၁ ရာဇဝင်ချုပ် ၁၅:၁-၂၉
၁၅ ဒါဝိဒ်က နန်းဆောင်တွေကို ဒါဝိဒ်မြို့မှာ ထပ်ပြီးတည်ဆောက်တယ်။ စစ်မှန်တဲ့ဘုရားသခင်ရဲ့ သေတ္တာတော်ထားဖို့ နေရာပြင်ဆင်ပြီး တဲတစ်ဆောင် တည်ဆောက်တယ်။+
၂ အဲဒီနောက် ဒါဝိဒ်က “ယေဟောဝါရဲ့ သေတ္တာတော်ကို ထမ်းဖို့၊ ယေဟောဝါရှေ့မှာ အမြဲအမှုဆောင်ဖို့ ရွေးချယ်ခံရသူတွေဟာ လေဝိအမျိုးသားတွေပဲ။ ဒါကြောင့် သေတ္တာတော်ကို လေဝိအမျိုးသားတွေကလွဲလို့ ဘယ်သူမှ မသယ်ရဘူး”+ ဆိုပြီး အမိန့်ပေးတယ်။
၃ ပြီးတော့ သူပြင်ဆင်ထားတဲ့ နေရာဆီ ယေဟောဝါရဲ့ သေတ္တာတော်ကို သယ်လာဖို့ အစ္စရေးအားလုံးကို ဂျေရုဆလင်မြို့မှာ စုရုံးလိုက်တယ်။+
၄ ဒါဝိဒ်စုရုံးလိုက်တဲ့ အာရုန်ရဲ့သားမြေးတွေနဲ့+ လေဝိအမျိုးသားတွေကတော့၊+
၅ ကောဟတ်အမျိုးသားတွေထဲမှာ ခေါင်းဆောင်ဥရေလနဲ့ ဆွေမျိုးသားချင်း ၁၂၀၊
၆ မေရာရိရဲ့ သားမြေးတွေထဲမှာ ခေါင်းဆောင်အသာယနဲ့+ ဆွေမျိုးသားချင်း ၂၂၀၊
၇ ဂေရရှုံအမျိုးသားတွေထဲမှာ ခေါင်းဆောင်ယောလနဲ့+ ဆွေမျိုးသားချင်း ၁၃၀၊
၈ ဧလိဇာဖန်ရဲ့+ သားမြေးတွေထဲမှာ ခေါင်းဆောင်ရှေမာယနဲ့ ဆွေမျိုးသားချင်း ၂၀၀၊
၉ ဟေဗြုန်ရဲ့သားမြေးတွေထဲမှာ ခေါင်းဆောင်ဧလျေလနဲ့ ဆွေမျိုးသားချင်း ၈၀၊
၁၀ သြဇေလရဲ့+ သားမြေးတွေထဲမှာ ခေါင်းဆောင်အမိနဒပ်နဲ့ ဆွေမျိုးသားချင်း ၁၁၂ ယောက်တို့ဖြစ်တယ်။
၁၁ ဒါ့အပြင် ဒါဝိဒ်က ပုရောဟိတ်တွေဖြစ်တဲ့ ဇာဒုတ်နဲ့+ အဗျာသာ၊+ လေဝိအမျိုးသားတွေဖြစ်တဲ့ ဥရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျလေ၊ အမိနဒပ်တို့ကို ခေါ်ပြီး၊
၁၂ “ခင်ဗျားတို့ဟာ လေဝိအမျိုးရဲ့ ဆွေမျိုးစုခေါင်းဆောင်တွေပဲ။ ကိုယ်တိုင်ရော၊ ဆွေမျိုးသားချင်းတွေရော ကိုယ်ကိုသန့်ရှင်းအောင် လုပ်ပြီးတဲ့နောက် အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့ သေတ္တာတော်ကို ကျုပ်ပြင်ဆင်ထားတဲ့ နေရာဆီ သယ်လာခဲ့ပါ။
၁၃ အရင်တစ်ခေါက်တုန်းက သေတ္တာတော်ကို ခင်ဗျားတို့ ထမ်းပြီး မသယ်ခဲ့ဘူး။+ နည်းမှန်လမ်းမှန်သိအောင် မမေးမြန်းမိလို့+ ကျုပ်တို့ကို ယေဟောဝါဘုရား အမျက်ထွက်ခဲ့တယ်”+ လို့ပြောတယ်။
၁၄ ဒါနဲ့ ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေလည်း အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့ သေတ္တာတော်ကို သယ်လာဖို့ ကိုယ်ကို သန့်ရှင်းစေကြတယ်။
၁၅ အဲဒီနောက် လေဝိအမျိုးသားတွေက မောရှေကတစ်ဆင့် ယေဟောဝါ မိန့်မှာထားတဲ့အတိုင်း ဘုရားသခင့် သေတ္တာတော်ကို ထမ်းပိုးတွေနဲ့ ထမ်းကြတယ်။+
၁၆ ကြိုးတပ်တူရိယာတွေ၊ စောင်းတွေ၊+ လင်းကွင်းတွေ+ တီးခတ်ရင်း တပျော်တပါး သီဆိုဖို့ သီချင်းသည်တွေကို တာဝန်ပေးပါဆိုပြီး လေဝိအနွယ်ရဲ့ ခေါင်းဆောင်တွေကို ဒါဝိဒ် မှာထားတယ်။
၁၇ ဒါနဲ့ လေဝိအမျိုးသားတွေလည်း ယောလရဲ့သား ဟေမန်၊+ ဆွေမျိုးသားချင်းထဲက ဗေရခိရဲ့သား အာသပ်၊+ ဆွေမျိုးသားချင်းထဲက မေရာရိအမျိုးသားတွေမှာ ကုရှာယရဲ့သား ဧသန်+ တို့ကို တာဝန်ပေးတယ်။
၁၈ သူတို့နဲ့အတူ ဒုတိယအုပ်စုအဖြစ်+ ဆွေမျိုးသားချင်းတွေထဲက ဇာခရိ၊ ဗာနိ၊ ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥနိ၊ ဧလျာဘ၊ ဗေနာယ၊ မာသေယ၊ မာတသိ၊ ဧလိဖလေ၊ မိတ်နေယ၊ တံခါးစောင့်တွေဖြစ်တဲ့ သြဗက်ဧဒုံနဲ့ ယေယေလတို့ကို တာဝန်ပေးတယ်။
၁၉ သီချင်းသည် ဟေမန်၊+ အာသပ်၊+ ဧသန်တို့က ကြေးနီလင်းကွင်းကို တီးရတယ်။+
၂၀ ဇာခရိ၊ အဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥနိ၊ ဧလျာဘ၊ မာသေယ၊ ဗေနာယတို့က အာလမုတ်သံ*+ ညှိထားတဲ့ ကြိုးတပ်တူရိယာတွေကို တီးခတ်ရတယ်။
၂၁ မာတသိ၊+ ဧလိဖလေ၊ မိတ်နေယ၊ သြဗက်ဧဒုံ၊ ယေယေလ၊ အာဇဇိတို့က ရှေမိနိတ်သံ*+ ညှိထားတဲ့ စောင်းတွေကို တီးရတဲ့အပြင် ဂီတမှူးလည်း လုပ်ရတယ်။
၂၂ လေဝိအကြီးအကဲ ခေနနိက+ သေတ္တာတော် သယ်ဆောင်တာကို ကြီးကြပ်ပေးရတယ်။ သူက ဒီအလုပ်ကို ကျွမ်းကျင်တယ်။
၂၃ ဗေရခိနဲ့ ဧလကာနက သေတ္တာတော်ကို စောင့်ကြပ်ရတဲ့ တံခါးစောင့်တွေ ဖြစ်တယ်။
၂၄ ပုရောဟိတ် ရှေဗနိ၊ ယောရှာဖတ်၊ နာသနေလ၊ အာမသဲ၊ ဇာခရိ၊ ဗေနာယ၊ ဧလျာဇာတို့က ဘုရားသခင်ရဲ့ သေတ္တာတော်ရှေ့မှာ ခရာတွေကို အကျယ်ကြီး မှုတ်ရတယ်။+ သြဗက်ဧဒုံနဲ့ ယေဟိလည်း သေတ္တာတော်ကို စောင့်ကြပ်ရတဲ့ တံခါးစောင့်တွေ ဖြစ်တယ်။
၂၅ အဲဒီနောက် ဒါဝိဒ်နဲ့ အစ္စရေးအကြီးအကဲတွေ၊ လူတစ်ထောင်အုပ်တွေက ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာကို သြဗက်ဧဒုံရဲ့အိမ်ကနေ+ သယ်လာဖို့ ဝမ်းသာအားရ သွားကြတယ်။+
၂၆ ယေဟောဝါဘုရားက ပဋိညာဉ်သေတ္တာ ထမ်းတဲ့ လေဝိအမျိုးသားတွေကို ကူညီပေးတဲ့အတွက် သူတို့က နွားထီးပျို ခုနစ်ကောင်နဲ့ သိုးထီး ခုနစ်ကောင်ကို ပူဇော်ကြတယ်။+
၂၇ ဒါဝိဒ်က ပိတ်ချောလက်ပြတ်ဝတ်ရုံကို ဝတ်ထားတယ်။ သေတ္တာထမ်းတဲ့ လေဝိအမျိုးသားတွေ၊ သီချင်းသည်တွေ၊ သေတ္တာသယ်ဆောင်ရေးနဲ့ သီချင်းသည်တွေကို ဦးဆောင်ရတဲ့ ခေနနိလည်း အဲဒီအတိုင်း ဝတ်ဆင်ထားကြတယ်။ ဒါဝိဒ်က ချည်ထည်သင်တိုင်းကိုပါ ဝတ်ဆင်ထားတယ်။+
၂၈ အစ္စရေးအားလုံး တံပိုး၊ ခရာ၊+ လင်းကွင်း၊ ကြိုးတပ်တူရိယာတွေ၊ စောင်းတွေကို အကျယ်ကြီး တီးမှုတ်ပြီး+ တပျော်တပါး ဟစ်ကြွေးရင်း ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာကို သယ်လာကြတယ်။+
၂၉ ဒါဝိဒ်မြို့ထဲ+ ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာ ဝင်လာတဲ့အခါ ရှောလုရဲ့သမီး မိခါလက+ ပြတင်းပေါက်ကနေ ကြည့်နေတယ်။ ဒါဝိဒ်မင်း ကခုန်ပြီး ပွဲခံနေတာကို မြင်တော့ သူ့စိတ်ထဲမှာ အထင်သေးသွားတယ်။+