၁ ရာဇဝင်ချုပ် ၂၀:၁-၈

  • ရဗာမြို့ကို သိမ်းပိုက် (၁-၃)

  • ဖိလိတိလူထွားကြီးတွေ အသတ်ခံရ (၄-၈)

၂၀  နှစ်ဆန်းပိုင်းမှာ ဘုရင်တွေ စစ်တိုက်ထွက်ချိန် ရောက်တဲ့အခါ ယွာဘက+ စစ်တပ်ကို ဦးဆောင်ပြီး အမ္မုန်ပြည်ကို  တိုက်ခိုက်ဖျက်ဆီးတယ်။ ဒါဝိဒ်ကတော့ ဂျေရုဆလင်မြို့မှာ နေရစ်ခဲ့တယ်။+ ယွာဘက ရဗာမြို့ကို+ ချီတက်လာပြီး  ဝိုင်းထားတယ်။  ပြီးတော့ မြို့ကို တိုက်ခိုက်ချေမှုန်းတယ်။+ ၂  အဲဒီနောက် ဒါဝိဒ်က မာလကုံနတ်ရုပ်တုရဲ့ သရဖူကို ချွတ်ယူတယ်။ ရွှေအလေးချိန် တစ်တဲလင့်* ရှိပြီး ကျောက်မျက်တွေ စီခြယ်ထားတဲ့ အဲဒီသရဖူကို ဒါဝိဒ်ရဲ့ခေါင်းပေါ် ဆောင်းပေးကြတယ်။ ဒါဝိဒ်က အဲဒီမြို့ကနေ တိုက်ရာပါဥစ္စာအများကြီး ယူလာတယ်။+ ၃  မြို့သားတွေကို ဖမ်းခေါ်လာပြီး ကျောက်ဖြတ်တဲ့အလုပ်၊ အသွားထက်တဲ့ သံထည်ကိရိယာတွေ၊ ပုဆိန်တွေ သုံးရတဲ့အလုပ်တွေ လုပ်ခိုင်းတယ်။+ တခြားအမ္မုန်မြို့သားတွေကိုလည်း အဲဒီအလုပ်တွေ လုပ်ခိုင်းတယ်။ နောက်ဆုံး၊ ဒါဝိဒ်နဲ့ စစ်သည်အားလုံး ဂျေရုဆလင်မြို့ကို ပြန်လာကြတယ်။ ၄  အဲဒီနောက် ဂေဇာမြို့မှာ ဖိလိတိလူတွေနဲ့ စစ်ဖြစ်တယ်။ ဒီတစ်ချီမှာတော့ ဟုရှအမျိုးသား သိဗေခဲက+ ရေဖိမ်လူမျိုးကနေ+ ဆင်းသက်လာသူ သာဖကို သတ်လိုက်တယ်။ ဒါနဲ့ ဖိလိတိတွေ စစ်ရှုံးသွားတယ်။ ၅  နောက်ပိုင်းမှာ ဖိလိတိလူတွေနဲ့ စစ်ဖြစ်ပြန်တော့ ယာအိရရဲ့သား ဧလဟာနန်က ဂါသမြို့သား ဂေါလျတ်နဲ့+ ညီအစ်ကိုတော်တဲ့ လာခမိကို သတ်လိုက်တယ်။ လာခမိရဲ့လှံရိုးက ရက်ကန်းလိပ်တုံးလောက် ရှိတယ်။+ ၆  ဂါသမြို့မှာ+ နောက်တစ်ကြိမ် စစ်ဖြစ်ပြန်တယ်။ အဲဒီမြို့မှာ ရေဖိမ်လူမျိုးကနေ ဆင်းသက်လာတဲ့ လူထွားကြီးတစ်ယောက်ရှိတယ်။+ သူ့လက်တစ်ဖက်မှာ လက်ချောင်း ၆ ချောင်းစီ၊ ခြေတစ်ဖက်မှာ ခြေချောင်း ၆ ချောင်းစီ၊ စုစုပေါင်း ၂၄ ချောင်းရှိတယ်။+ ၇  သူက အစ္စရေးတွေကို မပြတ်စိန်ခေါ်နေတဲ့အတွက်+ ဒါဝိဒ်ရဲ့အစ်ကို ရှိမာရဲ့+ သား ယောနသန်က သတ်လိုက်တယ်။ ၈  သူတို့ဟာ  ရေဖိမ်လူမျိုးကနေ+ ဆင်းသက်လာတဲ့  ဂါသမြို့သားတွေပဲ။+ ဒါဝိဒ်နဲ့ မင်းမှုထမ်းတွေရဲ့ လက်ချက်ကြောင့် သူတို့ ကျဆုံးသွားကြတယ်။

အောက်ခြေမှတ်ချက်များ

တစ်တဲလင့်က ၃၄.၂ ကီလိုနဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။