၁ ရှမွေလ ၅:၁-၁၂

  • သေတ္တာတော် ဖိလိတိပြည်ကိုရောက် (၁-၁၂)

    • ဒါဂုန်ဘုရား အရှက်ရ (၁-၅)

    • ဖိလိတိလူတွေ ဒဏ်ခတ်ခံရ (၆-၁၂)

၅  ဖိလိတိလူတွေက စစ်မှန်တဲ့ဘုရားသခင်ရဲ့ သေတ္တာတော်ကို သိမ်းပြီး+ ဧဗနေဇာအရပ်ကနေ အာဇုတ်မြို့ဆီ သယ်သွားကြတယ်။ ၂  သေတ္တာတော်ကို ဒါဂုန်ဘုရားကျောင်းထဲ ယူသွားပြီး ဒါဂုန်ရုပ်တုဘေးမှာ ထားလိုက်တယ်။+ ၃  နောက်တစ်နေ့ မနက်စောစော ရောက်တော့ ယေဟောဝါရဲ့ သေတ္တာတော်ရှေ့မှာ ဒါဂုန်ရုပ်တု မှောက်လျက်လဲနေတာကို အာဇုတ်မြို့သားတွေ တွေ့လိုက်ရတယ်။+ ဒါနဲ့ ဒါဂုန်ရုပ်တုကို သူ့နေရာမှာ ပြန်ထားကြတယ်။+ ၄  နောက်တစ်နေ့ မနက်မှာလည်း ဒါဂုန်ရုပ်တုဟာ ယေဟောဝါရဲ့ သေတ္တာတော်ရှေ့မှာ မှောက်လျက်လဲနေပြန်တယ်။ ရုပ်တုရဲ့ခေါင်းနဲ့ လက်ဖဝါးနှစ်ဖက်စလုံး ပြတ်ပြီး တံခါးခုံပေါ်မှာ တင်နေတယ်။ ငါးပုံသဏ္ဌာန် ကိုယ်ထည်ပဲ ကျန်ခဲ့တယ်။ ၅  ဒါကြောင့် အခုချိန်ထိ ဒါဂုန်ရဲ့ ပုရောဟိတ်တွေ၊ ဒါဂုန်ဘုရားကျောင်းထဲ ဝင်တဲ့သူတွေက အာဇုတ်မြို့မှာရှိတဲ့ ဒါဂုန်ဘုရားကျောင်းရဲ့ တံခါးခုံကို မနင်းဘဲ ကျော်သွားလေ့ရှိတယ်။ ၆  ယေဟောဝါက အာဇုတ်မြို့သားတွေကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်တယ်။ အာဇုတ်မြို့နဲ့ မြို့တစ်ဝိုက်က လူတွေကို လိပ်ခေါင်းရောဂါနဲ့ ဒဏ်ခတ်ပြီး ဖျက်ဆီးတယ်။+ ၇  ဒါကို အာဇုတ်မြို့သားတွေ မြင်တဲ့အခါ “အစ္စရေးတွေ ကိုးကွယ်တဲ့ ဘုရားက ငါတို့ကိုရော ငါတို့ရဲ့ဘုရား ဒါဂုန်ကိုပါ ပြင်းပြင်းထန်ထန် ဒဏ်ခတ်နေပြီ။ အဲဒီဘုရားရဲ့ သေတ္တာတော်ကို ဒီမြို့မှာ ဆက်ထားလို့ မဖြစ်ဘူး” ဆိုပြီး ပြောကြတယ်။ ၈  ဒါကြောင့် ဖိလိတိမင်းတွေကို လူလွှတ်ခေါ်ပြီး “အစ္စရေးတွေ ကိုးကွယ်တဲ့ ဘုရားရဲ့ သေတ္တာတော်ကို ဘယ်လိုလုပ်ရင် ကောင်းမလဲ” လို့မေးတယ်။ “အစ္စရေးတွေ ကိုးကွယ်တဲ့ ဘုရားရဲ့ သေတ္တာတော်ကို ဂါသမြို့ဆီ ပို့လိုက်”+ လို့ပြောတာနဲ့ သေတ္တာတော်ကို ဂါသမြို့ဆီ သယ်သွားကြတယ်။ ၉  ဂါသမြို့ကို သေတ္တာတော်ရောက်လာတော့လည်း ယေဟောဝါက အဲဒီမြို့ကို ဒဏ်ခတ်တဲ့အတွက် အကြီးအကျယ် ထိတ်လန့်ကုန်တယ်။ မြို့သူမြို့သား အကြီးအငယ်အားလုံးကို ဒဏ်ခတ်တဲ့အတွက် သူတို့မှာ လိပ်ခေါင်းရောဂါ ဖြစ်လာတယ်။+ ၁၀  ဒါကြောင့် သူတို့က သေတ္တာတော်ကို ဧကြုန်မြို့ဆီ ပို့လိုက်တယ်။+ ဧကြုန်မြို့မှာ သေတ္တာတော် ရောက်လာတာနဲ့ မြို့သားတွေက “အစ္စရေးတို့ဘုရားသခင်ရဲ့ သေတ္တာတော်ကို သယ်လာပြီ။ ငါတို့ရော ငါတို့လူတွေပါ သေကုန်တော့မှာပဲ”+ လို့အော်ကြတယ်။ ၁၁  ဒါနဲ့ ဖိလိတိမင်းတွေကို လူလွှတ်ခေါ်ပြီး “အစ္စရေးတို့ဘုရားသခင်ရဲ့ သေတ္တာတော်ကို နဂိုနေရာကိုပဲ ပြန်ပို့လိုက်။ မပို့ရင် ငါတို့ရော ငါတို့လူတွေပါ သေကုန်လိမ့်မယ်” လို့ပြောကြတယ်။ ဘုရားသခင် ပြင်းပြင်းထန်ထန် ဒဏ်ခတ်တဲ့အတွက် တစ်မြို့လုံး သေရမှာကြောက်ပြီး တုန်လှုပ်နေတယ်။+ ၁၂  မသေဘဲကျန်ရစ်သူတွေက လိပ်ခေါင်းရောဂါ ခံစားနေရတော့ မြို့သားတွေရဲ့ အော်ဟစ်အကူအညီတောင်းသံဟာ ကောင်းကင်အထိ ရောက်တယ်။

အောက်ခြေမှတ်ချက်များ