၁ ရာဇဝင်ချုပ် ၂၂:၁-၁၉

  • ဗိမာန်​တော်​အတွက် ဒါဝိဒ်ရဲ့​ပြင်​ဆင်​မှု (၁-၅)

  • ရှော​လ​မုန်​ကို ဒါဝိဒ် ညွှန်​ကြား (၆-၁၆)

  • ရှော​လ​မုန်​ကို ဝိုင်း​ကူ​ဖို့ မှူး​မတ်​တွေ​ကို မှာ​ကြား (၁၇-၁၉)

၂၂  အဲဒီ​နောက်  ဒါဝိဒ်​က   “ဒီ​နေ​ရာ​မှာ   စစ်​မှန်​တဲ့​ဘုရား​သခင် ယေဟော​ဝါ​ရဲ့ အိမ်​တော် ရှိ​ရ​မယ်။ ဒီ​နေ​ရာ​မှာ​တော့ အစ္စရေး​တွေ​ရဲ့ မီး​ရှို့​ပူဇော်​ရာ​ပလ္လင် ရှိ​ရ​မယ်”+ လို့​ပြော​တယ်။ ၂  ပြီး​တော့ ဒါဝိဒ်​က အစ္စရေး​ပြည်​မှာ​နေ​တဲ့ တိုင်း​တစ်ပါး​သား​တွေ​ကို+ ခေါ်​ပြီး  ဘုရား​သခင့်​အိမ်​တော်  တည်​ဆောက်​ရာ​မှာ သုံး​ဖို့ ကျောက်​တွေ​ကို ဖြတ်​ရ၊ ထု​ဆစ်​ရ​တဲ့ ကျောက်​ဆစ်​သမား​တွေ​အဖြစ် ခန့်​လိုက်​တယ်။+ ၃  မချိန်​တွယ်​နိုင်​လောက်​အောင် များ​တဲ့ ကြေး​နီ​တွေ​အပြင် တံခါး​မှာ​သုံး​မယ့် သံ​ချောင်း​တွေ၊ ပတ္တာတွေ​အတွက် သံ​တွေ​အများ​ကြီး​ကို​လည်း စု​ဆောင်း​ထား​တယ်။+ ၄  ဆိုင်​ဒုန်​လူ​တွေ​နဲ့+ တိုင်​ရာ​လူ​တွေ​က+ ဒါဝိဒ်​ဆီ သစ်​က​တိုး​သား​တွေ+ အများ​ကြီး ယူ​လာ​ပေး​တဲ့​အတွက် သစ်​က​တိုး​သား​တွေ​လည်း တောင်​ပုံ​ရာ​ပုံ ဖြစ်​နေ​တယ်။ ၅  ဒါဝိဒ်​က “ယေဟောဝါ​ဘုရား​အတွက် ငါ့​သား​ရှော​လ​မုန် ဆောက်​ရ​မယ့် အိမ်​တော်​ဟာ သိပ်​ကို​ခမ်း​နား​ထည်​ဝါ​ပြီး+ လှ​ပတင့်​တယ်​ရ​မယ်။+ ဒါ​မှ တိုင်း​နိုင်​ငံ​အသီး​သီး​မှာ အိမ်​တော်​ရဲ့ ဂုဏ်​သတင်း ကျော်​စော​လိမ့်​မယ်။+ ဒါ​ပေမဲ့ ရှော​လ​မုန်​ဟာ အသက်​က​လည်း​ငယ်၊ အတွေ့​အကြုံ​လည်း မရှိ​တော့+ သူ့​အတွက် အသင့်​ပြင်​ထား​ပေး​မှ ဖြစ်​မယ်” ဆို​ပြီး မသေဆုံး​ခင်​မှာ လို​အပ်​တဲ့​ပစ္စည်းတွေ အများ​ကြီး ပြင်​ဆင်​ပေး​ခဲ့​တယ်။ ၆  ဒါဝိဒ်​က သား​တော်​ရှော​လ​မုန်​ကို ခေါ်​ပြီး အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​အတွက် အိမ်​တော်​တည်​ဆောက်​ဖို့ ညွှန်ကြား​တယ်။ ၇  ပြီး​တော့ ရှော​လ​မုန်​ကို “ငါ​ကိုးကွယ်​တဲ့​ဘုရား ယေဟောဝါ​ရဲ့ နာ​မတော်​အတွက် အိမ်​တော်​တည်​ဆောက်​ဖို့ ငါ​ဆန္ဒ​ပြင်း​ပြခဲ့​တယ်။+ ၈  ဒါ​ပေမဲ့ ယေဟောဝါ​ဘုရား​က ‘မင်း​ဟာ တိုက်​ပွဲ​ကြီး​တွေ ဆင်​နွှဲ​ပြီး လူ​အမြောက်​အမြား သတ်​ခဲ့​တယ်။ ငါ့​ရှေ့မှာ၊ မြေကြီး​ပေါ်​မှာ လူ​အမြောက်​အမြား သတ်​ခဲ့​တဲ့​သူ​ဖြစ်​လို့ ငါ့​နာ​မည်​အတွက် အိမ်​တော်​ကို မင်း မဆောက်​ရ​ဘူး။+ ၉  ဒါ​ပေမဲ့ မင်း​ရဲ့​သား​တစ်​ယောက်​ဟာ+ ငြိမ်း​ချမ်း​တဲ့​သူ ဖြစ်​လိမ့်​မယ်။ သူ့​လက်​ထက်​မှာ အစ္စရေး​ပြည်​ကို ငါ​ငြိမ်သက်​အေး​ချမ်း​စေ​ပြီး+ ပတ်​ဝန်း​ကျင် ရန်​သူ​တွေ​ရဲ့ ဘေး​ရန်​က​နေ ကင်း​ဝေး​စေ​မယ်။+ ဒါ​ကြောင့် သူ့​ကို ရှော​လ​မုန်*+ လို့​ခေါ်​ရ​မယ်။ ၁၀  သူက​ ငါ့​နာမည်​အတွက်  အိမ်​တော်  တည်​ဆောက်​လိမ့်​မယ်။+ သူ​ဟာ ငါ့​သား​ဖြစ်​လာ​ပြီး  ငါ​ဟာ   သူ့​ဖခင်​ဖြစ်​လာ​မယ်။+ အစ္စရေး​ပြည်​မှာ သူ့​ရာ​ဇ​ပလ္လင်​ကို ထာဝ​စဉ်  ငါ​တည်​မြဲစေ​မယ်’+  လို့​မိန့်မှာ​ထား​တယ်။ ၁၁  “ဒါ​ကြောင့် ငါ့​သား၊ မင်း​နဲ့​အတူ ယေဟောဝါ​ဘုရား ရှိ​ပါ​စေ။ မင်း​နဲ့​ပတ်​သက်​ပြီး ယေဟောဝါ​ဘုရား ပြော​ခဲ့​တဲ့အတိုင်း အိမ်​တော်​ကို အောင်​မြင်​စွာ  တည်​ဆောက်​နိုင်​ပါ​စေ။+ ၁၂  အစ္စ​ရေး​တွေ​ကို မင်း​အုပ်​ချုပ်​တဲ့​အခါ မြော်​မြင်​ချင့်​ချိန်​နိုင်​စွမ်း​နဲ့ သိ​နား​လည်​နိုင်​စွမ်း​ကို​လည်း ယေဟောဝါ ပေး​ပါ​စေ။+ ဒါ​မှ ယေဟောဝါ​ဘုရား​ရဲ့ ပညတ်​ကို မင်း​လိုက်​နာ​နိုင်​မယ်။+ ၁၃  မော​ရှေ​က​တစ်ဆင့် အစ္စရေး​တွေ​ကို ယေဟောဝါ​ပေး​ခဲ့​တဲ့ စည်း​မျဉ်း​တွေ၊+ တရား​စီရင်​ချက်​တွေ​ကို ဂရု​တ​စိုက် လိုက်​နာ​မယ်​ဆို​ရင် မင်း အောင်​မြင်​မယ်။+ ဒါ​ကြောင့် ရဲ​စွမ်း​သတ္တိ​ရှိ​ပါ။ မကြောက်​နဲ့။+ ၁၄  ယေဟောဝါ​ရဲ့ အိမ်​တော်​အတွက် ရွှေ​တဲ​လင့်* ၁၀၀,၀၀၀၊ ငွေ​တဲ​လင့် ၁,၀၀၀,၀၀၀၊ မချိန်​နိုင်​လောက်​အောင် များ​တဲ့ ကြေး​နီ​နဲ့​သံ​တွေ​ကို+ ငါ​အပင်​ပန်း​ခံ​ပြီး စု​ဆောင်း​ထား​တယ်။ သစ်​သား​တွေ၊ ကျောက်​တွေ​လည်း+ အဆင်​သင့်​ပဲ။ ဒါ​ပေမဲ့ မင်း ထပ်​ဖြည့်​ရ​ဦး​မယ်။ ၁၅  မင်း​ဆီ​မှာ  ကျောက်​ဆစ်​သမား​တွေ၊+ ပန်း​ရန်​သမား​တွေ၊ လက်​သမား​တွေ အများ​ကြီး​ပဲ။ အတတ်​ပညာ​ရှင်​မျိုး​စုံ​လည်း ရှိ​တယ်။+ ၁၆  ရွှေ၊ ငွေ၊ ကြေး​နီ၊ သံ​တွေ​လည်း တောင်​ပုံ​ရာ​ပုံ ရှိ​နေ​တာ​ပဲ။+ ဒါ​ကြောင့် လုပ်ငန်း​စ​ပေတော့။ မင်း​နဲ့​အတူ ယေဟောဝါ​ဘုရား ရှိ​ပါ​စေ”+ လို့ ပြော​တယ်။ ၁၇  ဒါဝိဒ်​က သား​တော် ရှော​လ​မုန်​ကို ဝိုင်း​ကူ​ကြ​ဖို့ အစ္စရေး​မှူး​မတ်​တွေ​ကို မှာ​ကြား​ပြီး၊ ၁၈  “ယေဟောဝါ​ဘုရား​က မင်း​တို့​နဲ့​အတူ ရှိ​တယ်၊ အရပ်​ရပ်​မှာ​လည်း ငြိမ်သက်​အေး​ချမ်း​စေ​ခဲ့​တယ်။ ယေဟောဝါ​က ဒီ​ပြည်​သူ​ပြည်​သား​တွေ​ကို ငါ့​လက်​ထဲ အပ်​တဲ့​အတွက် ကိုယ်​တော့်​ရှေ့၊  လူမျိုး​တော်​ရှေ့​မှာ ဒီပြည်​ကို အနိုင်​ရ​ခဲ့​ပြီ။ ၁၉  အခု ယေဟောဝါ​ဘုရား​ကို  စိတ်​စွမ်း​ရှိ​သမျှ၊ ကိုယ်​စွမ်း​ရှိ​သမျှ ဝတ်​ပြု​ဖို့ စိတ်​ပိုင်း​ဖြတ်​ထား​ပါ။+ ယေဟောဝါ​ရဲ့ သန့်​ရှင်း​ရာ​ဌာန​တော်​ကို စ​ပြီး​တည်​ဆောက်​ကြ​တော့။+ ဒါ​မှ ယေဟောဝါ​ရဲ့ ပဋိ​ညာဉ်​သေတ္တာ​နဲ့ ဘုရား​သခင်​ရဲ့ သန့်​ရှင်း​တဲ့ အသုံး​အဆောင်​တွေ​ကို+ ယေဟောဝါ​ရဲ့ နာ​မတော်​အတွက် ဆောက်​ထား​တဲ့ အိမ်​တော်​ထဲ သွင်း​ထား​နိုင်​မှာ”+ လို့​ပြော​တယ်။

အောက်ခြေမှတ်ချက်များ

“ငြိမ်း​ချမ်း​မှု” လို့​အဓိပ္ပာယ်​ရှိ​တဲ့ ဟီ​ဘ​ရူး​စကား​လုံး​က​နေ ဆင်း​သက်​လာ။
တစ်​တဲ​လင့်​က ၃၄.၂ ကီ​လို​နဲ့​ညီ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။