၁ ရာဇဝင်ချုပ် ၁၈:၁-၁၇
၁၈ နောက်ပိုင်းမှာ ဒါဝိဒ်က ဖိလိတိလူတွေကို တိုက်ခိုက်နှိမ်နှင်းပြီး ဂါသမြို့နဲ့+ ပတ်ဝန်းကျင်မြို့ငယ်တွေကို သိမ်းယူလိုက်တယ်။+
၂ မောဘလူတွေကိုလည်း အနိုင်ရတဲ့အတွက်+ မောဘလူတွေဟာ ဒါဝိဒ်ရဲ့ လက်အောက်ခံတွေ ဖြစ်လာပြီး ဆက်ကြေးပေးရတယ်။+
၃ ဇောဘဘုရင်+ ဟာဒဒေဇာက+ အာဏာပြန်ရအောင် လုပ်ဖို့ ယူဖရေးတီး မြစ်ဝှမ်းဒေသကို သွားတဲ့အခါ+ ဒါဝိဒ်က ဟာမတ်မြို့မှာ+ သူ့ကိုနှိမ်နင်းပြီး၊
၄ မြင်းရထား ၁,၀၀၀၊ မြင်းစီးသူရဲ ၇,၀၀၀၊ ခြေလျင်တပ်သား ၂၀,၀၀၀ ကို ဖမ်းခေါ်လာတယ်။+ မြင်းအကောင် ၁၀၀ ကို ချန်ထားပြီး ကျန်တဲ့မြင်းအားလုံးကို တံကောက်ကြော ဖြတ်လိုက်တယ်။+
၅ ဇောဘဘုရင် ဟာဒဒေဇာကို စစ်ကူဖို့ ဒမတ်စကတ်မြို့သား ဆီးရီးယားလူတွေ ရောက်လာတဲ့အခါ ဒါဝိဒ်က ဆီးရီးယားတပ်သား ၂၂,၀၀၀ ကိုနှိမ်နင်းပြီး၊+
၆ ဆီးရီးယားပြည်၊ ဒမတ်စကတ်မြို့မှာ မြို့စောင့်တပ်တွေ ချထားလိုက်တယ်။ ဒါကြောင့် ဆီးရီးယားတွေဟာ ဒါဝိဒ်ရဲ့လက်အောက်ခံတွေ ဖြစ်လာပြီး ဆက်ကြေးပေးရတယ်။ ယေဟောဝါက ဒါဝိဒ်စစ်ချီသွားတဲ့အခါတိုင်း အောင်ပွဲခံစေတယ်။+
၇ ဒါဝိဒ်က ဟာဒဒေဇာရဲ့ မင်းမှုထမ်းတွေဆီကနေ ရွှေဒိုင်းဝိုင်းတွေကို သိမ်းယူပြီး ဂျေရုဆလင်မြို့ကို သယ်လာတယ်။
၈ ဟာဒဒေဇာပိုင်တဲ့ တိဗဟတ်မြို့နဲ့ ခုန်မြို့ကနေ ကြေးနီအမြောက်အမြားကိုလည်း သိမ်းယူခဲ့တယ်။ အဲဒီကြေးနီတွေကိုသုံးပြီး ရှောလမုန်က ကြေးနီရေကန်၊+ တိုင်တွေ၊ ကြေးနီအသုံးအဆောင်တွေကို+ လုပ်ခဲ့တာ။
၉ ဇောဘဘုရင် ဟာဒဒေဇာရဲ့+ တပ်မကြီးတစ်ခုလုံးကို ဒါဝိဒ် ချေမှုန်းလိုက်တဲ့အကြောင်း ဟာမတ်ဘုရင်တောအိ ကြားတဲ့အခါ၊+
၁၀ သားတော်ဟဒေါရံကို ဒါဝိဒ်မင်းဆီ ချက်ချင်း စေလွှတ်တယ်။ ဟာဒဒေဇာကို တိုက်ခိုက်အနိုင်ယူတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောပြီး နှုတ်ခွန်းဆက်ခိုင်းတယ်။ (ဟာဒဒေဇာက တောအိကို မကြာခဏ တိုက်ခိုက်ဖူးတယ်။) ဟဒေါရံက ရွှေထည်ငွေထည်၊ ကြေးထည်တွေကိုလည်း ယူလာပေးတယ်။
၁၁ ဒါဝိဒ်မင်းက အဲဒီပစ္စည်းတွေအပြင် ဧဒုံ၊ မောဘ၊ အမ္မုန်၊+ ဖိလိတိနဲ့+ အာမလက်လူမျိုး+ တွေဆီကနေ သိမ်းယူလာတဲ့ ရွှေငွေတွေကိုလည်း ယေဟောဝါအတွက် ဆက်ကပ်လိုက်တယ်။+
၁၂ ဇေရုယာရဲ့သား+ အဘိရှဲက+ ဆားချိုင့်ဝှမ်းမှာ ဧဒုံလူ ၁၈,၀၀၀ ကို နှိမ်နင်းတယ်။+
၁၃ ဧဒုံပြည်မှာလည်း မြို့စောင့်တပ်တွေ ချထားလိုက်တဲ့အတွက် ဧဒုံပြည်သားအားလုံး ဒါဝိဒ်ရဲ့လက်အောက်ခံတွေ ဖြစ်လာတယ်။+ ယေဟောဝါက ဒါဝိဒ် စစ်ချီသွားတဲ့အခါတိုင်း အောင်ပွဲခံစေတယ်။+
၁၄ အစ္စရေးတစ်ပြည်လုံးကို ဒါဝိဒ် အုပ်စိုးတယ်။+ ပြည်သူပြည်သားအားလုံးကို တရားမျှတစွာ၊ ဖြောင့်မတ်စွာ စီမံအုပ်ချုပ်တယ်။+
၁၅ ဇေရုယာရဲ့သား ယွာဘက ဗိုလ်ချုပ်၊+ အဟိလုတ်ရဲ့သား ယောရှဖတ်က+ အတွင်းဝန်၊
၁၆ အဟိတုပ်ရဲ့သား ဇာဒုတ်နဲ့ အဗျာသာရဲ့သား အဟိမလက်က ပုရောဟိတ်၊ ရှဘာရှက စာရေးတော်ကြီး ဖြစ်တယ်။
၁၇ ယောယဒရဲ့သား ဗေနာယက ခေရသိလူနဲ့+ ပေလသိလူတွေကို+ အုပ်ချုပ်ရတယ်။ ဒါဝိဒ်ရဲ့သားတွေကတော့ ဘုရင်ပြီးရင် ရာထူးအကြီးဆုံးပဲ။