  ချစ်​ခြင်း​မေတ္တာ​အ​ကြောင်း ကျွန်​တော်​တို့ နား​လည်​လာ​တယ်။+ ကျွန်​တော်​တို့​လည်း ညီ​အစ်​ကို​အတွက် အသက်​စွန့်​ဖို့ တာ​ဝန်​ရှိ​တယ်။+ ၁၇  စည်း​စိမ်​ဥစ္စာ ချမ်း​သာ​တဲ့​သူ​တစ်​ယောက်​က ဆင်း​ရဲ​ချို့​ငဲ့​နေ​တဲ့ ညီ​အစ်​ကို​ကို မြင်​လျက်​နဲ့ မသနား​ဘူး​ဆို​ရင် သူ​ဟာ ဘု​ရား​သခင်​ကို ချစ်​တဲ့​သူ​လို့ ပြော​လို့ရ​ပါ့​မလား။+ ၁၈  သား​သမီး​တို့၊ ခင်​ဗျား​တို့​ရဲ့ မေတ္တာ​ကို အပြော​လောက်​သာ+ မဟုတ်​ဘဲ လုပ်​ရပ်​နဲ့+ တ​ကယ်​ပြကြ​ပါ။+ ၁၉  ဒီ​နည်း​နဲ့  ကျွန်​တော်​တို့​ဟာ အမှန်​တ​ရားရဲ့ ဘက်​တော်​သား​တွေ​ဖြစ်​မှန်း သိ​နိုင်​ကြ​မယ်။ မေတ္တာ​တော် ခံ​စား​ရ​သူ​တွေ​အနေ​နဲ့ စိတ်​ချ​လက်​ချ​ဖြစ်​နေ​မယ်။ ၂၀  အပြစ်​ရှိ​တယ်​လို့ စိတ်​ထဲ ခံ​စား​နေ​ရရင်​တောင် ဘု​ရား​သခင်​ဟာ ကျွန်​တော်​တို့​ရဲ့ စိတ်​နှ​လုံး​ထက် ပို​ကြီးမြတ်​တယ်၊* အရာ​အား​လုံး​ကို ကိုယ်​တော် သိ​နေ​တယ်​ဆို​တာ မမေ့​ကြ​ပါ​နဲ့။+ ၂၁  ချစ်​ရ​သူ​တို့၊ ကျွန်​တော်​တို့ စိတ်​ထဲ​မှာ အပြစ်​ရှိ​တယ်​လို့ မခံ​စား​ရ​ဘူး​ဆို​ရင် ဘု​ရား​သခင်​ဆီ  ရဲရဲ​ဝံ့​ဝံ့​ပြော​ဆို​ခွင့်* ရှိလိမ့်​မယ်။+ ၂၂  ပညတ်​တွေ​ကို လိုက်​နာ​နေ​တဲ့​အတွက်၊  ဘု​ရား​နှစ်​သက်တာ​တွေ​ကို  လုပ်​ဆောင်​နေ​တဲ့​အတွက်​ ဘုရား​ဆီ တောင်း​လျှောက်​သမျှ  ကျွန်​တော်​တို့  ရ​လိမ့်​မယ်။+ ၂၃  သား​တော်​ယေရှု​ခ​ရစ်ရဲ့ နာ​မည်​ကို ယုံ​ကြည်​ရ​မယ်၊+ သူ​မိန့်​မှာ​ခဲ့​တဲ့​အတိုင်း  အ​ချင်း​ချင်း  ချစ်​ရ​မယ် ဆိုတဲ့​ပညတ်​ပဲ။+ ၂၄  ပညတ်​တွေ​ကို လိုက်​နာ​သူ​ဟာ ဘု​ရား​သခင်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​နေ​တဲ့​သူ​ပဲ၊ ဘု​ရား​သခင်​က​လည်း သူ​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​နေ​တယ်။+ ဘု​ရား​သခင်​ဟာ ကျွန်​တော်​တို့​နဲ့  တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​နေ​မှန်း  ပေး​သနား​ထား​တဲ့ စွမ်း​အား​တော်​ကြောင့် သိ​ရ​တယ်။+

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “မျိုး​စေ့။”
ဒါ​မှ​မဟုတ်၊ “ဘု​ရား​သခင်​ဟာ ကျွန်​တော်​တို့ ကိုယ့်​ကိုယ်​ကိုယ် သိ​တာ​ထက် ပို​သိ​တယ်။”
ခက်​ဆစ်​ကို​ကြည့်။