၁ သက်သာလောနိတ် ၁:၁-၁၀

  • နှုတ်​ခွန်း​ဆက်​စ​ကား ()

  • သက်သာ​လောနိတ်​မြို့​သား​များ​ရဲ့​ယုံ​ကြည်​ခြင်း​အတွက် ကျေးဇူးတင် (၂-၁၀)

 ပေါ​လု၊ သိ​လွာ​နု၊*+ တိမောသေ​တို့​က+  အဖဘု​ရား​သခင်​နဲ့​ရော သခင်​ယေရှု​ခ​ရစ်​နဲ့​ပါ  တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​နေ​တဲ့ သက်သာ​လောနိတ် အသင်း​တော်​ဆီ စာ​ရေး​လိုက်​ပါ​တယ်။ မဟာ​က​ရု​ဏာ​နဲ့ ငြိမ်​သက်​ခြင်း​ကို ခင်ဗျား​တို့ ခံ​စား​ရ​ပါ​စေ။ ၂  ခင်​ဗျား​တို့​အား​လုံး​အတွက် ဆု​တောင်း​ပေး​တဲ့​အခါ​တိုင်း ဘု​ရား​သခင်​ကို ကျွန်​တော်​တို့ ကျေး​ဇူး​တင်​ချီး​မွမ်း​မိ​တယ်။+ ၃  အဖဘု​ရား​သခင်​ရှေ့​မှာ ခင်​ဗျား​တို့ သစ္စာ​ရှိ​ရှိ လုပ်​ဆောင်​ခဲ့​တာ၊ မေတ္တာ​ပါ​ပါ ကြိုး​စား​အား​ထုတ်​ခဲ့​တာ၊ သခင်​ယေရှု​ခ​ရစ်​ကို မျှော်​လင့်​တဲ့​စိတ်​ကြောင့်+ ခံ​နိုင်​ရည်​ပြခဲ့​တာ​တွေ​ကို ကျွန်​တော်​တို့ အမြဲအမှတ်​ရ​နေ​ပါ​တယ်။ ၄  ဘု​ရား​သခင် ချစ်မြတ်​နိုး​တဲ့ ညီ​အစ်​ကို​တို့၊ ခင်​ဗျား​တို့​ကို ဘု​ရား​သခင် ရွေး​ချယ်​ထား​မှန်း ကျွန်​တော်​တို့ သိ​တယ်။ ၅  ခင်​ဗျား​တို့​ဆီ သတင်း​ကောင်း လာ​ဟော​တုန်း​က ကျွန်​တော်​တို့ ဟော​ရုံ​ဟော​ခဲ့​တာ​မှ မဟုတ်​တာ။ သန့်​ရှင်း​သော စွမ်း​အား​တော်ရဲ့ အကူ​အညီ​နဲ့၊ ခိုင်​မာ​တဲ့ ယုံ​ကြည်​စိတ်​ချ​မှု​နဲ့ ဟော​ခဲ့​တဲ့​အတွက် ခင်​ဗျား​တို့​အပေါ် အများ​ကြီး အကျိုး​သက်​ရောက်ခဲ့​တယ်။ ခင်​ဗျား​တို့​အကျိုး​အတွက် ကျွန်​တော်​တို့ ဘယ်​လို​လုပ်​ဆောင်​ခဲ့​မှန်း ခင်​ဗျား​တို့ အသိ​ပါ။ ၆  ဆင်း​ရဲ​ဒုက္ခတွေ  အများ​ကြီး​ကြုံ​ရ​ပေမဲ့+ ခင်​ဗျား​တို့​ဟာ တ​ရား​စ​ကား​ကို လက်​ခံ​ခဲ့​တယ်။ သန့်​ရှင်း​သော စွမ်း​အား​တော်​ကြောင့် ရွှင်​လန်း​နိုင်​ခဲ့​တယ်။ ကျွန်​တော်​တို့​ကို​ရော သခင့်​ကို​ပါ အတု​ယူ​ကြ​တယ်။+ ၇  ဒါ​ကြောင့် မက်​ဆီ​ဒိုး​နီး​ယား​ပြည်​နဲ့ အခါ​ယ​ပြည်​မှာ​ရှိ​တဲ့ ယုံ​ကြည်​သူ​အား​လုံး​အတွက် ခင်​ဗျား​တို့​ဟာ စံ​န​မူ​နာ​ပါ​ပဲ။ ၈  ခင်​ဗျား​တို့​ကြောင့် မက်​ဆီ​ဒိုး​နီး​ယား​ပြည်​နဲ့  အခါ​ယ​ပြည်​မှာ  ယေဟောဝါ​ရဲ့* တ​ရား​စ​ကား ပျံ့​နှံ့​သွား​တယ်။ ဒါ​တင်​မက​ဘူး၊ ဘု​ရား​သခင်​ကို ခင်​ဗျား​တို့ ဘယ်​လောက်​ယုံ​ကြည်​တယ်​ဆို​တဲ့ သတင်း​ကို​လည်း နေ​ရာ​တ​ကာ​မှာ ပြော​နေ​ကြ​တော့+ ကျွန်​တော်​တို့ ထပ်​ပြော​ပြစ​ရာ မလို​တော့​တဲ့ အထိ​ပါ​ပဲ။ ၉  ကျွန်​တော်​တို့​နဲ့ ဘယ်​လို စတင်​သိ​ရှိ​ခဲ့​တဲ့​အကြောင်း၊ အသက်​ရှင်​ပြီး စစ်​မှန်​တဲ့ ဘု​ရား​သခင်​ဆီ​မှာ အစေ​ခံ​ဖို့ ရုပ်​တု​ကိုး​ကွယ်​တာ​ကို ခင်​ဗျား​တို့ စွန့်​လွှတ်​ပြီး​နောက်+ ဘု​ရား​သခင်​ဆီ ပြောင်း​လဲ​ခဲ့​တဲ့​အကြောင်း သူ​တို့ တစ်​ချိန်​လုံး ပြော​ပြနေ​ကြ​တာ။ ၁၀  ကောင်း​ကင်​က​နေ​လာ​မယ့် သား​တော်​ယေရှု​ကို စောင့်​မျှော်​ဖို့+ ဘု​ရား​သခင်​ဆီ ခင်​ဗျား​တို့ ပြောင်း​လဲ​လာခဲ့​တဲ့ အကြောင်း​လည်း ပါ​တာ​ပေါ့။ အဲ​ဒီ​သား​တော်​ဟာ သေရာ​က​နေ ဘု​ရား​သခင် အသက်​ပြန်​ရှင်​စေ​သူ၊ ကျ​ရောက်​တော့​မယ့် အမျက်​တော်​က​နေ ကျွန်​တော်​တို့​ကို ကယ်​တင်​တဲ့​သူ​ပဲ။+

အောက်ခြေမှတ်ချက်များ

သိ​လ။