၁ ရှမွေလ ၃၀:၁-၃၁
၃၀ သုံးရက်ကြာတော့ ဒါဝိဒ်နဲ့ သူ့လူတွေ ဇိကလတ်မြို့ကို+ ပြန်ရောက်လာတယ်။ အာမလက်လူတွေက+ တောင်ဘက်နယ်မြေနဲ့ ဇိကလတ်မြို့ကို ဝင်တိုက်ပြီး မြို့ကို မီးရှို့ခဲ့တယ်။
၂ မြို့ထဲမှာရှိတဲ့ မိန်းမတွေ၊+ ကလေးလူကြီးတွေပါမကျန် အားလုံးကို မသတ်ဘဲ ဖမ်းခေါ်သွားတယ်။
၃ ဒါဝိဒ်နဲ့ သူ့လူတွေ ရောက်လာတော့ မြို့ဟာ မီးလောင်ကျွမ်းနေပြီး သားမယားတွေကိုလည်း ဖမ်းခေါ်သွားတယ်ဆိုတာ သိလိုက်ရတယ်။
၄ ဒါကြောင့် ဒါဝိဒ်နဲ့ သူ့လူတွေ အားကုန်တဲ့အထိ အကြီးအကျယ် ငိုကြွေးကြတယ်။
၅ ဒါဝိဒ်ရဲ့ ဇနီးနှစ်ယောက်ဖြစ်တဲ့ ယေဇရေလမြို့သူ အဟိနောင်နဲ့ ကရမေလမြို့သား နာဗလရဲ့ဇနီးဖြစ်ဖူးတဲ့ အဘိဂဲလကိုလည်း ဖမ်းသွားတယ်။+
၆ လူတွေက သားသမီးတွေ ဆုံးရှုံးရတဲ့အတွက် စိတ်ဆိုးမာန်ဆိုးဖြစ်ပြီး ဒါဝိဒ်ကို ကျောက်ခဲနဲ့ပေါက်ဖို့ လုပ်နေလို့ ဒါဝိဒ်ခမျာ အကြီးအကျယ် စိတ်ဒုက္ခ ရောက်နေတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားရဲ့ အကူအညီနဲ့ အားတင်းထားတယ်။+
၇ ဒါဝိဒ်က အဟိမလက်ရဲ့သား ပုရောဟိတ်အဗျာသာကို+ “သင်တိုင်း ယူလာခဲ့ပါဦး”+ လို့ပြောတော့ အဗျာသာလည်း သင်တိုင်းကို ယူလာတယ်။
၈ ဒါဝိဒ်က “ဒီဓားပြတွေနောက်ကို လိုက်ရမလား၊ လိုက်ရင် မီပါ့မလား” ဆိုပြီး ယေဟောဝါကို မေးတဲ့အခါ+ “လိုက်ပါ။ ကျိန်းသေ မီလိမ့်မယ်။ လူတွေကိုရော ပစ္စည်းတွေကိုပါ ပြန်ရလိမ့်မယ်” လို့ဖြေတယ်။+
၉ ဒါဝိဒ်လည်း သူ့လူ ၆၀၀ ကိုခေါ်ပြီး ချက်ချင်း လိုက်သွားတယ်။+ ဗေသော်သဲချောင်းကို ရောက်တဲ့အခါ အဲဒီမှာ တချို့ နေရစ်ခဲ့တဲ့အတွက်၊
၁၀ လူ ၄၀၀ နဲ့အတူ ဆက်လိုက်သွားတယ်။ လူ ၂၀၀ ကတော့ ပင်ပန်းလွန်းလို့ ဗေသော်သဲချောင်းကို မဖြတ်ကူးနိုင်တော့ဘဲ နေရစ်ခဲ့ကြတယ်။+
၁၁ တောထဲမှာ အီဂျစ်လူတစ်ယောက်ကို သူတို့တွေ့တဲ့အခါ ဒါဝိဒ်ဆီ ခေါ်လာတယ်။ သူ့ကို စားစရာ၊ သောက်စရာတွေ ပေးတယ်။
၁၂ သဖန်းသီးပျဉ် တစ်ချပ်၊ စပျစ်သီးပျဉ် နှစ်ချပ်ကိုလည်း ပေးတယ်။ သုံးရက်၊ သုံးညလုံးလုံး မစား မသောက်ခဲ့ရတဲ့ အဲဒီလူဟာ အဲဒါတွေကို စားပြီးနောက် အားအင်ပြည့်လာတယ်။
၁၃ ဒါဝိဒ်က သူ့ကို “မင်းက ဘယ်သူ့လူလဲ။ ဘယ်က လာသလဲ” လို့မေးတော့ “ကျွန်တော်ဟာ အီဂျစ်လူပါ။ အာမလက်လူတစ်ယောက်ရဲ့ ကျွန်ပါ။ လွန်ခဲ့တဲ့သုံးရက်က ဖျားနာနေလို့ သခင်က ကျွန်တော့်ကို ပစ်ထားခဲ့ပါတယ်။
၁၄ ခေရသိလူမျိုးရဲ့+ နယ်မြေတောင်ပိုင်း၊ ယုဒနယ်မြေနဲ့ ကာလက်ရဲ့ နယ်မြေတောင်ပိုင်းကို+ ကျွန်တော်တို့ ဝင်တိုက်ပြီး ဇိကလတ်မြို့ကို မီးရှို့ခဲ့တယ်” လို့ဖြေတယ်။
၁၅ ဒါနဲ့ ဒါဝိဒ်က “အဲဒီဓားပြတွေဆီ လမ်းပြပေးနိုင်မလား” လို့မေးတဲ့အခါ သူက “ကျွန်တော့်ကို မသတ်ဘူး၊ သခင့်လက်ထဲ ပြန်မအပ်ပါဘူးလို့ ဘုရားသခင်ကို တိုင်တည်ပြီး သစ္စာဆိုရင်တော့ လမ်းပြပေးပါ့မယ်” လို့ဖြေတယ်။
၁၆ အဲဒီလူ လမ်းပြပေးလို့ ဒါဝိဒ်တို့ ရောက်သွားချိန်မှာ ဓားပြတွေက ဖိလိတိပြည်နဲ့ ယုဒနယ်မြေကနေ တိုက်ရာပါဥစ္စာ အများကြီး သိမ်းယူလာတဲ့အတွက် နေရာအနှံ့မှာ စားသောက်ပြီး ပွဲခံနေကြတယ်။
၁၇ ဒါဝိဒ်လည်း မိုးသောက်ယံအချိန်ကနေ ညနေပိုင်းအထိ တိုက်ခိုက်ပြီး သတ်ပစ်လိုက်တာ ကုလားအုတ်နဲ့ထွက်ပြေးတဲ့ လူ ၄၀၀ ကလွဲလို့ တစ်ယောက်မှ မကျန်ဘူး။+
၁၈ အာမလက်လူတွေ သိမ်းသွားသမျှကို ပြန်ရတယ်။+ သူ့ဇနီးနှစ်ယောက်ကိုလည်း ကယ်နိုင်ခဲ့တယ်။
၁၉ ဘာမှ အပျောက်အရှ မရှိဘူး။ သားသမီး၊ သိမ်းယူသွားတဲ့ပစ္စည်း အကြီးအငယ်တစ်ခုမကျန် ပြန်ရတယ်။+
၂၀ အာမလက်လူတွေရဲ့ သိုးနွားတွေကိုတောင် သိမ်းယူခဲ့တယ်။ သူ့လူတွေက အဲဒီသိုးနွားတွေကို ကိုယ့်တိရစ္ဆာန်အုပ်ရှေ့ကနေ မောင်းသွားပြီး “ဒါတွေဟာ ဒါဝိဒ်ရဲ့ တိုက်ရာပါဥစ္စာတွေပဲ” လို့ပြောကြတယ်။
၂၁ အဲဒီနောက် ပင်ပန်းလွန်းလို့ ဆက်မလိုက်နိုင်ဘဲ ဗေသော်သဲချောင်းနားမှာ နေရစ်ခဲ့တဲ့ လူ ၂၀၀ ဆီ ဒါဝိဒ်ပြန်ရောက်လာတယ်။+ သူတို့လည်း ဒါဝိဒ်တို့ကို ကြိုဆိုဖို့ ထွက်လာတယ်။ သူတို့အနား ရောက်လာတော့ ဒါဝိဒ်က အခြေအနေ ဘယ်လိုလဲဆိုပြီး မေးမြန်းတယ်။
၂၂ ဒါဝိဒ်နဲ့အတူ လိုက်သွားတဲ့သူတွေထဲက စိတ်ထားသေးသိမ်သူတွေ၊ ယုတ်ညံ့သူတွေကတော့ “သူတို့က ငါတို့နဲ့မှ မလိုက်တာ။ တိုက်ရာပါဥစ္စာတစ်ခုမှ မပေးနိုင်ဘူး။ ကိုယ့်သားမယားတွေကိုပဲ ခေါ်ပြီးထွက်သွားပါစေ” လို့ပြောကြတယ်။
၂၃ အဲဒီအခါ ဒါဝိဒ်က “ညီအစ်ကိုတို့၊ ယေဟောဝါဘုရားပေးတဲ့ ပစ္စည်းဥစ္စာတွေကို ဒီလိုမလုပ်ပါနဲ့။ ဘုရားသခင်က ကျွန်တော်တို့ကို ကာကွယ်စောင့်ရှောက်ပြီး ဓားပြအုပ်စုကို ကျွန်တော်တို့လက်ထဲ အပ်ပြီပဲ။+
၂၄ ခင်ဗျားတို့ ဒီလိုပြောနေတာကို ဘယ်သူမှလက်ခံမှာ မဟုတ်ဘူး။ ပစ္စည်းစောင့်ဖို့ နေရစ်သူတွေရော+ စစ်တိုက်သွားသူတွေပါ ညီတူညီမျှ ဝေစုခွဲယူရမယ်”+ လို့သတ်မှတ်ပေးလိုက်တယ်။
၂၅ သူ သတ်မှတ်လိုက်တဲ့ အဲဒီစည်းမျဉ်းကို အစ္စရေးပြည်မှာ အခုချိန်ထိ လိုက်နာနေတုန်းပဲ။
၂၆ ဒါဝိဒ်က ဇိကလတ်မြို့ကို ပြန်ရောက်တဲ့အခါ “ယေဟောဝါဘုရားရဲ့ ရန်သူတွေဆီကရခဲ့တဲ့ တိုက်ရာပါဥစ္စာတချို့ကို လက်ဆောင်ပို့လိုက်တယ်” ဆိုပြီး ယုဒနယ်မြေမှာရှိတဲ့ သူ့မိတ်ဆွေ အကြီးအကဲတွေဆီ တိုက်ရာပါ ဥစ္စာတချို့ ပို့ပေးလိုက်တယ်။
၂၇ ဗေသလမြို့၊+ နေဂပ်အရပ်က ရာမုတ်မြို့၊ ယတိရမြို့၊+
၂၈ အာရော်မြို့၊ ရှိဖမုတ်မြို့၊ ဧရှတမောမြို့၊+
၂၉ ရာခလမြို့၊ ယေရမေလအမျိုးသားတွေပိုင်တဲ့ မြို့တွေ၊+ ကေနိတ်အမျိုးသားတွေပိုင်တဲ့ မြို့တွေ၊+
၃၀ ဟောမာမြို့၊+ ဗောရာရှန်အရပ်၊ အာသက်မြို့နဲ့
၃၁ ဟေဗြုန်မြို့တွေမှာရှိတဲ့+ လူတွေ၊ သူ့လူတွေနဲ့အတူ ဝင်ထွက်သွားလာလေ့ရှိတဲ့ မြို့ရွာတွေဆီ လက်ဆောင် ပို့ပေးလိုက်တယ်။