၁ သက်သာလောနိတ် ၂:၁-၂၀

  • သက်သာ​လောနိတ်​မြို့​မှာ ပေါ​လု​ရဲ့ အမှု​ဆောင်​လုပ်​ငန်း (၁-၁၂)

  • သက်သာ​လောနိတ်​မြို့​သား​တွေ တ​ရား​စ​ကား​ကို လက်​ခံ​ကြ (၁၃-၁၆)

  • သက်သာ​လောနိတ်​မြို့​သား​တွေ​ကို ပေါ​လု​တွေ့​ချင်လှ (၁၇-၂၀)

 ညီအစ်​ကို​တို့၊ ခင်​ဗျား​တို့​ဆီ ကျွန်​တော်​တို့ လည်​ပတ်​ခဲ့​တာ အကျိုး​မဲ့​မဖြစ်​မှန်း ခင်​ဗျား​တို့ ကောင်း​ကောင်း​သိ​ပါ​တယ်။+ ၂  အရင်​ဆုံး၊ ဖိ​လိပ္ပိ​မြို့​မှာ+ ကျွန်​တော်​တို့ ဒုက္ခရောက်ခဲ့​တာ၊ ရိုင်း​ရိုင်း​စိုင်း​စိုင်း ဆက်​ဆံ​ခံ​ခဲ့ရ​တာ ခင်​ဗျား​တို့ အသိ​ပါ​ပဲ။ ဒါ​ပေမဲ့ ဆန့်​ကျင်​မှု​တွေ  အများ​ကြီး​ကြုံ​ရ​တဲ့​ကြား​က* ဘုရား​သခင့်​အကူ​အညီ​နဲ့ သတ္တိ​မွေး​ပြီး ခင်​ဗျား​တို့​ကို သတင်း​ကောင်း ဟော​ပြော​ခဲ့​တယ်။+ ၃  ခင်​ဗျား​တို့​ကို တိုက်​တွန်း​နှိုးဆော်​တာ​တွေ​ဟာ မဟုတ်​မမှန် ပြော​နေ​တာ၊ မကောင်း​တဲ့​စိတ်​နဲ့ ပြော​နေ​တာ မဟုတ်​ဘူး။ ခင်​ဗျား​တို့​ကို လှည့်​စား​နေ​တာ​လည်း မဟုတ်​ဘူး။ ၄  သတင်း​ကောင်း​ဟော​ပြော​တဲ့ တာ​ဝန်​ကို ရ​ထိုက်​သူ​အဖြစ် ဘု​ရား​သခင် ယူ​မှတ်​ထား​တဲ့​အတွက် ကျွန်​တော်​တို့​က သတင်း​ကောင်း​ဟော​တဲ့​အခါ လူ​တွေရဲ့ နှစ်​သက်​မှု​ရ​ဖို့ မဟုတ်​ဘဲ စိတ်​နှ​လုံး​ကို​စစ်​ဆေး​တဲ့ ဘု​ရား​သခင်​ရဲ့+ နှစ်​သက်​မှု​ကို ရ​ဖို့​ပဲ ကြိုး​စား​တယ်။ ၅  မြှောက်​ပင့်​ပြီး  ပြော​တာ​မျိုး၊ လော​ဘ​စိတ်​ကို+  ဖုံး​ကွယ်​ပြီး  ဟန်​ဆောင်​ခဲ့​တာ​မျိုး ကျွန်​တော်​တို့ တစ်​ခါ​မှ မလုပ်​ခဲ့​ဘူး​ဆို​တာ  ခင်​ဗျား​တို့​ရော ဘုရား​သခင်​ပါ သိ​တယ်။ ၆  ခ​ရစ်​တော်ရဲ့ တမန်​တော်တွေ​အနေ​နဲ့ ကျွန်​တော်​တို့​ဟာ  ခင်​ဗျား​တို့​ကို  အကြီး​အကျယ် ဝန်​ပိ​အောင် လုပ်​လို့ရ​သား​ပဲ။+ ဒါ​ပေမဲ့ ခင်ဗျား​တို့​ရဲ့ အချီး​အမွမ်း​ကို ခံရ​ဖို့၊ တခြား​သူ​တွေရဲ့ အချီး​အမွမ်း​ကို ခံ​ရ​ဖို့ တစ်​ခါ​မှ မကြိုး​စား​ခဲ့​ဘူး။ ၇  အဲ​ဒီ​အစားနို့​တိုက်​မိ​ခင်​ကရင်​သွေး​ကို တယု​တ​ယ ပြု​စု​သလို ကျွန်​တော်​တို့​လည်း ခင်ဗျား​တို့​ကို တ​ယု​တ​ယ ဆက်​ဆံ​ခဲ့​တယ်။ ၈  ခင်​ဗျား​တို့​ကို ချစ်​ခင်မြတ်​နိုး​လွန်း​လို့ဘု​ရား​သခင်​ရဲ့သတင်း​ကောင်း​ကို ဝေ​မျှ​ဖို့​သာ​မက အသက်​ကို​ပေး​ဖို့​တောင် အသင့်​ပါ​ပဲ။+ ခင်​ဗျား​တို့​ဟာ ကျွန်​တော်​တို့ ချစ်မြတ်​နိုး​ရ​သူ​တွေ ဖြစ်​လာလို့​ပါ။+ ၉  ညီ​အစ်​ကို​တို့၊ ကျွန်​တော်​တို့ ဘယ်​လောက်​တောင် ပင်​ပင်​ပန်း​ပန်း​ကြိုး​စား​ခဲ့​မှန်း ခင်​ဗျား​တို့ ကောင်း​ကောင်း အမှတ်​ရ​ကြ​မှာ​ပါ။ ဘု​ရား​သခင်​ရဲ့ သတင်း​ကောင်း​ကို ဟော​ပြော​တုန်း​က ဘယ်​သူ့​ကို​မှ ဝန်မပိ​စေ​ချင်​လို့ နေ့​နေ့​ည​ည အလုပ်​လုပ်​ခဲ့​တယ်။+ ၁၀  ယုံ​ကြည်​သူ ခင်​ဗျား​တို့​အပေါ် ကျွန်​တော်​တို့ ဘယ်​လောက်​တောင်  သစ္စာ​စောင့်​သိ​ခဲ့​တယ်၊  ရိုး​သား​ဖြောင့်​မှန်​ခဲ့​တယ်၊ အပြစ်​ပြော​စ​ရာ​မရှိ​အောင် နေ​ခဲ့​တယ်​ဆို​တာ ခင်​ဗျား​တို့​သာ​မက  ဘု​ရား​သခင်​လည်း  သက်​သေရှိ​ပါ​တယ်။ ၁၁  ဖခင်​က+  သား​သမီး​တွေ​ကို ဆက်​ဆံ​သလို​မျိုး အား​လုံး​ကို ကျွန်​တော်​တို့ အမြဲတိုက်​တွန်း​ခဲ့​တာ၊ အား​ပေး​နှစ်​သိမ့်​ခဲ့​တာ၊ နှိုးဆော်ခဲ့​တာ ခင်ဗျား​တို့​အသိ​ပါ။+ ၁၂  ဘု​ရား​သခင်​နှစ်​သက်​တဲ့ လမ်း​စဉ်​အတိုင်း ခင်ဗျား​တို့​ကို အသက်​ရှင်​စေ​ချင်​လို့​ပါ။+ ဘုရား​သခင်​က ခင်ဗျား​တို့​ကို နိုင်​ငံ​တော်​ဝင်​ခွင့်၊+ ဘုန်း​အသရေ​ခံ​စား​ခွင့်+ ပေး​ဖို့ ရွေး​ချယ်​ထား​ပြီ။ ၁၃  ခင်​ဗျား​တို့​က  ဘု​ရား​သခင်​ရဲ့ တရား​စ​ကား​ကို  ကျွန်​တော်​တို့​ဆီ​က​နေ  ကြား​သိ​ရ​တဲ့​အခါ လူ​တွေရဲ့​စ​ကား​လို့ သဘော​မထား​ဘဲ ဘု​ရား​သခင်​ရဲ့ တရား​စ​ကား​လို့ သဘော​ထား​ပြီး လက်​ခံ​ခဲ့​တယ်။ တ​ကယ်​လည်း ဘု​ရား​သခင်​ရဲ့ တရား​စ​ကား​ပါ​ပဲ။ အဲ​ဒီ​တ​ရား​စ​ကား​ဟာ ယုံ​ကြည်​သူ ခင်​ဗျား​တို့​ရဲ့ ရင်​ထဲ​အထိ အကျိုး​သက်​ရောက်ခဲ့လို့ ဘု​ရား​သခင်​ရဲ့ ကျေး​ဇူး​တော်​ကို အမြဲချီး​မွမ်း​တယ်။+ ၁၄  ညီ​အစ်​ကို​တို့၊ ခရစ်​တော်​ယေရှု​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​တဲ့ ယုဒ​ပြည်​က  အသင်း​တော်တွေ​ကို​လည်း  ခင်ဗျား​တို့  အတု​ယူ​နေ​တာ​ပဲ။  ဂျူး​တွေရဲ့ လက်​ချက်​ကြောင့် သူ​တို့ ဆင်း​ရဲ​ဒုက္ခ​ခံ​ခဲ့ရ​သလို ခင်​ဗျား​တို့​လည်း တစ်​မြို့​တည်း​သား​တွေရဲ့ လက်​ချက်​ကြောင့်  ဆင်း​ရဲ​ဒုက္ခ​ခံ​ခဲ့ရ​တယ်။+ ၁၅  ဂျူး​တွေ​က ပရော​ဖက်​တွေ​ကို​သာ​မက သခင်​ယေရှု​ကို​တောင် ကွပ်​မျက်​ခဲ့​သလို+ ကျွန်​တော်​တို့​ကို​လည်း ညှဉ်း​ဆဲ​တယ်။+ ဘု​ရား​သခင် နှစ်​သက်​တာ​ကို မလုပ်​တဲ့​အပြင် လူ​တွေ​ကို​လည်း အကျိုး​ပျက်​အောင် လုပ်​တယ်။ ၁၆  လူ​မျိုး​ခြား​တွေ ကယ်​တင်​ခံ​ရ​ဖို့ ကျွန်​တော်​တို့ ဟော​ပြော​နေ​တာ​ကို​လည်း သူ​တို့​ပိတ်​ပင်​တယ်။+ သူ​တို့​ရဲ့​အပြစ်​တွေ များ​သည်​ထက် များ​လာ​ပြီ။ နောက်​ဆုံး​မှာ အမျက်​တော်​ကို ခံ​ရ​ဖို့​ပဲ ရှိ​တော့​တယ်။+ ၁၇  ညီ​အစ်​ကို​တို့၊ ခင်​ဗျား​တို့​နဲ့ တစ်​ခဏ​တာ ခွဲ​ခွာ​နေ​ရ​ပေမဲ့ စိတ်​က​တော့ ခင်​ဗျား​တို့​ဆီ ရောက်​နေ​တယ်။ ခင်ဗျား​တို့​နဲ့  တွေ့​ချင်​လွန်း​လို့  တွေ့ ​ခွင့်​ရ​ဖို့ အစွမ်း​ကုန် ကြိုး​စား​ခဲ့​တယ်။ ၁၈  ခင်​ဗျား​တို့​ဆီ  လာ​ချင်​လို့   နှစ်​ကြိမ်​တောင် ကျွန်တော်​ကြိုး​စား​ခဲ့​ပေမဲ့  စာ​တန် တားဆီး​ခဲ့​တယ်။ ၁၉  သခင်​ယေရှု​ ရောက်​ရှိ​လာ​တဲ့​အခါ သခင့်​ရှေ့​မှာ ကျွန်​တော်​တို့ရဲ့ မျှော်​လင့်​ချက်၊ ရွှင်​လန်း​မှု၊ ဂုဏ်​ယူစရာ သရ​ဖူ​ဆို​လို့ ဘာ​များ​ရှိ​လို့လဲ။  ခင်ဗျား​တို့​ပဲ  မဟုတ်​လား။+ ၂၀  ခင်ဗျား​တို့​ဟာ တ​ကယ်​ပဲ ကျွန်​တော်​တို့ ဂုဏ်​ယူ​စ​ရာ၊ ရွှင်​လန်း​စ​ရာ​ပါ​ပဲ။

အောက်ခြေမှတ်ချက်များ

“ခက်​ခက်​ခဲ​ခဲ ကြိုး​စား​နေ​ရ​တဲ့​ကြား​က” လည်း​ဖြစ်​နိုင်။