၁ ရာဇဝင်ချုပ် ၁၀:၁-၁၄

  • ရှောလုနဲ့ သားတော်တွေ သေဆုံး (၁-၁၄)

၁၀  ဖိလိတိလူတွေက အစ္စရေးတွေနဲ့ စစ်တိုက်တယ်။ အစ္စရေးစစ်သည်တွေ  ထွက်ပြေးရပြီး   ဂိလဗောတောင်မှာ အတုံးအရုံး ကျဆုံးသွားတယ်။+ ၂  ဖိလိတိလူတွေက ရှောလုမင်းနဲ့ သားတော် ယောနသန်၊ အဘိနဒပ်၊ မေလခိရွှတို့ကို+  သဲကြီးမဲကြီး လိုက်တိုက်တယ်။ သားတော်သုံးယောက်  အသတ်ခံလိုက်ရတယ်။ ၃  ရှောလုကိုလည်း  ပြင်းပြင်းထန်ထန် တိုက်ခိုက်တဲ့အတွက် လေးသမားပစ်လိုက်တဲ့မြား ထိမှန်ပြီး ဒဏ်ရာရသွားတယ်။+ ၄  ဒါနဲ့  ရှောလုက  သူ့လက်နက်ကိုင်ကို “မင်းရဲ့ဓားကို ထုတ်ပြီး ငါ့ကို ထိုးသတ်လိုက်စမ်း။ နို့မို့ဆိုရင် အရေဖျားမဖြတ်တဲ့ အဲဒီလူတွေ ငါ့ကို ရက်ရက်စက်စက် သတ်လိမ့်မယ်”+ လို့ အမိန့်ပေးတယ်။ ဒါပေမဲ့ လက်နက်ကိုင်က ကြောက်လွန်းလို့ မလုပ်ရဲဘူးဖြစ်နေတော့ ရှောလုက ဓားကိုထောင်ပြီး ဓားပေါ်  မှောက်ချလိုက်တယ်။+ ၅  ရှောလု သေဆုံးတာကို မြင်တော့ သူ့လက်နက်ကိုင်လည်း ဓားပေါ်မှောက်ချပြီး သေသွားတယ်။ ၆  ရှောလုနဲ့ သားတော် သုံးယောက်အပြင် သူနဲ့အတူပါလာတဲ့ လူတွေအားလုံး သေဆုံးသွားတယ်။+ ၇  ချိုင့်ဝှမ်းမှာရှိတဲ့ အစ္စရေးတွေလည်း စစ်သည်တွေ ထွက်ပြေးတာ၊ ရှောလုနဲ့ သားတော်တွေ တိုက်ပွဲကျသွားတာတွေကို ကြားသိတဲ့အခါ ကိုယ့်မြို့ကိုယ့်ရွာကို စွန့်ပြီး ထွက်ပြေးရတော့တယ်။ အဲဒီအခါ ဖိလိတိလူတွေက အဲဒီမြို့တွေမှာ ဝင်နေကြတယ်။ ၈  နောက်တစ်နေ့မှာ ဖိလိတိလူတွေက ကျဆုံးသူတွေရဲ့ ပစ္စည်းတန်ဆာတွေကို ချွတ်ယူဖို့ လာတဲ့အခါ ဂိလဗောတောင်ပေါ်မှာ ရှောလုနဲ့ သားတော်တွေ သေဆုံးနေတာကို တွေ့တယ်။+ ၉  ဒါနဲ့ ရှောလုရဲ့ ခေါင်းကို ဖြတ်ပြီး သူ့ချပ်ဝတ်တန်ဆာတွေကို ချွတ်ယူကြတယ်။ ပြီးတော့ ဖိလိတိတစ်ပြည်လုံးကို တမန်တွေ လွှတ်ပြီး သူတို့ရဲ့ ဘုရားကျောင်းတွေမှာ၊+ လူတွေအလယ်မှာ သတင်းပျံ့သွားအောင် လုပ်တယ်။ ၁၀  အဲဒီနောက် ရှောလုရဲ့ ချပ်ဝတ်တန်ဆာကို သူတို့ရဲ့ ဘုရားကျောင်းမှာ ထားပြီး ခေါင်းကိုတော့ ဒါဂုန်ဘုရားကျောင်းမှာ ချိတ်ဆွဲထားလိုက်တယ်။+ ၁၁  ရှောလုကို ဖိလိတိလူတွေ အဲဒီလိုလုပ်လိုက်မှန်း ဂိလဒ်ပြည်၊ ယာဗက်မြို့သားတွေ+  ကြားတဲ့အခါ၊+ ၁၂  စစ်သည်တွေက ရှောလုနဲ့ သားတော်တွေရဲ့ အလောင်းကို သွားသယ်ပြီး ယာဗက်မြို့ကို ယူလာကြတယ်။ အရိုးတွေကို  ယာဗက်မြို့မှာရှိတဲ့ အပင်ကြီးအောက်မှာ  မြှုပ်လိုက်တယ်။+ ပြီးတော့ ခုနစ်ရက် အစာရှောင်ကြတယ်။ ၁၃  ရှောလုဟာ  ယေဟောဝါရဲ့စကားကို မနာခံဘဲ ယေဟောဝါကို သစ္စာဖောက်တဲ့အတွက်၊+  နတ်ကတော်ကို တိုင်ပင်မေးမြန်းတဲ့အတွက် သေဆုံးခဲ့ရတယ်။+ ၁၄  သူက ယေဟောဝါကို မမေးမြန်းခဲ့ဘူး။ ဒါကြောင့် ဘုရားသခင်က သူ့ကို အဆုံးစီရင်ပြီး ထီးနန်းကို ယေရှဲရဲ့သား ဒါဝိဒ်ဆီ လွှဲပြောင်းပေးလိုက်တယ်။+

အောက်ခြေမှတ်ချက်များ